သူမဟာမင်းသမီးကြီး​ထက်ထက်မိုးဦးရဲ့ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေခဲ့ပြီး အမာခံအားပေး​နေခဲ့တဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်းကို ပြောပြလာခဲ့တဲ့ သဉ္ဇာနွယ်ဝင်း (ရုပ်​သံ)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ လူကောင်သေးသေးလေးနဲ့ ချစ်စရာကောင်းတာကြောင့် အနုပညာလောကမှာ ထင်ရှားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့
အိမ်ထောင်ရှင်မတစ်ယောက်ပီပီ အနုပညာအလုပ်တွေကို မလုပ်ကိုင်နိုင်တော့ပေမယ့် သူမမြတ်နိုးခဲ့တဲ့ အနုပညာအလုပ်တွေကို ဒီနေ့ဒီအချိန်ထိ သံယောဇဉ်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမကိုယ်တိုင် အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့တဲ့
သဉ္ဇာနွယ်ဝင်းက နိုင်ငံကျော်မင်းသမီးကြီး ထက်ထက်မိုးဦးကိုလည်း အရမ်းအားကျခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သဉ္ဇာနွယ်ဝင်းက ထက်ထက်မိုးဦးရဲ့ငယ်ငယ်က ကြော်ငြာတစ်ခုအောက်မှာ “ဒီကြော်ငြာကိုဖုန်းထဲမှာ
အရင်ကထည့်ထားတယ် ကြော်ငြာမရိုက်ခင်လည်းခဏခဏဖွင့်ကြည့်ဖူးတယ် ဒီကြော်ငြာကတစ်ခြားကြော်ငြာတွေထက် အမူအယာအကွက်ထိထိမိမိနဲ့တစ်ကွက်ခြင်းစီမှာ acting ထဲ့ထားတာအရမ်းဆရာကျတယ် မျက်လုံး၊ နှုတ်ခမ်း
လက်အမူအယာအားလုံးက perfect အရမ်းဖြစ်လွန်း စဉ်းစားတက်လွန်းတယ် တစ်ခါတစ်လေသမီးစဉ်းစားကြည့်တာ မထက်က အမူအယာတွေမရိုက်ခင်ကြိုပြီးစဉ်းစားခဲ့တာလား၊ ပါရမီအရကို ကင်မရာရှေ့ရောက်မှ acting တွေထွက်လာတာလား
လို့လေ။ acting တွေကြိုစဉ်းစားထားမယ်ဆိုတောင်အဲ့အချိန်တုန်းက မထက်ကနေ့တိုင်းကြော်ငြာရိုက် ညဘက်တွေ wall sheet တွေcalendar ရိုက်တွေ ကားရိုက်တွေနဲ့ နေ့တိုင်းအိပ်ချိန်ကလွဲရင်အကုန်အလုပ်ပြည့်နေတာဆိုတော့
ဘယ်လိုများ ကြော်ငြာတစ်ခုနဲ့တစ်ခု မထပ်အောင် ရိုက်တဲ့ကြော်ငြာအားလုံးပေါက်အောင်ဘယ်လိုများမထက်စွမ်းဆောင်နိုင်တာလည်းနော်။ တကယ်အရမ်းတော်တယ်မထက်” ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ သဉ္ဇာနွယ်ဝင်းကတော့
ထက်ထက်မိုးဦးရဲ့လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေခဲ့ပြီး အမာခံအားပေးခဲ့တဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာတာပဲ ဖြစ်ပါတယ်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်