သာသနာတော်အတွက်လည်း ငွေကျပ်သိန်း (၂၀၀)ကျော်ထောက်ပံ့လိုက်ပြန်တဲ့ သူဌေးကြီး ဦးဇော်ဇော်တို့မိသားစု
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၁)ကျောင်းအတွက် ငွေကျပ်သိန်း(၂၂၀)၊ ဆန်အိတ်(၂၂၀)နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ
ထုတ်လုပ်သော Mask အခုရေ (၂၂၀၀၀) လှူဒါန်းခဲ့ပါသည်။ ကိုဗစ် ၁၉ရောဂါကူးစက်ခံခဲ့ရသော စာသင်တိုက်များဖြစ်သည့်
သိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်နှင့် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တို့ အပါအဝင် ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးနှင့်
သီလရှင်ကျောင်းများဖြစ်သောနာဂလိုဏ်ဂူရှိ ကလေးဝတောရကျောင်းစာသင်တိုက်၊ မေတ္တာဝါဒီဟင်္သာတ ပရဟိတစာသင်တိုက်၊
မြဝတီမဟာစည်သာသနာ့ရိပ်သာ၊ ပညာသိင်္ဂီ သီလရှင်စာသင်တိုက်၊ သီရိရတနာစာသင်တိုက်၊ ငွေစန္ဒာသီလရှင်ကျောင်းတိုက်၊
ပညာဂုဏ်ရည်(မြိုင်) သီလရှင်စာသင်တိုက်၊ မဟာအောင်မြေသမိဒ္ဓေါဒယ သီလရှင်စာသင်တိုက်နှင့်သစ္စာမဏ္ဍိုင်သီလရှင်စာသင်တိုက်
အစရှိသည့် စုစုပေါင်း (၁၁)ကျောင်းအတွက် ဝတ္ထုငွေကျပ် သိန်း(၂၂၀)၊ ဆန်အိတ် (၂၂၀)နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ
ပထမဆုံး ထုတ်လုပ်သော Surgical Mask အခုရေ (၂၂၀၀၀)ကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ခရက်ဒစ် ဧရာဝတီဖောင်ဒေးရှင်း
အခုလိုအချိန်ပေးဖတ်ရှူ့ကြသော ပရိတ်သတ်ကြီးအနေဖြင့်လည်း ဦးဇော်ဇော်တို့ရဲ့မိသားစု့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
သူဌေးကြီးတို့မိသားစုလည်းခုထက်မက ပိုမိုလှူဒါန်းနိုင်ပြီး သာသနာအကျိူးကိုသယ်ပိုးနိုင်ပါစေ၊ စီးပွားဥစ္စာဒီရေအလားတိုးတက်နိုင်ပါစေနော်။ ရောဂါဘယကင်းဝေးပြီး ကျမ်းမာချမ်းသာကြပါစေ။