နေကာမျက်မှန်ကြီးတွေနဲ့ဂိုက်​​ပေးကြမ်းပြီး တစ်ယောက်တစ်ပေါက်စီ သီချင်းအော်ဆို​နေကြတဲ့သူတို့ရဲ့ အပျော်တွေကိုမျှဝေလာတဲ့မြင့်မြတ်၊ ထူးခြားနဲ့ K ညီ (ရုပ်​သံ)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
မင်းသားချော မြင့်မြတ်ကတော့ဇာတ်ရုပ်မျိုးစုံမှာ စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်နိုင်တာ ကြောင့် တစ်နိုင်ငံလုံးကပရိသတ်အားပေးမှုကို အများဆုံးရရှိထားတဲ့
ထိပ်တန်းမင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ မြင့်မြတ်က လက်ရှိမှာတော့ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားထားပြီး သူ့ရဲ့ မိသားစုလေးနဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့သာ
အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က လူမှုကွန်ယက်တွေကို အသုံးမပြုပေမယ့်သူ့ရဲ့မန်နေဂျာနဲ့ သူ့ရဲ့အပေါင်းအသင်းရောင်းရင်းတွေမှတဆင့် သူ့ရဲ့လတ်တလောလှုပ်ရှားမှုတွေကို
သိရလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မြင့်မြတ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ် အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ထူးခြားနဲ့ K ညီတို့နဲ့အတူတူ
သောက်စားပျော်ပါးနေတာကိုတွေ့ရပါတယ်။ မြင့်မြတ်တို့သူငယ်ချင်းတွေက သောက်သောက်စားစားရှိနေတာကြောင့် အကုန်လုံးပျော်နေကြပြီး တစ်ယောက်တစ်ပေါက်စီ
သီချင်းအော်ဆိုနေကြတာကို အခုလိုပဲတွေ့ရပါတယ်။ မြင့်မြတ်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာသူ့ကိုယ်သူ မင်းသားဆိုတာကို မေ့ထားပြီးစိတ်လွတ်လက်လွတ်နေထိုင်နေတာပဲ
ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။
ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်