ေအာင္လအန္ဆန္ရဲ႕ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲ က်င္းပမည့္ရက္ကို ထုတ္​ျပန္​​ေၾကညာၿပီ

One ဝိတ္တန္းႏွစ္ခုခ်န္ပီယံ ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္ ၏ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ကာကြယ္ပြဲကို ေအာက္တိုဘာ (၃၀) ရက္တြင္ က်င္းပမည္ျဖစ္သည္။

ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲအျဖစ္ နယ္သာလန္ နိုင္ငံသား ဒီရစ္ဒါႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္သည္။One Championship သည္ ေအာက္တိုဘာ ၃၀ ရက္တြင္ Inside The Matrix အမည္ျဖင့္

က်င္းပမည့္ၿပိဳင္ပြဲတြင္ပါဝင္မည့္ ကမာၻ႔ခ်န္ပီယံစိန္ေခၚပြဲေလးပြဲကို ထုတ္ျပန္ခဲ့ရာ ေအာင္လအန္ဆန္၏ တြဲဆိုင္းလည္းပါဝင္ခဲ့ျခင္းျဖစ္သည္။ ကမာၻ႔နိုင္ငံမ်ားတြင္ ျဖစ္ေပၚေနသည့္ကိုဗစ္-၁၉ ေရာဂါအေျခအေနေၾကာင့္ေအာင္လအန္ဆန္အေနျဖင့္

ယခုႏွစ္အတြင္း ပထမဆုံးပြဲကို ေအာက္တိုဘာမွ ယွဥ္ၿပိဳင္ထိုးသတ္ရျခင္းျဖစ္သည္။ ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲကို ၂၀၁၉ ခုႏွစ္ မတ္လက ေနာက္ဆုံးထိုးသတ္ခဲ့ၿပီး တစ္ႏွစ္ခြဲေက်ာ္အၾကာမွ

ျပန္လည္ထိုးသတ္ရျခင္း ျဖစ္သည္။ ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲ ေလးပြဲေျမာက္ အျဖစ္ ဒီရစ္ဒါႏွင့္ ထိုးသတ္ျခင္း ျဖစ္ၿပီး ၿပီးခဲ့သည့္သုံးပြဲစလုံး အနိုင္ရထားသည္။ ေအာင္လအန္ဆန္သည္

ဂ်ပန္နိုင္ငံသား ဟဆဲဂါဝါႏွင့္ ႏွစ္ပြဲ၊ လက္ဘႏြန္နိုင္ငံသား ကရာကီႏွင့္ တစ္ပြဲထိုးသတ္ထားရာ သုံးပြဲစလုံး အနိုင္ရၿပီး ခ်န္ပီယံဆုကာကြယ္ထားသည္။ ဒီရစ္ဒါသည္ ၁၂ ပြဲစလုံး အနိုင္ရကာ မွတ္တမ္းေကာင္းပိုင္ဆိုင္ထားၿပီး

မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို ကာကြယ္ခြင့္ရခဲ့ျခင္း ျဖစ္သည္။ ေအာင္လအန္ဆန္သည္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာက ေနာက္ဆုံးထိုးသတ္ခဲ့သည့္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲတြင္လည္း

ဖိလစ္ပိုင္နိုင္ငံသား ဘရန္ဒန္ဗီရာကို အနိုင္ရထားသည္။ ေအာင္လအန္ဆန္သည္ One Championship ၏ မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္း

ကမာၻ႔ခ်န္ပီယံျဖစ္ၿပီး မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲသုံးပြဲ၊ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲ တစ္ပြဲ ထိုးသတ္ထားရာ ပြဲတိုင္းအနိုင္ရထားသည္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

One ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန် ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို အောက်တိုဘာ (၃၀) ရက်တွင် ကျင်းပမည်ဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန် နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။One Championship သည် အောက်တိုဘာ ၃၀ ရက်တွင် Inside The Matrix အမည်ဖြင့်

ကျင်းပမည့်ပြိုင်ပွဲတွင်ပါဝင်မည့် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲလေးပွဲကို ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်၏ တွဲဆိုင်းလည်းပါဝင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့်ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့်အောင်လအန်ဆန်အနေဖြင့်

ယခုနှစ်အတွင်း ပထမဆုံးပွဲကို အောက်တိုဘာမှ ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ၂၀၁၉ ခုနှစ် မတ်လက နောက်ဆုံးထိုးသတ်ခဲ့ပြီး တစ်နှစ်ခွဲကျော်အကြာမှ

ပြန်လည်ထိုးသတ်ရခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ လေးပွဲမြောက် အဖြစ် ဒီရစ်ဒါနှင့် ထိုးသတ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲစလုံး အနိုင်ရထားသည်။ အောင်လအန်ဆန်သည်

ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့် တစ်ပွဲထိုးသတ်ထားရာ သုံးပွဲစလုံး အနိုင်ရပြီး ချန်ပီယံဆုကာကွယ်ထားသည်။ ဒီရစ်ဒါသည် ၁၂ ပွဲစလုံး အနိုင်ရကာ မှတ်တမ်းကောင်းပိုင်ဆိုင်ထားပြီး

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာက နောက်ဆုံးထိုးသတ်ခဲ့သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင်လည်း

ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို အနိုင်ရထားသည်။ အောင်လအန်ဆန်သည် One Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း

ကမ္ဘာ့ချန်ပီယံဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲသုံးပွဲ၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တစ်ပွဲ ထိုးသတ်ထားရာ ပွဲတိုင်းအနိုင်ရထားသည်။ ခရက်ဒစ်