​ေျပာင္​းဖူးျပဳတ္​ပူပူ​ေလးလုိ႔ ဒီအဖြားရဲ႕​ေအာ္​သံမ်ားၾကားမိခဲ့ၾကရင္​ ကိုယ့္အတြက္ မလိုအပ္ရင္ေတာင္မွ ဝယ္​ယူအားေပးၾကပါ​ေနာ္

အသက္ ၇၅ ႏွစ္အရြယ္ရွိတဲ့ အဖြားတစ္ေယာက္ရဲ့ သနားစရာဘဝေလး။ “အဖြားေဒၚခင္ျမင့္ရဲ့ ေျပာင္းဖူးျပဳတ္ပူပူေလးလို့ ေအာ္သံမ်ားၾကားခဲ့ရင္လွမ္းေခၚေပးပါ ” အဖြားနာမည္က ေဒၚခင္ျမင့္ပါ။ ေျမာက္ဒဂုံ ၄၉ရပ္ကြက္ စိန္ပန္းၿမိဳင္လမ္းမွာေနထိုင္ပါတယ္။ အဖြားေဒၚခင္ျမင့္ဆိုရင္

လူတိုင္းသိေတာ့ အဖြားဟာခ်စ္ခင္သူလည္းမ်ားပါတယ္။ အဖြားရဲ့အသက္က၇၅ႏွစ္ရွိၿပီဆိုေတာ့မတ္တပ္ရပ္လိုက္ရင္ ခႏၶာကိုယ္ကခပ္ကိုင္းကိုင္းေပါ့။ အဖြားဟာ ေန႔စဥ္ဝမ္းစာကို ေနပူပူမွာကန္စြန္းဥျပဳတ္၊ ေျပာင္ဖူးျပဳတ္ေရာင္းရင္း ဘဝကိုျဖတ္သန္းေနသူပါ။ အဖြားအတြက္ေတာ့

ကိုဗစ္ကိုဂ႐ုမစိုက္အား ေျပာင္းဖူးေတြေရာင္းကုန္ဖို့က အေရးႀကီးေလေတာ့ ဇလုံေလးကိုေခါင္းေပၚတင္ရင္း ရပ္ကြက္ေတြကိုပတ္ေရာင္းေနရရွာပါတယ္။ ဇရာေၾကာင့္ အဖြားရဲ့ခႏၲာကိုယ္ဟာ ပါးလ်ပ္လို့ေနၿပီ။ လမ္းေလၽွာက္ပါမ်ားတဲ့အခါ ေမာလာလို့ ခနေလးနားေနမက်ခင္မွာ

ေျပာင္းဖူးေတြေရာင္းကုန္ဖို့ ဆက္ေလၽွာက္ရရွာ ေပါ့။ ​ေလာကဓံဟာ အဖြားအတြက္ေတာ့သိပ္ကိုၾကမ္းပါတယ္။ တကယ္လို့မ်ားက်န္းမာေရး မွတ္တိုင္အနီး ရပ္ကြက္ေတြမွာမ်ား အဖြား ေဒၚခင္ျမင့္ရဲ့ ေျပာင္းဖူးျပဳတ္ပူပူေလး၊ ကန္းစြန္းဥျပဳတ္ပူပူေလးဆိုတဲ့ေအာ္သံမ်ားၾကားမိခဲ့ရင္

ဝယ္ယူအားေပးေစခ်င္ပါတယ္။ အဖြားနဲ႔စကားေျပာၾကည့္ေတာ့ ေလျဖတ္ထားတဲ့သားနဲ႔ ေခါင္းမေကာင္း ဝတ္လစ္စလစ္သားေတြကို အိုႀကီးအိုမ ဒီအဖြားက ေနပူကိုအံတု မိုးရြာလည္းဂ႐ုမစိုက္အားပဲ ေျပာင္းဖူးျပဳပ္ ကန္ဇြန္းဥျပဳတ္​တုိ႔

စတဲ့ရာသီစာကို အရပ္တကာလွည့္ေရာင္းေနရတဲ့ ဘဝျဖစ္ေၾကာင္းသိရပါတယ္။ အားလုံးဘဲ အလွူရွင္အျမန္ဆုံးေပၚလာေအာင္ ဝိုင္းဝန္းၿပီးရွယ္ေပးၾကပါလို့ ေမတၱာရပ္ခံလိုက္ပါတယ္​။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

အသက် ၇၅ နှစ်အရွယ်ရှိတဲ့ အဖွားတစ်ယောက်ရဲ့ သနားစရာဘဝလေး။ “အဖွားဒေါ်ခင်မြင့်ရဲ့ ပြောင်းဖူးပြုတ်ပူပူလေးလို့ အော်သံများကြားခဲ့ရင်လှမ်းခေါ်ပေးပါ ” အဖွားနာမည်က ဒေါ်ခင်မြင့်ပါ။ မြောက်ဒဂုံ ၄၉ရပ်ကွက် စိန်ပန်းမြိုင်လမ်းမှာနေထိုင်ပါတယ်။ အဖွားဒေါ်ခင်မြင့်ဆိုရင်

လူတိုင်းသိတော့ အဖွားဟာချစ်ခင်သူလည်းများပါတယ်။ အဖွားရဲ့အသက်က၇၅နှစ်ရှိပြီဆိုတော့မတ်တပ်ရပ်လိုက်ရင် ခန္ဓာကိုယ်ကခပ်ကိုင်းကိုင်းပေါ့။ အဖွားဟာ နေ့စဉ်ဝမ်းစာကို နေပူပူမှာကန်စွန်းဥပြုတ်၊ ပြောင်ဖူးပြုတ်ရောင်းရင်း ဘဝကိုဖြတ်သန်းနေသူပါ။ အဖွားအတွက်တော့

ကိုဗစ်ကိုဂရုမစိုက်အား ပြောင်းဖူးတွေရောင်းကုန်ဖို့က အရေးကြီးလေတော့ ဇလုံလေးကိုခေါင်းပေါ်တင်ရင်း ရပ်ကွက်တွေကိုပတ်ရောင်းနေရရှာပါတယ်။ ဇရာကြောင့် အဖွားရဲ့ခန္တာကိုယ်ဟာ ပါးလျပ်လို့နေပြီ။ လမ်းလျှောက်ပါများတဲ့အခါ မောလာလို့ ခနလေးနားနေမကျခင်မှာ

ပြောင်းဖူးတွေရောင်းကုန်ဖို့ ဆက်လျှောက်ရရှာ ပေါ့။ လောကဓံဟာ အဖွားအတွက်တော့သိပ်ကိုကြမ်းပါတယ်။ တကယ်လို့များကျန်းမာရေး မှတ်တိုင်အနီး ရပ်ကွက်တွေမှာများ အဖွား ဒေါ်ခင်မြင့်ရဲ့ ပြောင်းဖူးပြုတ်ပူပူလေး၊ ကန်းစွန်းဥပြုတ်ပူပူလေးဆိုတဲ့အော်သံများကြားမိခဲ့ရင်

ဝယ်ယူအားပေးစေချင်ပါတယ်။ အဖွားနဲ့စကားပြောကြည့်တော့ လေဖြတ်ထားတဲ့သားနဲ့ ခေါင်းမကောင်း ဝတ်လစ်စလစ်သားတွေကို အိုကြီးအိုမ ဒီအဖွားက နေပူကိုအံတု မိုးရွာလည်းဂရုမစိုက်အားပဲ ပြောင်းဖူးပြုပ် ကန်ဇွန်းဥပြုတ်တို့

စတဲ့ရာသီစာကို အရပ်တကာလှည့်ရောင်းနေရတဲ့ ဘဝဖြစ်ကြောင်းသိရပါတယ်။ အားလုံးဘဲ အလှူရှင်အမြန်ဆုံးပေါ်လာအောင် ဝိုင်းဝန်းပြီးရှယ်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ခရက်ဒစ်