ကိုယ်တိုင်လည်း အဆင်မပြေတဲ့ကြားထဲက​နေပြီး ချို့တဲ့သူတွေအား အမြဲတမ်းလှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင် ရဲလေးမ
ယူနီကုဒ်ဖြင့် ဖတ်ရန်
မရှိလို့မလှူ မလှူလို့မရှိဆိုတဲ့စကားကိုတော့ ရဲလေးမကဆန့်ကျင်လိုက်ပါပြီ။ ကိုယ်တိုင်လည်း မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေအောင်မနည်းရုန်းကန်နေရတဲ့အချိန်မှာ
ကိုယ့်ထက်ချို့တဲ့သူတွေမြင်ရင် အမြဲတမ်းလှူတတ်တဲ့သဒ္ဓါစိတ်လေးဟာ ချစ်စရာပါ။ ပိုက်ဆံတွေအများကြီးရှိနေမှလှူဒါန်းနိုင်တာမဟုတ်ပါဘူး ရင်ထဲကေ စတနာသာ အဓိကပါ။
အဆင်ပြေအောင်မုန့်ဟင်းခါးလေးချက်ရောင်းပေမယ့်လည်း ကံဆိုးစွာနဲ့ အရင်းပြုတ်ခဲ့ရတဲ့ ရဲလေးမကို ပရိသတ်တွေကလည်း ဂရုဏာသက်ကြပါတယ်။
အများကြီးမတတ်နိုင်ရင်တောင် ကိုယ်တတ်နိုင်သလောက်လေးကို အမြဲလှူဒါန်းပေးတတ် သူလည်း ဖြစ်ပါတယ်။ မိန်းမလျာ ဇာတ်ရုပ်တွေမှာလည်း ပီပြင်လွန်းတာကြောင့်
ပရိသတ်အားပေးမှုအပြည့် အ ဝရထားသူပါ။ ဒီနေ့မှာလည်း သူ့ရဲ့အလှူလေးတစ်ခုကို ” နေမကောင်းလို့ဆေးထိုးပြန်လာတဲ့သက်ကြီး ဆရာလေးကို ရှိတဲ့ချွေးနည်းစာလေးနဲ့
လှူဒါန်းကုသိုလ်ယူခဲ့ပါတယ်နော် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ သာဓုပါ ရဲလေးမရေ ဒီထက်မက အများကြီး လှူဒါန်းနိုင်ပါစေနော်။ ခရက်ဒစ်