ရန္ကုန္ကိုဗစ္တိုက္ပြဲမွာ စစ္ကူေပးဖို႔အတြက္​ ကခ်င္ျပည္နယ္က က်န္းမာေရးဝန္ထမ္းေတြ လာပါၿပီ

ကခ်င္ျပည္နယ္အတြင္းရွိ ေဆး႐ုံမ်ားမွ ရန္ကုန္တိုင္းေဒသႀကီး ကိုဗစ္ကုသေရးဌာန (သာေကတ)သို႔ ျမစ္ႀကီးနားၿမိဳ႕မွ ေအာက္တိုဘာ (၅)ရက္ မြန္းလြဲ (၁)နာရီခြဲတြင္ သြားေရာက္တာဝန္ ထမ္းေဆာင္ၾကမည့္

သူနာျပဳဆရာ/ဆရာမမ်ားအား ျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားကျမစ္ႀကီးနားျပည္သူ႕ေဆး႐ုံႀကီး၌ သြားေရာက္ေတြ႕ဆုံအားေပးခဲ့ၾကၿပီး ေထာက္ပံ့​ေငြမ်ား ေပးအပ္ခဲ့ၾကပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးသို႔ သြားေရာက္တာဝန္ထမ္းေဆာင္ၾကမည့္ သူနာျပဳဆရာ/ ဆရာမ (၂၀)ဦးတို႔သည္ျမစ္ႀကီးနားၿမိဳ႕မွ ေမာ္ေတာ္ယာဥ္ျဖင့္ ထြက္ခြာမည္ျဖစ္ရာ ျပည္နယ္လူမႈေရးဝန္ႀကီး ဦးေနဝင္း၊

ျပည္နယ္ျပည္သူ႕က်န္းမာ/ကုသေရးဦးစီးဌာနမႉး ေဒါက္တာေအးသိန္း၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာတင္လွ၊ ျပည္နယ္ကုသေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာတင့္နိုင္၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းႏွင့္

​ေဆး႐ုံႀကီးမွ အထူးကုဆရာဝန္ႀကီးႏွင့္တာဝန္ရွိသူမ်ားက သြားေရာက္ ေတြ႔ဆုံၾကၿပီး ေနထိုင္စားေသာက္မႈႏွင့္ က်န္းမာေရးအထူးဂ႐ုစိုက္ေနထိုင္ၾကေရး အားေပးမွာၾကား ခဲ့ၾကပါတယ္။

ထို႔ေနာက္ သူနာျပဳဆရာ/ ဆရာမ်ား ရန္ကုန္တြင္ ေနထိုင္စားေသာက္မႈ အဆင္ေျပေစေရး အတြက္ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက ျပည္နယ္အစိုးရအဖြဲ႕မွ ေထာက္ပံ့သည့္ ေငြက်ပ္၁၀ သိန္း၊ ျပည္နယ္ကုသေရးဦးစီးဌာနမွ

၁၂ သိန္း စုစုေပါင္း (၂၂)သိန္းကို ေထာက္ပံ့ေပးအပ္ခဲ့ၾကၿပီး သူနာျပဳဆရာ/ဆရာမမ်ားအား ႏႈတ္ဆက္ခဲ့ၾကပါတယ္။ အဆိုပါ ရန္ကုန္တိုင္းေဒသႀကီး ကိုဗစ္ ကုသေရးဌာန(သာေကတ)သို႔ သြားေရာက္တာဝန္ ထမ္းေဆာင္ၾကမည့္

သူနာျပဳဆရာ/ဆရာမတို႔အား ျပည္နယ္အစိုးရအဖြဲ႕မွ ေမာ္ေတာ္ယာဥ္စီစဥ္ေပးခဲ့ျခင္းျဖစ္ၿပီး အထက္တန္းသူနာျပဳဦးတင္လွိုင္ဦးႏွင့္ ေဒၚေအးသီတာခိုင္တို႔ ဦးေဆာင္၍ ျမစ္ႀကီးနား ျပည္သူ႕ေဆး႐ုံမွ (၁၂)ဦး၊ ဗန္းေမာ္ျပည္သူ႕ေဆး႐ုံမွ (၅)ဦး၊

မိုးညွင္းခရိုင္၊ ဟိုပင္၊ နမၼားတိုက္နယ္ ေဆး႐ုံတို႔မွ (၃)ဦး စုစုေပါင္း(၂၀)ဦးတို႔က သြားေရာက္ကူညီ အားျဖည့္တာဝန္ထမ္းေဆာင္ၾကမည္ ျဖစ္ေၾကာင္း သိရွိရပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်ကုသရေးဌာန (သာကေတ)သို့ မြစ်ကြီးနားမြို့မှ အောက်တိုဘာ (၅)ရက် မွန်းလွဲ (၁)နာရီခွဲတွင် သွားရောက်တာဝန် ထမ်းဆောင်ကြမည့်

သူနာပြုဆရာ/ဆရာမများအား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများကမြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ သွားရောက်တွေ့ဆုံအားပေးခဲ့ကြပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ ဆရာမ (၂၀)ဦးတို့သည်မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊

ပြည်နယ်ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှ၊ ပြည်နယ်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင့်နိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့်

ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက သွားရောက် တွေ့ဆုံကြပြီး နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအထူးဂရုစိုက်နေထိုင်ကြရေး အားပေးမှာကြား ခဲ့ကြပါတယ်။

ထို့နောက် သူနာပြုဆရာ/ ဆရာများ ရန်ကုန်တွင် နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက်ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်၁၀ သိန်း၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ

၁၂ သိန်း စုစုပေါင်း (၂၂)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး သူနာပြုဆရာ/ဆရာမများအား နှုတ်ဆက်ခဲ့ကြပါတယ်။ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ကုသရေးဌာန(သာကေတ)သို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့်

သူနာပြုဆရာ/ဆရာမတို့အား ပြည်နယ်အစိုးရအဖွဲ့မှ မော်တော်ယာဉ်စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး အထက်တန်းသူနာပြုဦးတင်လှိုင်ဦးနှင့် ဒေါ်အေးသီတာခိုင်တို့ ဦးဆောင်၍ မြစ်ကြီးနား ပြည်သူ့ဆေးရုံမှ (၁၂)ဦး၊ ဗန်းမော်ပြည်သူ့ဆေးရုံမှ (၅)ဦး၊

မိုးညှင်းခရိုင်၊ ဟိုပင်၊ နမ္မားတိုက်နယ် ဆေးရုံတို့မှ (၃)ဦး စုစုပေါင်း(၂၀)ဦးတို့က သွားရောက်ကူညီ အားဖြည့်တာဝန်ထမ်းဆောင်ကြမည် ဖြစ်ကြောင်း သိရှိရပါတယ်။ ခရက်ဒစ်