ကုိဗစ္​တုိက္​ပြဲမွာပါဝင္​ဖုိ႔အတြက္​ အိမ္ကေနအထုပ္ဆြဲကာဆင္းလာခဲ့ၿပီး Q လူနာေတြကို ကုသေပးေနတဲ့ ပင္စင္စားဆရာဝန္ႀကီး

ဒီပုံထဲမွာပါတဲ့သူေတြက ဆရာဝန္ႀကီး ေဒါက္တာေအးသန္းႏွင့္ ကၽြန္ေတာ္ျဖစ္ပါတယ္။ ဆရာႀကီးလိုအပ္တဲ့ ေဆးေတြကိုဝယ္ယူၿပီး သြားေရာက္ပို႔ေပးေနတုန္းက ရိုက္ထားတဲ့ပုံျဖစ္ပါတယ္။

ဆရာဝန္ႀကီး ေဒါက္တာေအးသန္းက လွိုင္ၿမိဳ႕နယ္က အနံ့ေပ်ာက္ဖ်ားနာေခ်ာင္းဆိုး စတဲ့ကိုဗစ္လကၡဏာရွိသူ၊ သံသယလူနာေတြကို လွိုင္ၿမိဳ႕နယ္ ၅ ရပ္ကြက္ အမက ၂၆ မွာဖြင့္လွစ္ထားတဲ့ အနံ့ေပ်ာက္စင္တာမွာ ေခၚယူကုသေပး၊

ေဆး႐ုံလႊဲရမည့္လူနာ ေဆး႐ုံလႊဲေပးတာေတြ ႀကီးၾကပ္ေဆာင္ရြက္ ေပးေနတာပါ။ အၿငိမ္းစား ဆရာဝန္ႀကီး ေဒါက္တာေအးသန္းကအသက္ ၆၅ ႏွစ္ ရွိပါၿပီ။ သူ႔မိသားစု၊ သူ႔မိတ္ေဆြေတြက စိုးရိမ္လို႔ တားျမစ္ေနတဲ့ၾကားက

အိမ္ကေန အထုပ္ဆြဲ ဆင္းလာၿပီး အနံ့ေပ်ာက္စင္တာ အမက ၂၆ မွာ လာေရာက္ေနထိုင္ၿပီး လူနာေတြကို အခမဲ့ ကူညီကုသေပးေနတာပါ။ သူ႔အတြက္ ကုတင္တစ္လုံးဘဲ ကၽြန္ေတာ္တို႔စီစဥ္ေပးရပါတယ္။ စင္တာမွာဘဲေန၊ စင္တာမွာဘဲအိပ္ၿပီး

လူနာေတြကို ကုသေပးေနသူပါ။ ”ကၽြန္ေတာ္က အသက္ေတာ့ႀကီးၿပီ ဒါေပမယ့္ အေရးေပၚအခ်ိန္မို႔လို႔ မေနနိုင္လို႔ ထြက္လာတာကြ” လို႔ ေျပာပါတယ္။ အနံ႔ပ်ာက္လူနာေတြက Positive ျဖစ္ဖို႔ ရာခိုင္ႏူန္းမ်ားပါတယ္။

ဒီလူနာေတြကို PPE ဝတ္ၿပီး ကိုယ္တိုင္ေသြးေပါင္ခ်ိန္တိုင္း၊ ေသြးတြင္း ေအာက္ဆီဂ်င္တိုင္း၊ ကိုယ္တိုင္ၾကည့္႐ႈေမးျမန္းဖို႔ဆိုတာ မျဖစ္နိုင္ပါ။ ဒီအလုပ္ေတြကို ေဗာ္လန္တီယာေတြက လုပ္ေပးပါတယ္။ ဆရာဝန္ႀကီးက ႐ုံးခန္းမွာေနထိုင္ၿပီး

ညြန္ၾကားႀကီးၾကပ္ေပးပါတယ္။ ေဗာ္လန္တီယာ ဆိုတာကလည္း ပရဟိတစိတ္ရွိသူ၊ သတၱိရွိသူ၊ ကိုယ္က်ိဳးစြန႔္ၿပီး အမ်ားအတြက္ လာေရာက္ကူညီေပးေနသူမ်ား ျဖစ္ပါတယ္။ လူတိုင္းမလုပ္နိုင္ပါ လူအနည္းငယ္သာ လုပ္နိုင္ပါတယ္။

အနံ႔ေပ်ာက္လူနာေတြကို စင္တာမွာေခၚထားတဲ့ ရည္ရြယ္ခ်က္က သူတို႔ကို ေဆးစစ္ေပးဖို႔၊ သူတို႔မိသားစုေတြ အိမ္နီးနားခ်င္းေတြကို ထပ္မံမကူးစက္ေအာင္၊ ေရာဂါလကၡဏာ မျပင္းထန္သူေတြကို ကုသေပးဖို႔၊

ေရာဂါျပင္းထန္ရင္ ေဆး႐ုံကိုလႊဲေပးနိုင္ဖို႔ ျဖစ္ပါတယ္။ အိပ္ရာထိုင္ခင္း၊ ေရမီး၊ အစားအေသာက္ေတြကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာမ်ားကအလွူရွင္မ်ား၏ လွူဒါန္းေငြနဲ႔ စီမံေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္။

ကိုဗစ္ကူးစက္ေရာဂါသည္ တစ္ဦးတစ္ေယာက္တည္းနဲ႔ သက္ဆိုင္တဲ့ကိစၥ မဟုတ္ပါ။ အားလုံးညီညြတ္မွ ေအာင္ျမင္မွာပါ။ ဒါေၾကာင့္ ပူးေပါင္းေပးပါ။ တခ်ိဳ႕ အဆင္မေျပတာရွိရင္လည္း သည္းခံေပးၾကပါ။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ဒီပုံထဲမှာပါတဲ့သူတွေက ဆရာဝန်ကြီး ဒေါက်တာအေးသန်းနှင့် ကျွန်တော်ဖြစ်ပါတယ်။ ဆရာကြီးလိုအပ်တဲ့ ဆေးတွေကိုဝယ်ယူပြီး သွားရောက်ပို့ပေးနေတုန်းက ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။

ဆရာဝန်ကြီး ဒေါက်တာအေးသန်းက လှိုင်မြို့နယ်က အနံ့ပျောက်ဖျားနာချောင်းဆိုး စတဲ့ကိုဗစ်လက္ခဏာရှိသူ၊ သံသယလူနာတွေကို လှိုင်မြို့နယ် ၅ ရပ်ကွက် အမက ၂၆ မှာဖွင့်လှစ်ထားတဲ့ အနံ့ပျောက်စင်တာမှာ ခေါ်ယူကုသပေး၊

ဆေးရုံလွှဲရမည့်လူနာ ဆေးရုံလွှဲပေးတာတွေ ကြီးကြပ်ဆောင်ရွက် ပေးနေတာပါ။ အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာအေးသန်းကအသက် ၆၅ နှစ် ရှိပါပြီ။ သူ့မိသားစု၊ သူ့မိတ်ဆွေတွေက စိုးရိမ်လို့ တားမြစ်နေတဲ့ကြားက

အိမ်ကနေ အထုပ်ဆွဲ ဆင်းလာပြီး အနံ့ပျောက်စင်တာ အမက ၂၆ မှာ လာရောက်နေထိုင်ပြီး လူနာတွေကို အခမဲ့ ကူညီကုသပေးနေတာပါ။ သူ့အတွက် ကုတင်တစ်လုံးဘဲ ကျွန်တော်တို့စီစဉ်ပေးရပါတယ်။ စင်တာမှာဘဲနေ၊ စင်တာမှာဘဲအိပ်ပြီး

လူနာတွေကို ကုသပေးနေသူပါ။ ”ကျွန်တော်က အသက်တော့ကြီးပြီ ဒါပေမယ့် အရေးပေါ်အချိန်မို့လို့ မနေနိုင်လို့ ထွက်လာတာကွ” လို့ ပြောပါတယ်။ အနံ့ပျာက်လူနာတွေက Positive ဖြစ်ဖို့ ရာခိုင်နူန်းများပါတယ်။

ဒီလူနာတွေကို PPE ဝတ်ပြီး ကိုယ်တိုင်သွေးပေါင်ချိန်တိုင်း၊ သွေးတွင်း အောက်ဆီဂျင်တိုင်း၊ ကိုယ်တိုင်ကြည့်ရှုမေးမြန်းဖို့ဆိုတာ မဖြစ်နိုင်ပါ။ ဒီအလုပ်တွေကို ဗော်လန်တီယာတွေက လုပ်ပေးပါတယ်။ ဆရာဝန်ကြီးက ရုံးခန်းမှာနေထိုင်ပြီး

ညွန်ကြားကြီးကြပ်ပေးပါတယ်။ ဗော်လန်တီယာ ဆိုတာကလည်း ပရဟိတစိတ်ရှိသူ၊ သတ္တိရှိသူ၊ ကိုယ်ကျိုးစွန့်ပြီး အများအတွက် လာရောက်ကူညီပေးနေသူများ ဖြစ်ပါတယ်။ လူတိုင်းမလုပ်နိုင်ပါ လူအနည်းငယ်သာ လုပ်နိုင်ပါတယ်။

အနံ့ပျောက်လူနာတွေကို စင်တာမှာခေါ်ထားတဲ့ ရည်ရွယ်ချက်က သူတို့ကို ဆေးစစ်ပေးဖို့၊ သူတို့မိသားစုတွေ အိမ်နီးနားချင်းတွေကို ထပ်မံမကူးစက်အောင်၊ ရောဂါလက္ခဏာ မပြင်းထန်သူတွေကို ကုသပေးဖို့၊

ရောဂါပြင်းထန်ရင် ဆေးရုံကိုလွှဲပေးနိုင်ဖို့ ဖြစ်ပါတယ်။ အိပ်ရာထိုင်ခင်း၊ ရေမီး၊ အစားအသောက်တွေကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများကအလှူရှင်များ၏ လှူဒါန်းငွေနဲ့ စီမံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ရောဂါသည် တစ်ဦးတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ပါ။ အားလုံးညီညွတ်မှ အောင်မြင်မှာပါ။ ဒါကြောင့် ပူးပေါင်းပေးပါ။ တချို့ အဆင်မပြေတာရှိရင်လည်း သည်းခံပေးကြပါ။ ခရက်ဒစ်