လက္ရွိ​ကိုဗစ္ကာလမွာ အလုပ္မရွိသျဖင့္ အေဆာင္ခ မေပးနိုင္သည့္ အလုပ္သမားမ်ားကို အိမ္ရွင္မွ ေမာင္းထုတ္ေန

ရန္ကုန္တိုင္းေဒသႀကီးအတြင္း Covid ကာလ စက္႐ုံ အလုပ္႐ုံရပ္နားသည့္ျဖစ္စဥ္မ်ားေၾကာင့္ အလုပ္သမားမ်ား ေနထိုင္ၾကသည့္ အေဆာင္ႏွင့္ အိမ္တို့ မွ ေမာင္းထုတ္ခံ ရသည့္ အေျခအေနမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။

ျမန္မာနိုင္ငံ လုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္၏ လက္ေထာက္အေထြေထြ အတြင္းေရးမွူး ေဒၚၿဖိဳးစႏၵာစိုးက တကယ္ျဖစ္ရမွာက က်န္းမာေရးဝန္ႀကီးဌာနက ဒီလိုမထုတ္ျပန္ခင္မွာ အစိုးရရယ္ စီးပြားေရးလုပ္ငန္းရွင္ေတြရယ္။

အလုပ္သမားေတြရယ္။ သုံးပြင့္ဆိုင္ေတြ႕ဆုံေဆြး ေႏြးမွု လုပ္ရမယ္။ အကယ္၍မ်ား ပိတ္ဖို့စဥ္းစားတယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြ ဒီအခ်က္ေတြ လုပ္ရမယ္ဆိုတာ ႀကိဳတင္ျပင္ဆင္ ထားမွု အားနည္းတာကို ေတြ႕ရတယ္။

အစိုးရအလုပ္ရွင္ အလုပ္သမား ပူးေပါင္းေဆာင္ရြက္မွု အားနည္းတာကို ေတြ႕ရတယ္။ အဓိကေတာ့ စက္႐ုံအလုပ္႐ုံေတြက အလုပ္သမားေတြ ပိုၿပီးေတာ့ ခံရတာေပါ့။ နိုင္ငံအေနနဲ႔ ႀကိဳတင္ျပင္ဆင္မွု အားနည္းတဲ့အခါက်ေတာ့

ေအာက္ေျခက အေျခခံအလုပ္သမားေတြက ပိုၿပီးခံရတယ္။ သူတို့မိသားစုေတြပိုခံရတယ္။ အခုဆိုရင္ အလုပ္သမားေတြအမ်ားႀကီးပဲ ေမးခြန္းေတြေမးၾကတယ္။ သူတို့မွာစားစရာလည္း မရွိေတာ့ပါဘူး။ အေဆာင္ေနဖို့လည္း

အဆင္မေျပေတာ့ပါဘူး။ ပထမပိတ္ရက္ ၁၄ ရက္မွာ ကတည္းကိုက အေဆာင္ပိုင္ရွင္ အိမ္ပိုင္ရွင္ေတြက သူတို့ေစာင့္ေပးပါလို့ ေမတၱာရပ္ခံထားလို့ ေစာင့္ေပးထားတာ။ ဒါေပမယ့္ ဒီတစ္ႀကိမ္မွာ ဒီထက္ၾကာရင္ အိမ္ပိုင္ရွင္ေတြက

မေစာင့္နိုင္ေတာ့ ဘူး သူတို့ကိုထြက္ခြာေပးပါလို့ သူတို့မွာၾကဳံေတြ႕ေနရတယ္။ Covidကူးစက္မွုႏွုန္း ပိုျမင့္လာရင္ ဒါေတြ ႀကိဳတင္ျပင္ဆင္ထားရမယ္ဆိုတာ သိၾကတယ္။ တကယ့္လက္ေတြ႕မွာ အစိုးရအလုပ္ရွင္ အလုပ္သမား

သုံးပြင့္ဆိုင္ ပူးေပါင္းေဆာင္ရြက္မွု အားနည္းတယ္။ Stay at home မွုဝါဒခ်ထားတယ္ဆိုရင္ အိမ္မွာေနဖို့ကိုသူတို့လက္ထဲမွာပိုက္ဆံရွိမွရမယ္။ပိုက္ဆံမရွိရင္ေတာ့ ေသခ်ာတယ္ အလုပ္သမားေတြ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ

အမ်ားႀကီးခံစားရမွာျဖစ္ပါတယ္။ မေန႔တုန္းက သတင္းေတြမွာေတြ႕လိုက္ရတယ္။ အလုပ္သမားတစ္ဦးႀကိဳးဆြဲခ်ေသတာ။ ဘာလို့လဲဆိုေတာ့ ပိုက္ဆံလုံးဝမရွိေတာ့လို့။ သတင္းေတြတက္လာတယ္။ အိမ္ရာေတြမွာေဖာက္ထြင္းခံရတယ္။

အဲဒါဘာကိုျပသလဲ ဆိုရင္ အလုပ္သမားေတြ စားစရာလုံးဝမရွိေတာ့ဘူး။ ေသခ်ာတာက အဲဒီလိုေနာက္ဆက္တြဲေတြျဖစ္ လာမွာျဖစ္တယ္။ အစိုးရအေနနဲ႔ အလုပ္သမားေတြ လက္ထဲကို ေထာက္ပံံ့မွုေတြ အခ်ိန္မီေရာက္ေအာင္

လုပ္ေပးဖို့လိုတယ္” ဟု ေျပာပါသည္။ စက္တင္ဘာ ၂၀ ရက္ႏွင့္ ေအာက္တိုဘာ ၅ ရက္က က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးမွ စက္႐ုံ အလုပ္႐ုံမ်ား ယာယီရပ္ဆိုင္းထားရန္

ညႊန္ၾကားခ်က္ ထုတ္ျပန္ထားသည္။ ထိုသို့ Stay at home အစီအစဥ္အရ စက္႐ုံ အလုပ္ ႐ုံမ်ားရွိ အလုပ္သမားမ်ား စက္တင္ဘာ ၂၁ ရက္မွ စတင္ကာ အလုပ္မ်ားစတင္ရပ္နားခံရၿပီး အခက္အခဲမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္းသိရသည္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလက စားဝတ္ေနေရးၾကပ္တည္း ေနမွုကို အစိုးရမွ ေျဖရွင္းေပးရန္ႏွင့္ ၂၀၂၀ ေမလတြင္ အနည္းဆုံး လုပ္ခလစာႏွုန္းထား အသစ္ သတ္မွတ္ေပးေရးအပါအဝင္

ေတာင္းဆိုခ်က္မ်ား ကို ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္သာယာ ၿမိဳ့နယ္ အတြင္းရွိ အထည္ခ်ဳပ္စက္႐ုံ၂၀႐ုံမွ အလုပ္သမား ေထာင္ခ်ီကာ ဆႏၵျပ ေတာင္းဆိုခဲ့ၾကသည့္ ျဖစ္စဥ္ျဖစ္ေပၚခဲ့သည္။ (ေက်ာ္္္္္္္ႀကီး) ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid ကာလ စက်ရုံ အလုပ်ရုံရပ်နားသည့်ဖြစ်စဉ်များကြောင့် အလုပ်သမားများ နေထိုင်ကြသည့် အဆောင်နှင့် အိမ်တို့ မှ မောင်းထုတ်ခံ ရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက တကယ်ဖြစ်ရမှာက ကျန်းမာရေးဝန်ကြီးဌာနက ဒီလိုမထုတ်ပြန်ခင်မှာ အစိုးရရယ် စီးပွားရေးလုပ်ငန်းရှင်တွေရယ်။

အလုပ်သမားတွေရယ်။ သုံးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးမှု လုပ်ရမယ်။ အကယ်၍များ ပိတ်ဖို့စဉ်းစားတယ်ဆိုရင်တော့ ဒီအချက်တွေ ဒီအချက်တွေ လုပ်ရမယ်ဆိုတာ ကြိုတင်ပြင်ဆင် ထားမှု အားနည်းတာကို တွေ့ရတယ်။

အစိုးရအလုပ်ရှင် အလုပ်သမား ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကို တွေ့ရတယ်။ အဓိကတော့ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေ ပိုပြီးတော့ ခံရတာပေါ့။ နိုင်ငံအနေနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းတဲ့အခါကျတော့

အောက်ခြေက အခြေခံအလုပ်သမားတွေက ပိုပြီးခံရတယ်။ သူတို့မိသားစုတွေပိုခံရတယ်။ အခုဆိုရင် အလုပ်သမားတွေအများကြီးပဲ မေးခွန်းတွေမေးကြတယ်။ သူတို့မှာစားစရာလည်း မရှိတော့ပါဘူး။ အဆောင်နေဖို့လည်း

အဆင်မပြေတော့ပါဘူး။ ပထမပိတ်ရက် ၁၄ ရက်မှာ ကတည်းကိုက အဆောင်ပိုင်ရှင် အိမ်ပိုင်ရှင်တွေက သူတို့စောင့်ပေးပါလို့ မေတ္တာရပ်ခံထားလို့ စောင့်ပေးထားတာ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ဒီထက်ကြာရင် အိမ်ပိုင်ရှင်တွေက

မစောင့်နိုင်တော့ ဘူး သူတို့ကိုထွက်ခွာပေးပါလို့ သူတို့မှာကြုံတွေ့နေရတယ်။ Covidကူးစက်မှုနှုန်း ပိုမြင့်လာရင် ဒါတွေ ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာ သိကြတယ်။ တကယ့်လက်တွေ့မှာ အစိုးရအလုပ်ရှင် အလုပ်သမား

သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်။ Stay at home မှုဝါဒချထားတယ်ဆိုရင် အိမ်မှာနေဖို့ကိုသူတို့လက်ထဲမှာပိုက်ဆံရှိမှရမယ်။ပိုက်ဆံမရှိရင်တော့ သေချာတယ် အလုပ်သမားတွေ နောက်ဆက်တွဲဆိုးကျိုးတွေ

အများကြီးခံစားရမှာဖြစ်ပါတယ်။ မနေ့တုန်းက သတင်းတွေမှာတွေ့လိုက်ရတယ်။ အလုပ်သမားတစ်ဦးကြိုးဆွဲချသေတာ။ ဘာလို့လဲဆိုတော့ ပိုက်ဆံလုံးဝမရှိတော့လို့။ သတင်းတွေတက်လာတယ်။ အိမ်ရာတွေမှာဖောက်ထွင်းခံရတယ်။

အဲဒါဘာကိုပြသလဲ ဆိုရင် အလုပ်သမားတွေ စားစရာလုံးဝမရှိတော့ဘူး။ သေချာတာက အဲဒီလိုနောက်ဆက်တွဲတွေဖြစ် လာမှာဖြစ်တယ်။ အစိုးရအနေနဲ့ အလုပ်သမားတွေ လက်ထဲကို ထောက်ပံံ့မှုတွေ အချိန်မီရောက်အောင်

လုပ်ပေးဖို့လိုတယ်” ဟု ပြောပါသည်။ စက်တင်ဘာ ၂၀ ရက်နှင့် အောက်တိုဘာ ၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးမှ စက်ရုံ အလုပ်ရုံများ ယာယီရပ်ဆိုင်းထားရန်

ညွှန်ကြားချက် ထုတ်ပြန်ထားသည်။ ထိုသို့ Stay at home အစီအစဉ်အရ စက်ရုံ အလုပ် ရုံများရှိ အလုပ်သမားများ စက်တင်ဘာ ၂၁ ရက်မှ စတင်ကာ အလုပ်များစတင်ရပ်နားခံရပြီး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက စားဝတ်နေရေးကြပ်တည်း နေမှုကို အစိုးရမှ ဖြေရှင်းပေးရန်နှင့် ၂၀၂၀ မေလတွင် အနည်းဆုံး လုပ်ခလစာနှုန်းထား အသစ် သတ်မှတ်ပေးရေးအပါအဝင်

တောင်းဆိုချက်များ ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် အတွင်းရှိ အထည်ချုပ်စက်ရုံ၂၀ရုံမှ အလုပ်သမား ထောင်ချီကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့သည်။ (ကျော်ကြီး) ခရက်ဒစ်