ကိုဗစ္​ေရာဂါပုိး ကာကြယ္​ကုသတုိက္​ဖ်က္​ရန္​အတြက္ ​ေငြက်ပ္ ၉ ဘီလီယံေက်ာ္အထိကုိ လွူဒါန္းထားခဲ့တဲ့ သူ​ေဌးႀကီး ဦးေဇာ္ေဇာ္ (႐ုပ္​သံဖုိင္​)

ကိုဗစ္ကုသေရးလုပ္ငန္းမ်ားအတြက္ ဧရာဝတီေဖာင္ေဒးရွင္းမွ က်ပ္ ၉ ဘီလီယံလွူဒါန္းခဲ့တယ္လို့ေဖာင္ေဒးရွင္းဥကၠဌ ဦးေဇာ္ေဇာ္က ေျပာၾကားလိုက္ပါတယ္။

ဦးေဇာ္ေဇာ္က “ဧရာဝတီေဖာင္ေဒးရွင္းအေနနဲ႔ ကိုဗစ္ပထမလွိုင္းမွာ (၃.၅)ဘီလီယံနဲ႔ ဒုတိယလွိုင္းအတြက္ (၅.၅)ဘီလီယံ စုစုေပါင္း (၉)ဘီလီယံလွူဒါန္းခဲ့ၿပီး အလွူရွင္တို့ရဲ့ စုေပါင္းလွူဒါန္းမွု

(၂.၅)ဘီလီယံကိုလည္း လက္ခံရရွိၿပီးျဖစ္ပါတယ္”လို့ လူမွုကြန္ယက္မွတစ္ဆင့္ေျပာၾကား ထားပါတယ္။ ယင္းအျပင္ ေစတနာရွင္ အားလုံး၏ လွူဒါန္းေငြမ်ားကို မၾကာခင္အခ်ိန္​မွာ

စာရင္းဇယားမ်ားႏွင့္ပြင့္လင္းစြာ ထုတ္ျပန္သြားမယ္လို့ဆိုပါတယ္။ ဦးေဇာ္ေဇာ္က “အလွူရွင္တို့ရဲ့ ေစတနာသဒၶါတရားထက္သန္စြာလွူဒါန္းမွုနဲ႔ ဆရာဝန္၊ ဆရာမ၊ ေစတနာ့ဝန္ထမ္း (၇၀၀)ေက်ာ္တို့ရဲ့

စြန္႔စားအနစ္နာခံေဆာင္ရြက္ေနမွုတို့ကို ေလးစားစြာဂုဏ္ျပဳ အပ္ပါတယ္။ ယေန႔အထိ ေစတနာရွင္အားလုံးရဲ့ လွူဒါန္းေငြက်ပ္ (၁.၄)ဘီလီယံနဲ႔ေဆးဝါး၊ အစားအေသာက္၊ လူသုံးကုန္ပစၥည္းလွူဒါန္းမွု

(၁.၁)ဘီလီယံကို လက္ခံရရွိခဲ့ပါတယ္။ အလွူရွင္တို့၏ လွူဒါန္းမွုအစုစုကို အေလအလြင့္မရွိေအာင္ စနစ္တက် အက်ိဳးရွိရွိသုံးစြဲၿပီး စာရင္းဇယားမ်ားကို ပြင့္လင္းျမင္သာစြာ ထုတ္ျပန္ေပးသြားမွာ ျဖစ္ပါတယ္”လို့ ဆိုပါတယ္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရွုေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ကိုဗစ်ကုသရေးလုပ်ငန်းများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ကျပ် ၉ ဘီလီယံလှူဒါန်းခဲ့တယ်လို့ဖောင်ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်က ပြောကြားလိုက်ပါတယ်။

ဦးဇော်ဇော်က “ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်ပထမလှိုင်းမှာ (၃.၅)ဘီလီယံနဲ့ ဒုတိယလှိုင်းအတွက် (၅.၅)ဘီလီယံ စုစုပေါင်း (၉)ဘီလီယံလှူဒါန်းခဲ့ပြီး အလှူရှင်တို့ရဲ့ စုပေါင်းလှူဒါန်းမှု

(၂.၅)ဘီလီယံကိုလည်း လက်ခံရရှိပြီးဖြစ်ပါတယ်”လို့ လူမှုကွန်ယက်မှတစ်ဆင့်ပြောကြား ထားပါတယ်။ ယင်းအပြင် စေတနာရှင် အားလုံး၏ လှူဒါန်းငွေများကို မကြာခင်အချိန်မှာ

စာရင်းဇယားများနှင့်ပွင့်လင်းစွာ ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။ ဦးဇော်ဇော်က “အလှူရှင်တို့ရဲ့ စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းမှုနဲ့ ဆရာဝန်၊ ဆရာမ၊ စေတနာ့ဝန်ထမ်း (၇၀၀)ကျော်တို့ရဲ့

စွန့်စားအနစ်နာခံဆောင်ရွက်နေမှုတို့ကို လေးစားစွာဂုဏ်ပြု အပ်ပါတယ်။ ယနေ့အထိ စေတနာရှင်အားလုံးရဲ့ လှူဒါန်းငွေကျပ် (၁.၄)ဘီလီယံနဲ့ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းလှူဒါန်းမှု

(၁.၁)ဘီလီယံကို လက်ခံရရှိခဲ့ပါတယ်။ အလှူရှင်တို့၏ လှူဒါန်းမှုအစုစုကို အလေအလွင့်မရှိအောင် စနစ်တကျ အကျိုးရှိရှိသုံးစွဲပြီး စာရင်းဇယားများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်