သားဖြစ်​သူက​မွေး​သော ဒုတိယ​မြောက်​​မြေးမလေးရဲ့ နာမည်နဲ့ မွေးနေ့​တွေကို တက်တူးထိုးပြီး ​သေရာပါမယ့်​အမှတ်​အသားတစ်​ခုအဖြစ်​နဲ့ ဂုဏ်​ပြုခဲ့တဲ့ ဖိုးဖိုးကြီး ခင်လှိုင်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ပြည်သူချစ်ဟာသလူရွှင်တော် သရုပ်ဆောင် ဦးခင်လှိုင်ကတော့ ကိုဖြိုးသီဟ၊ နေရဲနဲ့သဇင်ထူးမြင့် တို့ရဲ့ချစ်လှစွာသော ဖခင်တစ်ယောက်ဖြစ်ပါတယ်။ သားအကြီးဆုံးဖြစ်တဲ့ ကိုဖြိုးသီဟက အိမ်ထောင်ကျပြီးဖြစ်ပါတယ်။
ကိုဖြိုးသီဟ တို့ဇနီးမောင်နှံရဲ့ ဒုတိယမြောက်ရင်သွေးလေးကို အဘိုးဖြစ်သူ ဦးခင်လှိုင်ကတော့ သေရာပါမယ့် အမှတ်အသားတစ်ခုပြုလုပ်ပြီး ချစ်ပြလိုက်ပါတယ်။ ခင်လှိုင် လို့ပြောလိုက်ရင် တက်တူးအပြည့်နဲ့လူငယ်တစ်ယောက်လို
အမြဲလန်းဆန်းနေတဲ့ ဘဲကြီးဆိုပြီး တွဲမြင်မိမှာအမှန်ပါပဲ တက်တူးကို ရူးသွပ်တဲ့ ခင်လှိုင်ကတော့ သူရဲ့ ဒုတိယမြောက်မြေးမလေးရဲ့ နာမည်နဲ့ မွေးနေ့ရက်တို့ကိုသူ့ရဲ့ လက်ဖမိုးပေါ်မှာ တက်တူးရေးထိုးပြီး ဂုဏ်ပြုလိုက်ကြောင်းကို
မျှဝေလာခဲ့ပါတယ်။ မြေးမလေး ရွှေခေတ်မွေးဖွားတဲ့နေ့ကလည်း video call နဲ့ လှမ်းပြီး အိမ်ကနေ မိသားစုကမ္ဘာကနေကြိုဆိုကြောင်းလည်း ပြာလုပ်ခဲ့ပါသေးတယ်။သား အချစ် မြေး အနှစ်ဆိုတဲ့ စကားပုံတွေလိုမျိုးပဲ။
ခင်လှိုင်ကတော့ ချစ်ရတဲ့ သားအကြီးရဲ့ မျိုးဆက် မြေးမလေးကို ဂုဏ်ပြုချစ်ပြတာကတော့ သူများတွေနဲ့မတူ တစ်မူထူးခြားတာမို့ ချစ်တတ်တဲ့
ဦးခင်လှိုင်ကြီးဆိုပြီး မှတ်ချက်တွေပြုကြပါတယ်။ မြေးမလေးနာမည်နဲ့ မွေးနေ့ကို တက်တူးရေးထိုးနေတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။ ခရက်ဒစ်