သက်ကြီးရွယ်အို အဘိုးအဘွားတွေနဲ့ ချို့တဲ့သူတွေကို အစားအသောက်တွေနဲ့ အလှူငွေများ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဒိန်းဒေါင် (ရုပ်သံ)
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်ကူညီပေးတတ်တဲ့ ဒိန်းဒေါင်တစ်ယောက် သူနဲ့အတူ ကူညီပေးတဲ့ညီငယ်လေးတွေနဲ့ စုပေါင်းပြီး ” ချွန်တွန်းပရဟိတ ” အဖွဲ့ကိုထူထောင်ခဲ့ပါတယ်။
အဖွဲ့ကိုလှူဒါန်းပေးတဲ့အလှူရှင်တွေကြောင့်လည်း လိုအပ်တဲ့နေရာတွေဆီကို အရောက်သွားပြီး ကူညီနိုင်တာမို့ ချို့တဲ့သူတွေရဲ့ဘဝတွေလည်း အတိုင်းအတာတစ်ခုထိ အဆင်ပြေသွားခဲ့ရပါတယ်။
ဘဝတူလူရွှင်တော်တွေရဲ့လိုအပ်ချက်တွေကိုလည်း တတ်နိုင်သလောက်ဖြည့်ဆည်းပေးခဲ့သလို အ ဆင်မပြေတဲ့လူတွေေ တွ့ရင်လည်း ကာလဒါနလေးတွေလုပ်တတ်ပါသေးတယ်။
ဒီတစ်ခေါ က် မှာတော့ အဆင်မပြေတဲ့အဘိုးအဘွားသက်ကြီးရွယ်အိုတွေ နဲ့ ချို့တဲ့သူတွေကို အစားအ သော က် တွေ ကိုယ်တိုင်ကိုယ်ကျသွားပြီးလှူဒါန်းပေးခဲ့ပါတယ်။
ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်နိုင်မှုတွေ၊ သည်းခံနိုင်မှုတွေအများကြီးရှိမှ လုပ်နိုင်တဲ့ အရာ မျိုးပါ။ ဒိန်းဒေါင်ကတော့ ကိုယ်တိုင်လည်းလူရွှင်တော်တစ်ယောက်ဖြစ်ပြီး
အများကြီး ကြိုးစားရုန်းကန်ခဲ့ရသူမို့ အဆင်မပြေတဲ့ဘဝတွေကို စာနာနားလည်ပြီး အခုလိုလှူဒါန်းမှုလေးတွေလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ အလှူရှင်တွေကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်။ ခရက်ဒစ်