ငါးမည်​ရ​သောမြို့မှ ပိုးတွေ့ လူနာ ၂ နှစ်သားကလေးလေးတဲ့ဗျာ ဒီလိုမြင်ကွင်းမျိုး တွေ့ရပြန်ပြီ
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ အောက်တိုဘာ ၁၈ ညပိုင်းကကိုဗစ်ပိုးတွေ့လူနာ ၅ ဦး တွေ့ရှိခဲ့ပြီး ၂ နှစ်အရွယ်ကလေးတစ်ဦးပါဝင်နေတယ်လို့ ရွှေဘိုတက္ကသိုလ် ကွာရန်တင်းစင်တာ တာဝန်ရှိသူ ဦးစိုးမြင့်အောင်ကပြောပါတယ်။
ပိုးတွေ့လူနာ ယာဉ်မောင်းတစ်ဦးနဲ့ထိတွေ့ခဲ့သူတွေကို သတ်မှတ်နေရာမှာအသွားအလာ ကန့်သတ်ထားရှိပြီး အောက်တိုဘာ ၁၆ ရက်ကစုစုပေါင်း ၄၅ ဦးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ၅ ဦးမှာပိုးတွေ့ရှိခဲ့တာလို့
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ပိုးတွေ့လူနာတွေအထဲက ၂ နှစ်အရွယ် ကလေးမှာ
အခုအချိန်ထိ ကျန်းမာရေးကောင်မွန်နေပြီး ကလေးရောမိခင်ပါ ကွာရန်တင်းစင်တာကနေ ရွှေဘိုသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ယာယီဆေးရုံမှာ ပြောင်းရွှေ့ဆေးကုသမှုခံယူနေ တယ်လို့ ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။
ရွှေဘိုမှာ ကိုဗစ်အတည်ပြုလူနာ ၁၈ ဦးရှိပြီး ၁၀ ဦးက ဆေးရုံမှဆင်းသွားပြီဖြစ်ပြီး အခု ပိုးတွေ့လူနာတွေ အားလုံးကိုသူနာပြုနှင့်သားဖွား သင်တန်းကျောင်း ယာယီဆေးရုံသို့ ပြောင်းရွေ့ကုသမှု ပေးနေပါတယ်။ ခရက်ဒစ်