RED FASHION CONTEST မှပြုလုပ်​သည့်​ အခန်းတွင်းလည်း ရဲရဲနီ၊ ငါတို့ချစ်တဲ့ NLD ဆို​သောပြိုင်ပွဲတွင် တနင်္သာရီတိုင်းမှ ပြိုင်ပွဲဝင်က ပထမဆုရရှိခဲ့
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
အခန်းတွင်းလည်း ရဲရဲနီ၊ ငါတို့ချစ်တဲ့ NLD အဌမမြောက်ပြိုင်ပွဲရဲ့ နောက်ဆုံးဆန်ကာတင်အဆင့် ဆုရသူတွေ ပေါ်ထွက်လာပါပြီ။
RED FASHION CONTEST ရဲ့ “အခန်းတွင်းလည်း ရဲရဲနီ၊ ငါတို့ချစ်တဲ့ NLD” ပြိုင်ပွဲမှာ ပထမဆု (၁) ဆု၊ ဒုတိယဆု (၁) ဆု၊ တတိယဆု ပူးတွဲ (၂) ဆု၊ နှစ်သိမ့်ဆု (၁၁) ဆုတို့ကို
ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတိုင်းမှာ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေအနယ်နယ်အရပ်ရပ်ကနေ နီကြောင်းရဲကြောင်း ကမ္ဘာသိအောင် အင်အားပြကာရဲရဲတောက်နီပြခဲ့ကြတဲ့ပြိုင်ပွဲဝင်
တစ်ဦးစီ တစ်ယောက်စီတိုင်းကို RED FASHION CONTEST အဖွဲ့သားများက အထူးလေးစားဂုဏ်ယူကာ ကျေးဇူးတင်ပါကြောင်း လေးနက်စွာ ပြောကြားလိုပါတယ်။
ပြိုင်ပွဲဝင် ပုံများနဲ့ ရင်ထဲမှလာသောစကားသံများ၊ စာသားများ အားလုံးကို မှတ်တမ်းယူထားပါတယ်။ အမှတ်တရလေးတစ်ခုခုလုပ်ဖို့လည်း စီစဉ်ထားပါတယ်ခင်ဗျာ။ ပြိုင်ပွဲရဲ့ ဆုရွေးချယ်မှုနဲ့
ပတ်သက်ပြီး အသိပေးလိုတာကတော့ (ပထမအဆင့်) ဆန်ကာတင်ရွေးချယ်မှုမှာ လိုက်ခ်နဲ့ရီအက်ရှင် များပြားမှုအပြင်၊ ဓာတ်ပုံပညာပိုင်းဆိုင်ရာ၊ NLD အောင်နိုင်ရေးအား
အထောက်အကူပြုစေနိုင်မှု စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ပေမယ့် (ဖိုင်နယ်အဆင့်) မှာတော့ ပရိတ်သတ်ရဲ့ လိုက်ခ်နဲ့ရီအက်ရှင် အများဆုံး ရလဒ်ကိုပဲ ယူတာ ဖြစ်ပါတယ်။
ဘယ်သူတွေ ဘာဆုတွေ ဆွတ်ခူးသွားကြလဲ ဆန်ကာတင် စာရင်းထဲကနေ ရွေးချယ်ပေးကြတဲ့ အမေ့သားသမီး ရဲရဲနီတွေနဲ့ RED FASHION CONTEST ရဲ့ဆန္ဒတွေ တစ်ထပ်တည်းကျမကျ ဆက်ကြည့်လိုက်ကြစို့နော်။
(၁) ပထမဆု ပြိုင်ပွဲဝင် အကောင့် Min Khant Maung Si (တနင်္သာရီတိုင်း၊ ပုလောမြို့)မှ ဝင်ရောက်ယှဉ်ပြိုင်ထားရာ လိုက်ခ်နဲ့ရီအက်ရှင်(၅၈၀၀)နဲ့ ရရှိသွားပါတယ်။
(၂) ဒုတိယဆု ပြိုင်ပွဲဝင်အကောင့် Lin Lin (မကွေးတိုင်း၊ မင်းဘူး စကုမြို့နယ်၊ ကုလားပါးကျေးရွာ)မှ ဝင်ရောက်ယှဉ်ပြိုင်ထားရာ လိုက်ခ်နှင့်ရီအက်ရှင် (၅၄၀၀)နဲ့ ရရှိသွားပါတယ်။
(၃) တတိယဆု ပြိုင်ပွဲဝင်အကောင့် Moe Zaw Nyo(မကွေးတိုင်း၊ မကွေးမြို့) မှ ဝင်ရောက်ယှဉ်ပြိုင်ထားရာ လိုက်ခ်နဲ့ရီအက်ရှင် (၃၆၀၀)နဲ့ ရရှိသွားခဲ့ပါတယ်။
(၃) တတိယဆု ပြိုင်ပွဲဝင်အကောင့် Yng KO Lin(မကွေးတိုင်း၊ ရေနံချောင်းမြို့) မှ ဝင်ရောက်ယှဉ်ပြိုင်ထားရာ လိုက်ခ်နဲ့ရီအက်ရှင် (၃၆၀၀) ဖြင့်ပင် ရရှိသွားခဲ့ပါတယ်။
ကျန်ရှိတဲ့ ပြိုင်ပွဲဝင် ၁၁ ဦး အတွက် နှစ်သိမ့်ဆု တွေကလည်း RED FASHION CONTEST အဖွဲ့သားတွေရဲ့ လက်ထဲကို ရောက်ရှိနေပါပြီ။ ဆုတွေကိုတော့ ကိုဗစ်ကြီးအခြေအနေအနည်းငယ်
ငြိမ်သက်သွားရင် ပို့ပေးနိုင်ဖို့ ဖြစ်စေ၊ လာရောက် ထုတ်ယူနိုင်ဖို့ ဖြစ်စေစီစဉ်ပေးပါမယ်နော်။ ဆုရရှိတဲ့သူတွေ အနေနဲ့ မိမိတို့ရဲ့ ပုံအောက်မှာဖြစ်စေ၊ Reds Vote NLD မက်ဆေ့ဂျာကိုဖြစ်စေ
ဆက်သွယ်လို့ ရနိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေ ပို့ပေးထားပါဉီးနော်။ ဒီပြိုင်ပွဲကို အစ၊ အလယ်၊ အဆုံး လိုက်ခ်နဲ့ရှယ်တွေ၊ မန့်ရှင်းတွေနဲ့ အားပေးခဲ့ကြတဲ့ရဲရဲနီ တစ်ယောက်စီတိုင်းကို
ကျေးဇူးအထူးပင် တင်ရှိကြောင်း ပြောကြားလိုပါတယ်။ နောက်ထပ်ပြိုင်ပွဲတွေကိုလည်း အခုလိုပဲ စိတ်ဝင်တစား အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်နော်။
(၈.၁၀.၂၀၂၀) နံနက် ၉:၀၀ နာရီမှာ အငှားယာဉ်လေး ရဲရဲနီ၊ ဒို့ မဲပေးမှာ NLD ပြိုင်ပွဲကြီး စတင်မယ့် အကြောင်းကိုလည်း တလက်စတည်း ကြေညာမောင်းခတ် လိုက်ပါရစေဒူ ဟူဟူ။ ခရက်ဒစ်