ဒီနေ့ (၁၀)ရက် (၁၀)လ အထိမ်းအမှတ်အနေနဲ့ သက်ကြီးဘိုးဘွားများရှိ​တဲ့ ခိုလှုံရာပရဟိတအသင်းသို့ အလှူငွေသိန်းဆယ်​ချီပြီး လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ ဒီလအောက်တိုဘာလလေးကတော့ ခင်ပွန်းဖြစ်သူရဲ့မွေးလလေးဖြစ်တာကြောင့် နေတိုင်းကိုအလှူလေးတွေပြုလုပ်နေခဲ့တာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။
စမိုင်းလ်က လတ်တလောဖြစ်ပေါ်နေတဲ့ ကမ္ဘာကပ်ရောဂါ ကိုဗစ်ကာကွယ်ကုသရေးအတွက် လိုအပ်တာတွေကို လှူဒါန်းပေးနေခဲ့တဲ့အပြင် ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် စားဝတ်နေရေးအခက်တွေ့နေတဲ့ သူတွေအတွက်လည်း
စားသောက်ရေးအတွက်အလှူဒါနတွေလည်းပြုလုပ်ပေးနေခဲ့ပါတယ်။ မွေးနေ့လအထိမ်းအမှတ်အနေနဲ့လည်း တစ်ရက်ကိုလူတစ်ယောက်ကို (၁)သိန်းနှုန်းနဲ့ လှူဒါန်းပေးတဲ့ အလှူလေးကလည်း ပြုလုပ်နေစဲပါ။ ဒီနေ့မှာလည်း (၁၀)ရက်(၁၀)လ
အထိမ်းအမှတ်ရော ခင်ပွန်းဖြစ်သူရဲ့မွေးနေ့အကြိုအနေနဲ့ သက်ကြီးဘိုးဘွားများရှိတဲ့ ခိုလှုံရာပရဟိတအသင်းသို့ အလှူငွေ (၁၀)သိန်းလှူဒါန်းခဲ့တယ်။ စမိုင်းလ်ကတော့ အလှူအတန်းတွေနဲ့ ပတ်သက်လာရင် အကြောင်းအရာအမျိုးမျိုးနဲ့ကို
လှူဒါန်းမှုတွေပြုနေခဲ့တာပါပဲနော်။ပရိသတ်ကြီးရေ စမိုင်းလ်တို့ရဲ့ စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းတဲ့ ဒီနေ့ (၁၀)ရက် (၁၀)လ အထိမ်းအမှတ် ခင်ပွန်းရဲ့ မွေးနေ့အကြိုအနေနဲ့ ပြုလုပ်ခဲ့တဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။ ခရက်ဒစ်