Mask မတပ္ဘဲသြားလာပါက ေငြႏွစ္ရာက်ပ္ ဒဏ္ရိုက္မည္ဟု နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေျပာၾကား

ရန္ကုန္တိုင္းေဒသႀကီးအတြင္း သြားလာေနသူမ်ားအေနျဖင့္ Mask မတပ္ဘဲသြားလာပါက ေငြက်ပ္ ၂၀၀ ဒဏ္ရိုက္မည္ဟု နိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က

ေအာက္တိုဘာလ ၅ ရက္ ည တြင္ေျပာၾကားသည့္ မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။ “အထူးသျဖင့္ ရန္ကုန္တိုင္းမွာေပါ့။ ရန္ကုန္တိုင္းမွာကေတာ့ ေရာဂါပိုးျပန႔္ပြားတဲ့ေနရာ တစ္ေနရာလည္း ျဖစ္ေနပါတယ္။

လက္ရွိ​ရန္ကုန္တိုင္းမွာ maskမတပ္ဘဲ ေဈးေတြမွာသြားတာမ်ားလြန္းလို့၊ လူစုလူေဝးရွိတဲ့ေနရာေတြမွာသြားတာ မ်ားလြန္းလို့ အခုဆိုရင္ ေငြဒဏ္ရိုက္ဖို့ ဆုံးျဖတ္ပါတယ္။ maskမတပ္ပဲ ေဈးေတြ၊ လူစုလူေဝးရွိတဲ့ေနရာကိုသြားတဲ့သူေတြ၊

maskတပ္သင့္တပ္ထိုက္တဲ့ေနရာေတြသြားတဲ့အခါ maskတပ္ပါဆိုၿပီးေတာ့ က်န္းမာေရးဝန္ႀကီးဌာနက စည္းကမ္းခ်က္ထုတ္ထားတဲ့ ေနရာေတြမွာ maskမတပ္ရင္ အခုဆိုရင္ ေငြဒဏ္ရိုက္မွာျဖစ္ပါတယ္။ ​ေငြဒဏ္ကလည္း အမ်ားႀကီးမရိုက္ပါဘူး။

ဒီလို ေငြဒဏ္ရိုက္တာကလည္း ျပည္သူေတြကို ဒုကၡေပးခ်င္လို့ မဟုတ္ဘူး။ ဒီအခ်ိန္မွာ ကၽြန္မတို့နိုင္ငံဟာ အျခားနိုင္ငံမ်ားနည္းတူ စီးပြားေရးအက်ပ္ အတည္းေတြရွိတယ္ဆိုတာလည္း နားလည္ပါတယ္။ ဒီလို စီးပြားေရးအၾကပ္အတည္းေတြ

ရွိတဲ့အခ်ိန္မွာ ပိုၿပီးေတာ့ မလိုအပ္တဲ့ဝန္ထုပ္ဝန္ပိုးေတြ မေပးခ်င္ပါဘူး။ ဒါေပမယ့္လည္း ဒါဟာအေရးႀကီးတယ္ ဆိုတာကို နားလည္ေစခ်င္ပါတယ္။ ဒါေၾကာင့္မို့ ေငြဒဏ္ရိုက္မယ္၊ ေငြဒဏ္ရိုက္တဲ့တစ္ခ်ိန္တည္းမွာလည္း mask တစ္ခုကိုလည္း

ဝယ္ခိုင္းမယ္၊ ေငြဒဏ္တစ္ခုရဲ့တန္ဖိုးပါ ပါတာေပါ့။ ေငြဒဏ္ေတာ့ေပးရ မယ္၊ မမ်ားပါဘူး ၂၀၀လို့ သတ္မွတ္ထားပါတယ္၊၂၀၀ထဲမွာ ဒဏ္ရိုက္တာက ၁၅၀ေလာက္ ၊ maskဖိုးက ၅၀ ေလာက္ေပါ့၊ maskတစ္ခုလည္း ျပန္ေပးပါမယ္၊

ခ်က္ခ်င္းတပ္သြားၿပီးေတာ့ ဒီဟာကို အေလ့အက်င့္ျဖစ္ေအာင္လုပ္ပါလို့ ေမတၱာရပ္ခံခ်င္ပါတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္ကဆိုသည္။ အခ်ိဳ့နိုင္ငံေသာ စီးပြားေရး ေတာင့္တင္းေသာနိုင္ငံမ်ားတြင္ Covid-19 ေရာဂါကို

လုံးဝထိန္းခ်ဳပ္နိုင္ျခင္းမရွိေသး ေသာ္လည္း ေရရွည္တြင္စီး ပြားေရးလုပ္ငန္းကိုမက်ဆင္းေစရန္စဥ္းစားၾကရာတြင္ ပထမဦးဆုံးအခ်က္အေနျဖင့္ လူအမ်ားက maskတပ္သည့္အေလ့အက်င့္ကိုျဖစ္ေအာင္လုပ္ၾကရမည္ဟုေျပာၾကေၾကာင္းလည္း ၎ကဆိုသည္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာနေသူများအနေဖြင့် Mask မတပ်ဘဲသွားလာပါက ငွေကျပ် ၂၀၀ ဒဏ်ရိုက်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က

အောက်တိုဘာလ ၅ ရက် ည တွင်ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ “အထူးသဖြင့် ရန်ကုန်တိုင်းမှာပေါ့။ ရန်ကုန်တိုင်းမှာကတော့ ရောဂါပိုးပြန့်ပွားတဲ့နေရာ တစ်နေရာလည်း ဖြစ်နေပါတယ်။

လက်ရှိရန်ကုန်တိုင်းမှာ maskမတပ်ဘဲ ဈေးတွေမှာသွားတာများလွန်းလို့၊ လူစုလူဝေးရှိတဲ့နေရာတွေမှာသွားတာ များလွန်းလို့ အခုဆိုရင် ငွေဒဏ်ရိုက်ဖို့ ဆုံးဖြတ်ပါတယ်။ maskမတပ်ပဲ ဈေးတွေ၊ လူစုလူဝေးရှိတဲ့နေရာကိုသွားတဲ့သူတွေ၊

maskတပ်သင့်တပ်ထိုက်တဲ့နေရာတွေသွားတဲ့အခါ maskတပ်ပါဆိုပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက စည်းကမ်းချက်ထုတ်ထားတဲ့ နေရာတွေမှာ maskမတပ်ရင် အခုဆိုရင် ငွေဒဏ်ရိုက်မှာဖြစ်ပါတယ်။ ငွေဒဏ်ကလည်း အများကြီးမရိုက်ပါဘူး။

ဒီလို ငွေဒဏ်ရိုက်တာကလည်း ပြည်သူတွေကို ဒုက္ခပေးချင်လို့ မဟုတ်ဘူး။ ဒီအချိန်မှာ ကျွန်မတို့နိုင်ငံဟာ အခြားနိုင်ငံများနည်းတူ စီးပွားရေးအကျပ် အတည်းတွေရှိတယ်ဆိုတာလည်း နားလည်ပါတယ်။ ဒီလို စီးပွားရေးအကြပ်အတည်းတွေ

ရှိတဲ့အချိန်မှာ ပိုပြီးတော့ မလိုအပ်တဲ့ဝန်ထုပ်ဝန်ပိုးတွေ မပေးချင်ပါဘူး။ ဒါပေမယ့်လည်း ဒါဟာအရေးကြီးတယ် ဆိုတာကို နားလည်စေချင်ပါတယ်။ ဒါကြောင့်မို့ ငွေဒဏ်ရိုက်မယ်၊ ငွေဒဏ်ရိုက်တဲ့တစ်ချိန်တည်းမှာလည်း mask တစ်ခုကိုလည်း

ဝယ်ခိုင်းမယ်၊ ငွေဒဏ်တစ်ခုရဲ့တန်ဖိုးပါ ပါတာပေါ့။ ငွေဒဏ်တော့ပေးရ မယ်၊ မများပါဘူး ၂၀၀လို့ သတ်မှတ်ထားပါတယ်၊၂၀၀ထဲမှာ ဒဏ်ရိုက်တာက ၁၅၀လောက် ၊ maskဖိုးက ၅၀ လောက်ပေါ့၊ maskတစ်ခုလည်း ပြန်ပေးပါမယ်၊

ချက်ချင်းတပ်သွားပြီးတော့ ဒီဟာကို အလေ့အကျင့်ဖြစ်အောင်လုပ်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ အချို့နိုင်ငံသော စီးပွားရေး တောင့်တင်းသောနိုင်ငံများတွင် Covid-19 ရောဂါကို

လုံးဝထိန်းချုပ်နိုင်ခြင်းမရှိသေး သော်လည်း ရေရှည်တွင်စီး ပွားရေးလုပ်ငန်းကိုမကျဆင်းစေရန်စဉ်းစားကြရာတွင် ပထမဦးဆုံးအချက်အနေဖြင့် လူအများက maskတပ်သည့်အလေ့အကျင့်ကိုဖြစ်အောင်လုပ်ကြရမည်ဟုပြောကြကြောင်းလည်း ၎င်းကဆိုသည်။ ခရက်ဒစ်