႐ုပ္ရွင္ အစည္းအ႐ုံးႏွင္​့ ျပန္ၾကားေရး ဝန္ႀကီးဌာနတို ႔ပူးေပါင္းၿပီး ႏြမ္းပါး​ေသာ သ႐ုပ္ေဆာင္ေတြအတြက္ ေထာက္ပံ့ေၾကးေပးအပ္မည္

အခုလုိအက်ပ္အတည္းကာလေတြမွာ အႏုပညာရွင္ေတြလည္းအခ်င္းခ်င္းကူညီေဖးမကူညီၾကတာမဂၤလာပါပဲ။ ဒီတစ္ေခါက္မွာေတာ့ ႏြမ္းပါးေလာကသားေတြအတြက္ ျပန္ၾကားေရးဝန္ႀကီးဌာနက

ေငြက်ပ္သိန္း (၃၀၀) လႉဒါန္းေပးခဲ့ၿပီး ႐ုပ္ရွင္အစည္းအ႐ုံးက ေနာက္ထပ္ေငြက်ပ္ သိန္း (၁၅၀) ထပ္မံျဖည့္စြက္ေပးလိုက္တာမို႔ႏြမ္းပါးသူေလာကသား အေယာက္ (၁၅၀၀) ကို

တစ္ေယာက္လၽွင္ ေငြက်ပ္ (၃၀၀၀၀) စီ ေထာက္ပံ့သြာ းမယ္ လို႔ဆို ပါတယ္။ ဒီလိုဝမ္းသာစရာအစီအစဥ္ေလးကို ဒါရိုက္တာဝိုင္းကသူ႔ရဲ့လူမႈကြန္ရက္ကေနတဆင့္ ေဝမၽွခဲ့ပါတယ္။

အႏုပညာရွင္တိုင္း ဟာ ေငြေၾကးအေျမာက္အမ်ားရေနၾကသူေတြမဟုတ္ပါဘူး။ ကိုယ္က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ပိုင္နိုင္ေအာင္သ႐ုပ္ေဆာင္ၾကရသလိုပါဝင္ရတဲ့ဇာတ္႐ုပ္အေပၚမွာ

မူတည္ၿပီးေတာ့လည္းအႏုပညာေၾကးေ တြကြဲျပားၾကပါတယ္။ ေနာက္ကြယ္ကပံ့ပိုးေပးရတဲ့စက္အဖြဲ႕သားေတြဟာလည္း အႏုပညာရွင္ေတြအတြက္ အေရးပါသူေတြပါပဲ။

ဒီလိုေထာက္ပံ့ေၾကးေငြရခဲ့ တာေၾကာင့္အတိုင္းအတာတစ္ခုထိ အဆင္ေျပသြားမယ့္ ေလာကသား (၁၅၀၀) အတြက္ေတာ့ တကယ္ကိုဝမ္းသာစရာပါပဲ။ ေနာက္မ်ားမွာလည္း ဒီလိုႏြမ္းပါး သူေတြကို အမ်ားႀကီးထပ္ၿပီးကူညီနိုင္ပါေစေနာ္။ ခရက္ဒစ္

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

အခုလိုအကျပ်အတည်းကာလတွေမှာ အနုပညာရှင်တွေလည်းအချင်းချင်းကူညီဖေးမကူညီကြတာမင်္ဂလာပါပဲ။ ဒီတစ်ခေါက်မှာတော့ နွမ်းပါးလောကသားတွေအတွက် ပြန်ကြားရေးဝန်ကြီးဌာနက

ငွေကျပ်သိန်း (၃၀၀) လှူဒါန်းပေးခဲ့ပြီး ရုပ်ရှင်အစည်းအရုံးက နောက်ထပ်ငွေကျပ် သိန်း (၁၅၀) ထပ်မံဖြည့်စွက်ပေးလိုက်တာမို့နွမ်းပါးသူလောကသား အယောက် (၁၅၀၀) ကို

တစ်ယောက်လျှင် ငွေကျပ် (၃၀၀၀၀) စီ ထောက်ပံ့သွာ းမယ် လို့ဆို ပါတယ်။ ဒီလိုဝမ်းသာစရာအစီအစဉ်လေးကို ဒါရိုက်တာဝိုင်းကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့် ဝေမျှခဲ့ပါတယ်။

အနုပညာရှင်တိုင်း ဟာ ငွေကြေးအမြောက်အများရနေကြသူတွေမဟုတ်ပါဘူး။ ကိုယ်ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်ကြရသလိုပါဝင်ရတဲ့ဇာတ်ရုပ်အပေါ်မှာ

မူတည်ပြီးတော့လည်းအနုပညာကြေးေ တွကွဲပြားကြပါတယ်။ နောက်ကွယ်ကပံ့ပိုးပေးရတဲ့စက်အဖွဲ့သားတွေဟာလည်း အနုပညာရှင်တွေအတွက် အရေးပါသူတွေပါပဲ။

ဒီလိုထောက်ပံ့ကြေးငွေရခဲ့ တာကြောင့်အတိုင်းအတာတစ်ခုထိ အဆင်ပြေသွားမယ့် လောကသား (၁၅၀၀) အတွက်တော့ တကယ်ကိုဝမ်းသာစရာပါပဲ။ နောက်များမှာလည်း ဒီလိုနွမ်းပါး သူတွေကို အများကြီးထပ်ပြီးကူညီနိုင်ပါစေနော်။ ခရက်ဒစ်