လူနာရဲ႕အသက္ကိုကယ္​ဖုိ႔အတြက္​ ဖခင္ျဖစ္သူ​ရဲ႕ ေနာက္ဆုံးအခ်ိန္ကုိ လက္​လႊတ္​ခဲ့​ရ​ေသာ ဆရာဝန္ႀကီး

အတၱဟိတထက္ ပရဟိတကို ပိုဦးစားေပးခဲ့တဲ့ ႏွလုံး လွဆရာဝန္တစ္ေယာက္ရဲ႕အေၾကာင္းဟာ အင္တာနက္ေပၚမွာ နာမည္ႀကီးေနပါတယ္။ တစ္ဖက္မွာ ကိုယ္ခ်စ္ရတဲ့ ေမြးဖခင္ရဲ႕ ေနာက္ဆုံးအခ်ိန္၊ တစ္ဖက္မွာကကိုယ့္ရဲ႕ Professional အလုပ္၊

ဒီလိုေဝခြဲရခက္တဲ့အေျခအေနမွာ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ကိုခ်ခဲ့တာပါ။ ဒီအေၾကာင္းကိုေတာ့ Oriental Daily မွာေဖာ္ျပထားတာပါ။ ႏွလုံးလွဆရာဝန္ရဲ႕ နာမည္ကေတာ့ Zhang Xinzhi ျဖစ္ၿပီး အသက္ကေတာ့ (၅၅)ႏွစ္ပါ။

တ႐ုတ္ႏိုင္ငံ၊ Anhui ျပည္နယ္ကပါ။ အသည္းအသန္ ေနမေကာင္းျဖစ္ေနၿပီး ေနာက္ဆုံးအခ်ိန္ကို ေရာက္ေနတဲ့ ဖခင္ဆီကို Zhang တစ္ေယာက္ သြားၾကည့္ခဲ့ပါတယ္။ ဒါေပမယ့္ ကံဆိုးစြာနဲ႔ပဲ ခြဲစိတ္မႈတစ္ခုလုပ္ဖို႔ လိုအပ္လို႔လာခဲ့ပါလို႔

အေၾကာင္းၾကားတာကို ခံခဲ့ရပါ တယ္။ ေနာက္ဆုံးအခ်ိန္ကိုေရာက္ေနတဲ့ ဖခင္ကလည္း သားျဖစ္သူကို နားလည္ေပးတဲ့အၿပဳံး နဲ႔ ေခါင္းညိတ္ၿပီး လူနာဆီကို သြားဖို႔ခြင့္ျပဳေပးခဲ့ပါတယ္။ ခြဲခန္းထဲမွာ ခြဲစိတ္ဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ

ဖခင္ျဖစ္သူ ဆုံးသြားၿပီဆိုတဲ့ သတင္းကို ၾကားခဲ့ရပါတယ္။ ေဒါက္တာ Zhang ကေတာ့ Personal Feeling ကို ထိန္းခ်ဳပ္ၿပီး ခြဲခန္းထဲမွာ တည္ၿငိမ္စြာ ခြဲစိတ္ေပးခဲ့ပါတယ္။ (၂)နာရီၾကာျမင့္ခဲ့တဲ့ ခြဲစိတ္မႈအၿပီး ခြဲခန္းထဲကထြက္လာခ်ိန္မွာေတာ့

မ်က္ရည္ေတြက်ၿပီး ငိုေႂကြးခဲ့ပါတယ္။ Zhang ရဲ႕ သတင္းဟာ ခ်က္ခ်င္းလိုပဲ ပ်ံ႕ႏွံ႔သြားၿပီး ျပည္သူေတြက သူ႔ကို ခ်ီးက်ဴးေျပာဆိုခဲ့ေပမယ့္ Zhang ကေတာ့ တျခားဆရာဝန္ေတြ ဆိုရင္လည္း သူ႔ေနရာမွာဆိုရင္ ဒီလိုဆုံးျဖတ္မွာျဖစ္ေၾကာင္း၊

အ​ေဖျဖစ္သူအေနနဲ႔ကလည္း သူ႔ဟာ လူနာေတြအားထားရတဲ့ ဆရာဝန္တစ္ေယာက္ဆိုတာကို သိတဲ့အတြက္ ေနာက္ဆုံးအခ်ိန္မွာ အနားမွာ ေနမေပးႏိုင္ခဲ့တာကို နားလည္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း အင္တာဗ်ဴးတစ္ခုမွာေျဖခဲ့ပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

အတ္တဟိတထက် ပရဟိတကို ပိုဦးစားပေးခဲ့တဲ့ နှလုံး လှဆရာဝန်တစ်ယောက်ရဲ့အကြောင်းဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးနေပါတယ်။ တစ်ဖက်မှာ ကိုယ်ချစ်ရတဲ့ မွေးဖခင်ရဲ့ နောက်ဆုံးအချိန်၊ တစ်ဖက်မှာကကိုယ့်ရဲ့ Professional အလုပ်၊

ဒီလိုဝေခွဲရခက်တဲ့အခြေအနေမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ။ ဒီအကြောင်းကိုတော့ Oriental Daily မှာဖော်ပြထားတာပါ။ နှလုံးလှဆရာဝန်ရဲ့ နာမည်ကတော့ Zhang Xinzhi ဖြစ်ပြီး အသက်ကတော့ (၅၅)နှစ်ပါ။

တရုတ်နိုင်ငံ၊ Anhui ပြည်နယ်ကပါ။ အသည်းအသန် နေမကောင်းဖြစ်နေပြီး နောက်ဆုံးအချိန်ကို ရောက်နေတဲ့ ဖခင်ဆီကို Zhang တစ်ယောက် သွားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ခွဲစိတ်မှုတစ်ခုလုပ်ဖို့ လိုအပ်လို့လာခဲ့ပါလို့

အကြောင်းကြားတာကို ခံခဲ့ရပါ တယ်။ နောက်ဆုံးအချိန်ကိုရောက်နေတဲ့ ဖခင်ကလည်း သားဖြစ်သူကို နားလည်ပေးတဲ့အပြုံး နဲ့ ခေါင်းညိတ်ပြီး လူနာဆီကို သွားဖို့ခွင့်ပြုပေးခဲ့ပါတယ်။ ခွဲခန်းထဲမှာ ခွဲစိတ်ဖို့ ပြင်ဆင်နေချိန်မှာပဲ

ဖခင်ဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားခဲ့ရပါတယ်။ ဒေါက်တာ Zhang ကတော့ Personal Feeling ကို ထိန်းချုပ်ပြီး ခွဲခန်းထဲမှာ တည်ငြိမ်စွာ ခွဲစိတ်ပေးခဲ့ပါတယ်။ (၂)နာရီကြာမြင့်ခဲ့တဲ့ ခွဲစိတ်မှုအပြီး ခွဲခန်းထဲကထွက်လာချိန်မှာတော့

မျက်ရည်တွေကျပြီး ငိုကြွေးခဲ့ပါတယ်။ Zhang ရဲ့ သတင်းဟာ ချက်ချင်းလိုပဲ ပျံ့နှံ့သွားပြီး ပြည်သူတွေက သူ့ကို ချီးကျူးပြောဆိုခဲ့ပေမယ့် Zhang ကတော့ တခြားဆရာဝန်တွေ ဆိုရင်လည်း သူ့နေရာမှာဆိုရင် ဒီလိုဆုံးဖြတ်မှာဖြစ်ကြောင်း၊

အဖေဖြစ်သူအနေနဲ့ကလည်း သူ့ဟာ လူနာတွေအားထားရတဲ့ ဆရာဝန်တစ်ယောက်ဆိုတာကို သိတဲ့အတွက် နောက်ဆုံးအချိန်မှာ အနားမှာ နေမပေးနိုင်ခဲ့တာကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း အင်တာဗျူးတစ်ခုမှာဖြေခဲ့ပါတယ်။ ခရက်ဒစ်