ငါတို့အိမ်လေးရဲရဲနီ ပြည်သူချစ်တဲ့ NLD ဆို​သောပြိုင်ပွဲမှာ ပထမဆုကို ထိုက်တန်စွာ​​ရရှိခဲ့တဲ့ အဆို​တော်​မ​လေး ငွေဇင်လှိုင်းတို့ရဲ့အိမ်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
မြန်မာအိုင်ဒေါ Season-3 ပြိုင်ပွဲကနေတဆင့် ပရိသတ်အချစ်ကိုသိမ်းပိုက်ခဲ့တဲ့ ငွေဇင်လှိုင်းကတော့ တမူးသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေလုပ်ဖို့အတွက် ရန်ကုန်မှာအများဆုံးနေထိုင်လေ့ရှိပေမယ့်လည်း
ရံဖန်ရံခါ မွေးရပ်မြေဇာတိမြို့လေးကိုပြန်ကာ အလွမ်းသယ်လေ့ရှိသူပါ။ လွန်ခဲ့တဲ့ရက်ပိုင်းကတမူးမြို့ကအိမ်လေးနဲ့ ငါတို့အိမ်လေးရဲရဲနီ ပြည်သူချစ်တဲ့ NLD ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ငွေဇင်လှိုင်းကတော့ ဒီနေ့မှာ ပရိသတ်ကြီးအတွက်
သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ လတ်တလောကာလကတော့ (၂၀၂၀) ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလလည်း ဖြစ်တာကြောင့် နိုင်ငံသားတိုင်း ကိုယ်ယုံကြည်ရာပါတီကို လွတ်လပ်စွာမဲဆွယ်ခွင့်ရှိသလို
အိမ်တော်တော်များများရဲ့အရှေ့မှာလည်း ကိုယ်ယုံကြည်ရာပါတီရဲ့ အလံအသီးသီးကို စိုက်ထူထားတာကိုတွေ့ရမှာပါ။ ငွေဇင်လှိုင်းတို့မိသားစုကတော့ NLD ပါတီကိုလက်ခံယုံကြည်သူတွေဖြစ်တာကြောင့်အမေစုပုံတွေ၊ NLD အလံတွေနဲ့
တစ်အိမ်လုံးကို အလှဆင်ထားခဲ့ပြီး ဒီပြိုင်ပွဲလေးကို ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ ငွေဇင်လှိုင်းကတော့ ဆန်ခါတင်အဆင့်မှာပါလာကတည်းက ဆုရရ၊ မရရ ဝမ်းသာကြည်နူးစွာမျှဝေခဲ့သူဖြစ်ပြီး မနေ့က ဖိုင်နယ်အဆင့်ရွေးချယ်ပွဲမှာတော့
ပထမဆုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ပရိသတ်ကြီးရေ နောက်ဆုံးအဆင့်ရွေးချယ်မှုကိုတော့ ပရိသတ်တွေရဲ့ လိုက်ခ်နဲ့ရီအက် ပေးတာနဲ့ရွေးချယ်ခဲ့တာဖြစ်ပြီး ငွေဇင်လှိုင်းတို့ အိမ်ကတော့
လိုက်ခ်(၇ထောင်၅ရာ) နဲ့အနိုင်ရရှိသွားခဲ့တာမို့ အားလုံးရဲ့အချစ်တွေနဲ့ ပထမဆု ရခဲ့ပြီဖြစ်ကြောင်း ငွေဇင်လှိုင်းကတော့ ဝမ်းသာဂုဏ်ယူစွာနဲ့မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ခရက်ဒစ်