သူမကုိမတန္မရာ အႏုပညာေၾကးေတြေပးလာတဲ့အေပၚမွာ ပြင့္ပြင့္လင္းလင္းပဲ ေျပာၾကားလိုက္တဲ့ သ႐ုပ္ေဆာင္ ဆုလွိုင္ႏွင္း

တစ္ခ်ိန္ကအႏုပညာလာကမွာ နာမည္ရမင္းသမီးတစ္ဦးျဖစ္တဲ့ စုလွိုင္ႏွင္းကေတာ့ အခုလက္ရွိမွာ ကားရိုက္က်ဲေနတာေၾကာင့္ ပရိသတ္ေတြနဲ႕အနည္းငယ္ကင္းကြာေနတာျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး စုလွိုင္ႏွင္းကေတာ့ရရာေဈးနဲ႕မရိုက္ခ်င္တာ ေဈးႏွိမ္တာေတြေၾကာင့္

မရိုက္ျဖစ္တာပါလို႔ ေျပာျပထားပါတယ္။ ဇာတ္ ကားအရိုက္က်ဲတာနဲ႕ပတ္သတ္ၿပီး စုလွိုင္ႏွင္းကေတာ့ “ေလာေလာဆယ္က႐ုပ္ရွင္ကားႀကီးနဲ႕ ဇာတ္လမ္းတြဲပဲရွိေတာ့တာဆိုေတာ့ေလ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားက ဗီဒီယိုကားေတြရွိေနေတာ့ စားဝတ္ေနေရးအကုန္

အဆင္ေျပၾကတာေလအခုဗီဒီယိုေခတ္နည္းနည္းက်ဲသြား ပါးသြားၿပီဆိုေတာ့ ႐ုပ္ရွင္ကားႀကီးနဲ႕ဇာတ္လမ္းတြဲပဲဆိုေတာ့ကိုယ့္ဆီကိုအလွည့္က်ဖိဳ႕ကမလြယ္ဘူးေလ” လို႔ဆိုထားပါတယ္။ အခုအေျခအေနမွာ အႏုပညာရွင္ေတြအေပၚေဈးဆစ္တာနဲ႕ပတ္သတ္ၿပီး “အစတုန္းကလည္း

အင္တာဗ်ဴးေတြေျဖဖူးပါတယ္ ေဈးေတြတအားဆစ္လာတယ္ အရမ္းဆစ္လာတဲ့အတြက္ ကိုယ့္အတြက္ရိုက္ဖို႔ကမကိုက္ေတာ့ဘူးေပါ့ေနာ္၊ အဝတ္အစားေတြဝယ္ရတယ္ ခရီးေတြထြက္ရတယ္ ဘာပဲေျပာေျပာအခုလိုအေျခအေနမ်ိဳးမွာ ေနတတ္သလိုေနတယ္ စီးပြားေရးကေတာ့

ကိုယ္ေနတတ္သလိုေနရင္အဆင္ေျပပါတယ္ေပါ့” လို႔ေျပာျပခဲ့ပါတယ္။ သူကိုယ္တိုင္လည္း အႏုပညာေလာကမွာ နာမည္ရဖို႔ႀကိဳးစားခဲ့ရပုံကို “ကြၽန္မတို႔က နာမည္ရေအာင္ေတာ္ေတာ္ႀကိဳးစားခဲ့ရတယ္ နယ္ကားေတြအမ်ားႀကီးရိုက္ခဲ့ရတယ္ ေနပူမေရွာင္ အသားပူမေရွာင္ ႀကိဳးစားခဲ့ရတယ္။

ဆံပင္ေတြဆိုလည္း ေနပူေလာင္ၿပီးကြၽတ္တဲ့အထိႀကိဳးစားခဲ့ရတဲ့အတြက္အခုအခ်ိန္မွာ ဒီလိုမ်ိဳးေတြ ေငြေရးေၾကးေရးႏွိမ္လာတဲ့အေပၚမွာက်ေတာ့ အဆင္မေျပဘူးေပါ့။ အကယ္ဒမီေတြကိုအကယ္ဒမီေဈးေပးပါရပါတယ္ ကြၽန္မတို႔က်ေတာ့လည္း ကြၽန္မတို႔နဲ႕ထိုက္တန္တဲ့ေဈးကို

လိုခ်င္တာေပါ့ေနာ္ အဲ့ေလာက္ထိေအာင္မေပးဘူး ေဈးႏွိမ္လာၿပီေပါ့ကိုယ္ေတြကလည္းေပးသေလာက္ေလးနဲ႕မရိုက္ခ်င္ဘူးေလကိုယ့္ဟာကိုယ္ထိန္းထားတဲ့သေဘာေပါ့” လို႔ ဆိုခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ ဇာတ္ကားရိုက္ေစခ်င္တဲ့အေၾကာင္းကို “ပရိသတ္ေတြကေတာ့

အခုခ်ိန္ထိလည္းခ်စ္ၾကတယ္ အဲဒီ့အတြက္လည္း ပရိသတ္ေတြကိုအရမ္းေက်းဇူးတင္ပါတယ္ သူတို႔ကေတာ့ရိုက္ေစခ်င္တယ္၊ တစ္ခ်ိဳ႕က်ေတာ့ ကိုယ္လည္းနာမည္လည္းရေနၿပီ စုထားေဆာင္းထားတာလည္းရွိေနၿပီ ရိုက္ပါေပါ့ကိုယ့္အႏုပညာမေပ်ာက္ေအာင္ေပါ့

အ႐ြယ္ကလည္းရွိေသးတယ္ဆိုေတာ့ မေပ်ာက္ေစခ်င္ဘူး ေဈးမၾကည့္ပါနဲ႕လို႔ေျပာၾကပါတယ္” လို႔ဆိုပါတယ္။ စုလွိုင္ႏွင္းကေတာ့ေနာက္ကိုေတာ့ အႏုပညာလုပ္ငန္းေတြ အေျခအေနအေပၚစဥ္းစားၿပီး ဆက္လုပ္သြားမယ္ဆိုတာကို “ရိုက္လိုက္ခ်င္တယ္ကိုယ္ကအႏုပညာကိုဝါသနာပါလို႔

အသက္၂၀ ဆယ္တန္းေအာင္ကတည္းကစဝင္လာတာဆိုေတာ့၊ ဒါေပမဲ့ သူတို႔ေပးတဲ့ေဈးကိုျပန္စဥ္းစားလိုက္ရင္မရိုက္ခ်င္ေတာ့ဘူး ဒါေဈးႏွိမ္တာပဲဆိုၿပီးေတာ့ေလ အဲ့ေတာ့ဒြိဟျဖစ္သြားေရာ ေနာက္ေတာ့ စဥ္းစားရမွာေပါ့”

“သူတို႔ေပးထားတဲ့ေဈးနဲ႕ ကာရိုက္တာကလည္းကိုယ္ရိုက္ခ်င္တဲ့ကာရိုက္တာဆိုရင္ စဥ္းစားရမွာေပါ့” လို႔ ေရွ႕ဆက္မယ့္အႏုပညာခရီးအေကာင္းကို ေျပာျပထားပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

တစ်ချိန်ကအနုပညာလာကမှာ နာမည်ရမင်းသမီးတစ်ဦးဖြစ်တဲ့ စုလှိုင်နှင်းကတော့ အခုလက်ရှိမှာ ကားရိုက်ကျဲနေတာကြောင့် ပရိသတ်တွေနဲ့အနည်းငယ်ကင်းကွာနေတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စုလှိုင်နှင်းကတော့ရရာဈေးနဲ့မရိုက်ချင်တာ ဈေးနှိမ်တာတွေကြောင့်

မရိုက်ဖြစ်တာပါလို့ ပြောပြထားပါတယ်။ ဇာတ် ကားအရိုက်ကျဲတာနဲ့ပတ်သတ်ပြီး စုလှိုင်နှင်းကတော့ “လောလောဆယ်ကရုပ်ရှင်ကားကြီးနဲ့ ဇာတ်လမ်းတွဲပဲရှိတော့တာဆိုတော့လေ အနုပညာရှင်တော်တော်များများက ဗီဒီယိုကားတွေရှိနေတော့ စားဝတ်နေရေးအကုန်

အဆင်ပြေကြတာလေအခုဗီဒီယိုခေတ်နည်းနည်းကျဲသွား ပါးသွားပြီဆိုတော့ ရုပ်ရှင်ကားကြီးနဲ့ဇာတ်လမ်းတွဲပဲဆိုတော့ကိုယ့်ဆီကိုအလှည့်ကျဖို့ကမလွယ်ဘူးလေ” လို့ဆိုထားပါတယ်။ အခုအခြေအနေမှာ အနုပညာရှင်တွေအပေါ်ဈေးဆစ်တာနဲ့ပတ်သတ်ပြီး “အစတုန်းကလည်း

အင်တာဗျူးတွေဖြေဖူးပါတယ် ဈေးတွေတအားဆစ်လာတယ် အရမ်းဆစ်လာတဲ့အတွက် ကိုယ့်အတွက်ရိုက်ဖို့ကမကိုက်တော့ဘူးပေါ့နော်၊ အဝတ်အစားတွေဝယ်ရတယ် ခရီးတွေထွက်ရတယ် ဘာပဲပြောပြောအခုလိုအခြေအနေမျိုးမှာ နေတတ်သလိုနေတယ် စီးပွားရေးကတော့

ကိုယ်နေတတ်သလိုနေရင်အဆင်ပြေပါတယ်ပေါ့” လို့ပြောပြခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အနုပညာလောကမှာ နာမည်ရဖို့ကြိုးစားခဲ့ရပုံကို “ကျွန်မတို့က နာမည်ရအောင်တော်တော်ကြိုးစားခဲ့ရတယ် နယ်ကားတွေအများကြီးရိုက်ခဲ့ရတယ် နေပူမရှောင် အသားပူမရှောင် ကြိုးစားခဲ့ရတယ်။

ဆံပင်တွေဆိုလည်း နေပူလောင်ပြီးကျွတ်တဲ့အထိကြိုးစားခဲ့ရတဲ့အတွက်အခုအချိန်မှာ ဒီလိုမျိုးတွေ ငွေရေးကြေးရေးနှိမ်လာတဲ့အပေါ်မှာကျတော့ အဆင်မပြေဘူးပေါ့။ အကယ်ဒမီတွေကိုအကယ်ဒမီဈေးပေးပါရပါတယ် ကျွန်မတို့ကျတော့လည်း ကျွန်မတို့နဲ့ထိုက်တန်တဲ့ဈေးကို

လိုချင်တာပေါ့နော် အဲ့လောက်ထိအောင်မပေးဘူး ဈေးနှိမ်လာပြီပေါ့ကိုယ်တွေကလည်းပေးသလောက်လေးနဲ့မရိုက်ချင်ဘူးလေကိုယ့်ဟာကိုယ်ထိန်းထားတဲ့သဘောပေါ့” လို့ ဆိုခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဇာတ်ကားရိုက်စေချင်တဲ့အကြောင်းကို “ပရိသတ်တွေကတော့

အခုချိန်ထိလည်းချစ်ကြတယ် အဲဒီ့အတွက်လည်း ပရိသတ်တွေကိုအရမ်းကျေးဇူးတင်ပါတယ် သူတို့ကတော့ရိုက်စေချင်တယ်၊ တစ်ချို့ကျတော့ ကိုယ်လည်းနာမည်လည်းရနေပြီ စုထားဆောင်းထားတာလည်းရှိနေပြီ ရိုက်ပါပေါ့ကိုယ့်အနုပညာမပျောက်အောင်ပေါ့

အရွယ်ကလည်းရှိသေးတယ်ဆိုတော့ မပျောက်စေချင်ဘူး ဈေးမကြည့်ပါနဲ့လို့ပြောကြပါတယ်” လို့ဆိုပါတယ်။ စုလှိုင်နှင်းကတော့နောက်ကိုတော့ အနုပညာလုပ်ငန်းတွေ အခြေအနေအပေါ်စဉ်းစားပြီး ဆက်လုပ်သွားမယ်ဆိုတာကို “ရိုက်လိုက်ချင်တယ်ကိုယ်ကအနုပညာကိုဝါသနာပါလို့

အသက်၂၀ ဆယ်တန်းအောင်ကတည်းကစဝင်လာတာဆိုတော့၊ ဒါပေမဲ့ သူတို့ပေးတဲ့ဈေးကိုပြန်စဉ်းစားလိုက်ရင်မရိုက်ချင်တော့ဘူး ဒါဈေးနှိမ်တာပဲဆိုပြီးတော့လေ အဲ့တော့ဒွိဟဖြစ်သွားရော နောက်တော့ စဉ်းစားရမှာပေါ့”

“သူတို့ပေးထားတဲ့ဈေးနဲ့ ကာရိုက်တာကလည်းကိုယ်ရိုက်ချင်တဲ့ကာရိုက်တာဆိုရင် စဉ်းစားရမှာပေါ့” လို့ ရှေ့ဆက်မယ့်အနုပညာခရီးအကောင်းကို ပြောပြထားပါတယ်။ ခရက်ဒစ်