နောက်တစ်ပတ်​ သောကြာနေ့မှာ ကြည့်ရှု့ခွင့်​ရတော့မယ့် အောင်လနဲ့ စိန်ခေါ်သူ Reinier တို့ရဲ့ပွဲကြီးပွဲ​ကောင်း​လေး
ဘရာဇီးတိုက်ခိုက်ရေးသမား ကိုအနိုင်ယူနိုင်ခဲ့တဲ့ ဒတ်ခ်ျလူမျိုးတိုက်ခိုက်ရေးသမား Reinier က မြန်မာ့အချစ်တော်မြန်မာစပါးအုံးကြီး အောင်လအန်ဆန်းရဲ့ One မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပက်ကိုလုယူဖို့ စိန်ခေါ်ခဲ့တာအားလုံးလဲ
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ဘရာဇီးတိုက်ခိုက်ရေးသမား ကိုအနိုင်ယူနိုင်ခဲ့တဲ့ ဒတ်ချ်လူမျိုးတိုက်ခိုက်ရေးသမား Reinier က မြန်မာ့အချစ်တော်မြန်မာစပါးအုံးကြီး အောင်လအန်ဆန်းရဲ့ One မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပက်ကိုလုယူဖို့ စိန်ခေါ်ခဲ့တာအားလုံးလဲ
သိရှိပြီးသားဖြစ်မှာပါနော်။ အခုလာမယ့်သောကြာနေ့မှာတော့ စိန်ခေါ်သူ Reinier နဲ့ မြန်မာ့စပါးအုံးကြီးတို့ စင်္ကါပူနိုင်ငံမှာထိုးသတ်ကြတော့မှာပါနော်။Reinier က “အောင်လ မင်းအဆင်သင့်ပဲလား ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်
ရွေးလိုက်စမ်းပါ ပြောင်ပြောင်လက်လက်ခါးပက်ကိုတော့ သေချာသိမ်းထားပါ ငါလာယူမှာမို့လိုပါ “ဆိုပြီ စင်ပေါ်ကနေ စိန်ခေါ်ခဲ့တာကို အောင်လကပြန်လည်လက္ခံပြီး အခုဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ပွဲကြည့်ရတော့မှာ
သေချာသွာသခဲ့ပါပြီနော်။ အောင်လကလည်း “ကျွန်တော့ရဲ့ ချန်ပီယံခါးပက်ကို စိန်ခေါ်နိုင်ဖို့အတွက် ယှဉ်ပြိုင်ထိုးသတ်ရတဲ့ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Reinier ကို ဂုဏ်ပြုပါတယ်။ သိပ်ကြာခင်အချိန်အတွင်းမှာ ချန်ပီယံခါးပက်အတွက်
ကြိုးဝိုင်းမှာ ထိုးသတ်ကြရဖို့ကိုမျှော်လင့်နေပါတယ်” လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြောဆိုတုန့်ပြန်ခဲ့တာပါနော်။ Reinier က အသက် (၃၀) ရှိပြီး အရပ်က ၆ပေ ၄လက္မ ဖြစ်ကာ ကိုယ်အလေးချိန် ၁၈၅ပေါင်ဖြစ်ပါတယ်။
One Championship မှာထိုးသတ်ထားခဲ့တဲ့ ၁၂ပွဲစလုံး ရှုံးပွဲမရှိသေးပါဘူး။ အောင်လကတော့ အသက် (၃၄)နှစ်ရှိပြီး အရပ်က ၆ပေ ၁လက္မရှိကာ မစ်ဒယ်ဝိတ်နဲ့လိုက်ဟဲဗီးဝိတ်မှာ ချန်ပီယံခါးပတ်ကိုသိမ်းပိုက်ထားသူပါ။
နောက်ဆုံးထိုးသတ်ထားတဲ့ (၇)ပွဲစလုံး ရှုံးပွဲလုံးဝမရှိထားသူဖြစ်ပါတယ်။ ဒီလ (၃၀)ရက်နေ့မှာတော့ Singapore မှာထိုးသတ်ကြတော့မှာဖြစ်ပါတယ်။Reinierက အောင်လထပ်အရပ်အမောင်းသာလွန်ပေမယ့် ပါဝါနဲ့ကြံ့ခိုင်မှုကတော့
ကျွန်တော်တို့ရဲ့အချစ်တော် မြန်မာ့စပါးအုံးကြီးက အများကြီးကိုသာလွန်နေတာပါ။ အထသေးလို့မရပေမယ့် ဒီပွဲကအောင်လအတွက်လုံးဝ စိတ်ပူစရာမရှိတဲ့ပွဲပါ။ ပထမအချီတတောင် ပွဲသိမ်းသွားနိုင်ပါတယ် အလွန်ဆုံးထိုးရမှ ဒုတိယအချီပါပဲ။ အောင်လနိုင်ကိုနိုင်ရမယ်။ ခရက်ဒစ်