မိသားစု၀မ္းေရးအတြက္ ေတာ္ေတာ္ေလးခက္ခဲ​ေနလုိ႔ လူသူကင္း​မဲ့​ေနတဲ့လွည္းတန္းကုိ စာကေလးေရာင္းရန္ ေန႔စဥ္လာမွာပါလုိ႔ဆုိခဲ့တဲ့ ဦးေလးႀကီး

၀မ္းေရးအတြက္ ေတာ္ေတာ္ေလးခက္ေနလုိ႔ လူသူမဲ့တဲ့လွည္းတန္းကုိ စာကေလးေရာင္းရန္ ေန႔စဥ္လာမွာဆုိတဲ့ ဦးေလး။ ကိုဗစ္၁၉ ဒုတိယလႈိင္းေၾကာင့္ Stay at Home လုပ္ထားသည့္ ရန္ကုန္ၿမိဳ႕မွာ

တိတ္ဆိတ္ၿပီး လူမရွိေသာ္လည္း အသက္ ၆၀အ႐ြယ္ စာကေလးေရာင္းသူ ဦးစိန္ျမင့္ကေတာ့ ေဈးထြက္ေနရဆဲ။စားေသာက္ကုန္ဆိုင္အခ်ိဳ႕ဝယ္သူမရွိ ပိတ္ထားခ်ိန္ လွည္းတန္း ဦးထြန္းလင္းၿခံ လမ္းထိပ္ကို

နံနက္ ၉ နာရီခန႔္ အေရာက္လာၿပီး တခါတရံ ညေနေစာင္းအထိ ေဈးဦးမေပါက္ေပမယ့္ ဦးစိန္ျမင့္အတြက္ စာကေလးေရာင္းျခင္းကလႊဲ၍ အျခားေ႐ြးစရာမရွိ။ ဤလမ္းတြင္ စာကေလးေရာင္းသည္မွာ ၅ ႏွစ္ခန႔္ရွိေပမယ့္

လမ္းထဲမွ လမ္းထိပ္သို႔ ေနရာေျပာင္း ေရာင္းျခင္းမွ လႊဲ၍ တျခား အလုပ္ေျပာင္းဖို႔ သူမစဥ္းစားတတ္။ တေကာင္ ၅၀၀က်ပ္ျဖင့္ေရာင္းေသာ ငွက္မ်ားက အရင္တေန႔ အေကာင္ ၈၀ခန႔္ကုန္ကာ ေငြတေသာင္းခြဲခန႔္

ဝင္ေသာ္လည္း အခုအခါ ၁၀ ေကာင္ ၁၅ေကာင္သာ ေရာင္းရၿပီး ေငြက်ပ္ ၃ေထာင္ခန႔္ျဖင္သာ အိမ္ျပန္ရသျဖင့္ ဒလမွလာသည့္ သူ႔အတြက္ အသြားအျပန္စရိတ္ႏႈတ္ပါက စားဖို႔ပင္ မေလာက္။

ထို႔အတြက္ သမုဒၵရာ ဝမ္းတထြာေၾကာင့္ တားျမစ္မိန႔္ကို လစ္လ်ဴရႈကာ ၿမိဳ႕နယ္အသီးသီးကို ျဖတ္၍ လွည္းတန္းသို႔ သူလာရသည္။ ၁၉၈၀ေက်ာ္ကာလက ၁၀တန္းေအာင္ကာ အစိုးရေလေၾကာင္းလိုင္းတြင္

စာေရးအျဖစ္ အသက္ေမြးခဲ့သည့္ ဦးစိန္ျမင့္မွာ ယခုအခါ တသိန္းေက်ာ္သာတန္သည့္အိမ္ပင္ ေဆာက္ရန္ေငြမရွိ၊ ရပ္ေဆြရပ္မ်ိဳးမ်ားက ေဆာက္ေပး၍သာ ေနခြင့္ရၿပီး၊ အိမ္သာပင္ သူမ်ားႏွင့္ရွယ္ကာ

သုံးေနရသည္ဟုဆိုသည္၊ ပူေပါင္းအ႐ုပ္မ်ားလုပ္ကာ ေရာင္းသည့္ ဇနီးသည္ကလည္း ကိုဗစ္ေၾကာင့္ အလုပ္ရပ္ထားရသျဖင့္ တအိမ္လုံး ထမင္းနပ္မွန္ဖို႔အေရးက သူ႔ပခုံးေပၚေရာက္လာသည္။

ဆရာမျဖစ္လိုသည့္ ၁၁ႏွစ္သမီးငယ္ႏွင့္ မင္းသားျဖစ္လိုသည့္ ၁၃ႏွစ္ အ႐ြယ္သားကို ပညာဆုံးခန္းတိုင္ေအာင္ ေက်ာင္းထားေပးခ်င္ေသးသည္။ သူ႔၏ ေနစဥ္ဝင္ေငြမ်ား ရပ္တန႔္သြားမည္ကို ကိုဗစ္၁၉ ေရာဂါ

ကူးစက္ခံရမည္ထက္ ေၾကာက္သျဖင့္ ေန႔စဥ္ ဒလမွ လွည္းတန္းသို႔ သူလာသည္။ ထို႔အတြက္ လူမရွိသည့္ လွည္းတန္းသို႔ ဦးစိန္ျမင့္ စာကေလးေရာင္းရန္ ေန႔စဥ္ လာေနဦးမည္ျဖစ္သည္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

၀မ်းရေးအတွက် တော်တော်လေးခက်နေလို့ လူသူမဲ့တဲ့လှည်းတန်းကို စာကလေးရောင်းရန် နေ့စဉ်လာမှာဆိုတဲ့ ဦးလေး။ ကိုဗစ်၁၉ ဒုတိယလှိုင်းကြောင့် Stay at Home လုပ်ထားသည့် ရန်ကုန်မြို့မှာ

တိတ်ဆိတ်ပြီး လူမရှိသော်လည်း အသက် ၆၀အရွယ် စာကလေးရောင်းသူ ဦးစိန်မြင့်ကတော့ ဈေးထွက်နေရဆဲ။စားသောက်ကုန်ဆိုင်အချို့ဝယ်သူမရှိ ပိတ်ထားချိန် လှည်းတန်း ဦးထွန်းလင်းခြံ လမ်းထိပ်ကို

နံနက် ၉ နာရီခန့် အရောက်လာပြီး တခါတရံ ညနေစောင်းအထိ ဈေးဦးမပေါက်ပေမယ့် ဦးစိန်မြင့်အတွက် စာကလေးရောင်းခြင်းကလွှဲ၍ အခြားရွေးစရာမရှိ။ ဤလမ်းတွင် စာကလေးရောင်းသည်မှာ ၅ နှစ်ခန့်ရှိပေမယ့်

လမ်းထဲမှ လမ်းထိပ်သို့ နေရာပြောင်း ရောင်းခြင်းမှ လွှဲ၍ တခြား အလုပ်ပြောင်းဖို့ သူမစဉ်းစားတတ်။ တကောင် ၅၀၀ကျပ်ဖြင့်ရောင်းသော ငှက်များက အရင်တနေ့ အကောင် ၈၀ခန့်ကုန်ကာ ငွေတသောင်းခွဲခန့်

ဝင်သော်လည်း အခုအခါ ၁၀ ကောင် ၁၅ကောင်သာ ရောင်းရပြီး ငွေကျပ် ၃ထောင်ခန့်ဖြင်သာ အိမ်ပြန်ရသဖြင့် ဒလမှလာသည့် သူ့အတွက် အသွားအပြန်စရိတ်နှုတ်ပါက စားဖို့ပင် မလောက်။

ထို့အတွက် သမုဒ္ဒရာ ဝမ်းတထွာကြောင့် တားမြစ်မိန့်ကို လစ်လျူရှုကာ မြို့နယ်အသီးသီးကို ဖြတ်၍ လှည်းတန်းသို့ သူလာရသည်။ ၁၉၈၀ကျော်ကာလက ၁၀တန်းအောင်ကာ အစိုးရလေကြောင်းလိုင်းတွင်

စာရေးအဖြစ် အသက်မွေးခဲ့သည့် ဦးစိန်မြင့်မှာ ယခုအခါ တသိန်းကျော်သာတန်သည့်အိမ်ပင် ဆောက်ရန်ငွေမရှိ၊ ရပ်ဆွေရပ်မျိုးများက ဆောက်ပေး၍သာ နေခွင့်ရပြီး၊ အိမ်သာပင် သူများနှင့်ရှယ်ကာ

သုံးနေရသည်ဟုဆိုသည်၊ ပူပေါင်းအရုပ်များလုပ်ကာ ရောင်းသည့် ဇနီးသည်ကလည်း ကိုဗစ်ကြောင့် အလုပ်ရပ်ထားရသဖြင့် တအိမ်လုံး ထမင်းနပ်မှန်ဖို့အရေးက သူ့ပခုံးပေါ်ရောက်လာသည်။

ဆရာမဖြစ်လိုသည့် ၁၁နှစ်သမီးငယ်နှင့် မင်းသားဖြစ်လိုသည့် ၁၃နှစ် အရွယ်သားကို ပညာဆုံးခန်းတိုင်အောင် ကျောင်းထားပေးချင်သေးသည်။ သူ့၏ နေစဉ်ဝင်ငွေများ ရပ်တန့်သွားမည်ကို ကိုဗစ်၁၉ ရောဂါ

ကူးစက်ခံရမည်ထက် ကြောက်သဖြင့် နေ့စဉ် ဒလမှ လှည်းတန်းသို့ သူလာသည်။ ထို့အတွက် လူမရှိသည့် လှည်းတန်းသို့ ဦးစိန်မြင့် စာကလေးရောင်းရန် နေ့စဉ် လာနေဦးမည်ဖြစ်သည်။ ခရက်ဒစ်