ခုကာလကြီးမှာ မိသားစုအတွက် တော်တော်လေးကို ရုန်းကန်နေရလို့ စိတ်ဖိစီးမှုတွေများလာပြီး စိတ်ဓာတ်ကျမိတယ်ဆိုတဲ့ ဦးကျော်ထူး (ရုပ်​သံ)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာဟာသ ဇာတ်ပို့သရုပ်ဆောင် ဦးကျော်ထူးကိုတော့ ပရိသတ်တွေ အားပေးချစ်ခင်ကြမှာပါနော်။
ရယ်စရာဟာသလေးတွေနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ ဦးကျော်ထူးကတော့ Covid ကာလ မိသားစုစီးပွားရေးအခြေအနေလေးတွေကို ပြောပြလာပါတယ်နော်။ မိသားစုအတွက် တော် တော်လေးရုန်းကန်နေရလို့
စိတ်ဖိစီးမှုတွေများလာရင်၊ စိတ်ဓာတ်ကျတဲ့အကြောင်း လေး တွေ ပြောပြလာတာ ဖြစ်ပြီး ဆန်ရောင်းဖြစ်နေတဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ။ မိသားစုစီးပွားရေးအကြောင်းလေးတွေအပြင်ရှေ့တန်းကနေတိုက်ပွဲဝင်ကူညီနေသူများကို
ဒီအချိန်မှာ အရမ်းပင်ပန်းနေကြမယ်ဆိုတာ ကိုယ်ချင်းစာဂုဏ်ယူမိတဲ့အကြောင်းလေးတွေကို လည်း ပြောပြထားပါသေးတယ်နော်။ “ပထမလှိုင်းအပြီး ဆန်ရောင်းတော့ အဆင်ပြေကာစပြုလာတဲ့အချိန်မှာ ဒုတိယလှိုင်းထပ်ဝင်တော့
တော်တော်လေးကို အခက်အခဲဖြစ်သွားတာပေါ့ ဒုတိယလှိုင်းမစခင်မှာပဲဆန်ရောင်းဖြစ်တာပါ။ အခက်အခဲဖြစ်နေသူတွေကို အကြံပေးဖို့နေနေသာသာကိုယ့်မိသားစုအတွက်တောင် တော်တော်လေးကိုရုန်းကန်နေရတာစိတ်ဖိစီးမှုတွေက
ပိုပိုပြီးများလာတော့ စိတ်ဓာတ်တော်တော် ကျ တယ်၊ ဒါပေမယ့် မိသားစုတွေနဲ့နောက်ပြောင်ပြီး နေလာကြတော့ ဝိုင်းဝိုင်းသီချင်းလိုပဲ ဖြေသိမ့်လိုက်ပေါ့” ဆိုပြီး မိသားစုအခက်အခဲလေးတွေကို ပြောပြလာတာ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ အချစ်တော် ဇာတ်ပို့သရုပ်ဆောင် ဦးကျော်ထူးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ခရက်ဒစ်