ေဖ့စ္ဘုတ္​ေပၚမွာ သမီး​ေလးပုံတင္ရင္ သနားၿပီး Sad React ေပးစရာမလိုဘူးလို႔ ျပတ္ျပတ္သားသားေျပာလာခဲ့တဲ့ ငယ္ငယ္

Rap သီခ်င္းေတြကို သီဆိုတဲ့ ရွားရွားပါးပါး မိန္းကေလးအဆိုေတာ္ ငယ္ငယ္က ACID အဖြဲ႕နဲ႔ သီခ်င္းေတြသီဆိုရင္း လူသိမ်ား ေက်ာ္ၾကားလာခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ငယ္ငယ္က

စိုင္းစိုင္းခမ္းလွိုင္နဲ႔လည္း သီခ်င္းေတြေတာ္ေတာ္ မ်ားမ်ားမွာ သီဆိုခဲ့ၿပီး သူမကိုယ္တိုင္လည္း ေအာင္ျမင္တဲ့ လမ္းေၾကာင္းေပၚမွာ ေလၽွာက္လွမ္းခဲ့သူ ျဖစ္ပါတယ္။ အခုဆိုရင္ ငယ္ငယ္က

အိမ္ေထာင္က်ၿပီး သမီးေလးတစ္ေယာက္ကို ေမြးဖြားထားကာ သာယာေပ်ာ္ရႊင္တဲ့ မိသားစုေလးကို တည္ေဆာက္ထားတဲ့ အိမ္ေထာင္ရွင္မတစ္ေယာက္ျဖစ္လို႔ေနၿပီပဲ ျဖစ္ပါတယ္။

ငယ္ငယ့္ရဲ့ သမီးေလးကေတာ့ ေမြးဖြားခါနီးအခ်ိန္ ေဆး႐ုံရဲ့ခ်ိဳ႕ယြင္းမႈတစ္ခုေၾကာင့္ မိခင္ရဲ့ဗိုက္ထဲမွာ ေသြးေတြနဲ႔ နစ္မြန္းခဲ့ၿပီး ကိုယ္တိုင္အသက္မရႈနိုင္ျဖစ္ခဲ့ရကာ ဦးေႏွာက္ထဲေအာက္စီဂ်င္

ျပတ္သြားတဲ့အျပင္ႏွလုံးမွာလည္း ေသြးေၾကာ အေပါက္ႀကီးပါတဲ့အတြက္ ဒီေန႔ဒီအခ်ိန္ထိ အိမ္မွာပဲ ေဆးကုသထားရဆဲ ျဖစ္ပါတယ္။ ငယ္ငယ္ကေတာ့ သူမသမီးေလးပုံကို

ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အမွတ္တရအျဖစ္တင္ေပမယ့္ “သမီးပုံကို sad react ေပးစရာ မလိုပါ” ဆိုၿပီး ျပတ္ျပတ္သားသား ေျပာလာခဲ့ပါတယ္။ ငယ္ငယ္ကေတာ့ သမီးေလးကို

သူမအသက္နဲ႔ရင္းၿပီး ေမြးဖြားခဲ့သူျဖစ္ၿပီးသမီးေလးကို ဒီေန႔ဒီအခ်ိန္ထိ ရင္အုပ္မကြာနဲ႔ ဂ႐ုတစိုက္ေနတဲ့ မိခင္ေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သားသမီးရွိတဲ့ မိခင္တိုင္းေတာ့

အဆုိ​ေတာ္​ ငယ္ငယ္တစ္ေယာက္ ဘယ္လိုခံစားခ်က္နဲ႔ဒီလိုစကားကိုေျပာတယ္ဆိုတာ ေကာင္းေကာင္းႀကီး နားလည္ၾကမယ္ ထင္ပါတယ္။

ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ခရက္ဒစ္

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

Rap သီချင်းတွေကို သီဆိုတဲ့ ရှားရှားပါးပါး မိန်းကလေးအဆိုတော် ငယ်ငယ်က ACID အဖွဲ့နဲ့ သီချင်းတွေသီဆိုရင်း လူသိများ ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ငယ်ငယ်က

စိုင်းစိုင်းခမ်းလှိုင်နဲ့လည်း သီချင်းတွေတော်တော် များများမှာ သီဆိုခဲ့ပြီး သူမကိုယ်တိုင်လည်း အောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင် ငယ်ငယ်က

အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်ကို မွေးဖွားထားကာ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

ငယ်ငယ့်ရဲ့ သမီးလေးကတော့ မွေးဖွားခါနီးအချိန် ဆေးရုံရဲ့ချို့ယွင်းမှုတစ်ခုကြောင့် မိခင်ရဲ့ဗိုက်ထဲမှာ သွေးတွေနဲ့ နစ်မွန်းခဲ့ပြီး ကိုယ်တိုင်အသက်မရှုနိုင်ဖြစ်ခဲ့ရကာ ဦးနှောက်ထဲအောက်စီဂျင်

ပြတ်သွားတဲ့အပြင်နှလုံးမှာလည်း သွေးကြော အပေါက်ကြီးပါတဲ့အတွက် ဒီနေ့ဒီအချိန်ထိ အိမ်မှာပဲ ဆေးကုသထားရဆဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတော့ သူမသမီးလေးပုံကို

ဖေ့စ်ဘုတ်စာမျက်နှာမှာ အမှတ်တရအဖြစ်တင်ပေမယ့် “သမီးပုံကို sad react ပေးစရာ မလိုပါ” ဆိုပြီး ပြတ်ပြတ်သားသား ပြောလာခဲ့ပါတယ်။ ငယ်ငယ်ကတော့ သမီးလေးကို

သူမအသက်နဲ့ရင်းပြီး မွေးဖွားခဲ့သူဖြစ်ပြီးသမီးလေးကို ဒီနေ့ဒီအချိန်ထိ ရင်အုပ်မကွာနဲ့ ဂရုတစိုက်နေတဲ့ မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ သားသမီးရှိတဲ့ မိခင်တိုင်းတော့

အဆိုတော် ငယ်ငယ်တစ်ယောက် ဘယ်လိုခံစားချက်နဲ့ဒီလိုစကားကိုပြောတယ်ဆိုတာ ကောင်းကောင်းကြီး နားလည်ကြမယ် ထင်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်