သူတုိ႔မိန္းမလ်ာ​ေတြကို ဘယ္လုိပဲႏွိမ္က်ပါေစ မိသားစုအတြက္ေတာ့ ကြၽန္မတို႔က သူရဲေကာင္းေတြပါပဲလို႔ဆုိကာ ဘဝတူမိန္းမလ်ာေတြအတြက္ ဆန္ေတြလွူဒါန္းေပးလိုက္တဲ့ ညီညီေမာင္

(အေျခာက္ေတြကို ဘယ္လုိပဲ ႏွိမ္က်ပါေစ မိသားစုအတြက္ေတာ့ ကြၽန္မတို႔က သူရဲေကာင္းေတြပါပဲ”လို႔ဆုိကာ ဘဝတူမိန္းမလ်ာေတြအတြက္ ဆန္ေတြလွူဒါန္းေပးလိုက္တဲ့ ညီညီေမာင္)

သုသုကေတာ့ ျမန္မာႏိုင္ငံရဲ႕နာမည္ႀကီးမိတ္ကပ္ပညာရွင္တစ္ေယာက္ျဖစ္သလို အခက္အခဲ၊ အတိုက္အခိုက္မ်ားတဲ့မိန္းမလ်ာဘဝကေန ဒီလိုအေျခအေနေရာက္ေအာင္ ႀကိဳးစားခဲ့ရသူမို႔

မိန္းမလ်ာေတြရဲ႕ စံျပတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ ဒီေန႔မွာေတာ့ လူနည္းစုျဖစ္တဲ့ဘဝတူမိန္းမလ်ာေတြအတြက္ အားေပးစကားေျပာရင္း သူတို႔ရဲ႕စားဝတ္ေနေရးအတြက္ တတ္ႏိုင္သမွ်လႉဒါန္းေပးခဲ့ပါတယ္။

“ကြၽန္မတို႔မိန္းမလ်ာေတြဟာ လူရယ္လို႔ျဖစ္လာကတည္းက ဘယ္သူ႔မွ ဒုကၡမေပးၾကပါဘူး မိသားစုထဲမွာလည္း အႏွိမ္ခံရဆုံး လူမႈအသိုင္းအဝိုင္းမွာလည္း ေလွာင္ေျပာင္ခံရပါတယ္။

ဒါေပမယ့္ အဲ့မိန္းမလ်ာေတြကပဲ သမာဇီဝအလုပ္ေတြနဲ႔ မိသားစု ညီအစ္ကိုေမာင္ႏွမ မိတ္ေဆြေတြကို ေစာင့္ေရွာက္ၾကတာပါ ဘယ္လို ႏွိမ္ႏွိမ္ ဖိႏွိပ္လည္း မိသားစုအတြက္ဆို အခ်ိန္တန္ရင္ ကြၽန္မတို႔က သူရဲေကာင္းေတြပါပဲ။

မာမီစိန္ ေျပာဖူးတဲ့ စကားရွိပါတယ္ ထမင္းငတ္ေသတဲ့ မိန္းမလ်ာမရွိပါဘူး အားတင္းထားၾကပါ ႀကံ့ႀကံ့ခံေပးၾကပါ မၾကာခင္ လွပတဲ့ေလာကႀကီးကို ကြၽန္မတို႔ရဲ႕အတတ္ပညာေတြနဲ႔ အလွဆင္ၾကမယ္ေနာ္” ဆိုၿပီး

ဘဝတူမိန္းမလ်ာေတြအတြက္ အားေပးစကားေျပာခဲ့ပါတယ္။ ဒါ့အျပင္ အလႉေလးအေနနဲ႔ ဆန္ (၁၂) ျပည္အိတ္ အိတ္(၂၀) ကိုဘဝတူ မိန္းမလ်ာဖန္တီးရွင္ေတြအတြက္ လႉဒါန္းေပးခဲ့ပါတယ္။

ခ်စ္​ရတဲ့သုသုကေတာ့ မၾကာေသးခင္ကမွ We Love Yangon ပရဟိတအဖြဲ႕ရဲ႕ ထပ္မံတိုးခ်ဲ႕မယ့္ Quarantine Center မွာ ကုတင္ဆယ္လုံးစာ လႉဒါန္းေပးခဲ့ၿပီး ဒီေန႔မိန္းမလ်ာေတြအတြက္ လႉဒါန္းေပးမႈမွာလည္း

ဒီထက္မက ပိုလႉေပးခ်င္ေပမယ့္ အခုလိုကာလမွာ ဝင္ေငြလည္း မရွိတာေၾကာင့္ နည္းနည္းပဲလႉႏိုင္တဲ့အေပၚမွာ စိတ္မေကာင္းျဖစ္မိေၾကာင္း ေရးသားရင္း သူ႔ရဲ႕အလႉေလးကို မွ်ေဝေပးခဲ့တာပါ။ ခရက္​ဒစ္

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

(အခြောက်တွေကို ဘယ်လိုပဲ နှိမ်ကျပါစေ မိသားစုအတွက်တော့ ကျွန်မတို့က သူရဲကောင်းတွေပါပဲ”လို့ဆိုကာ ဘဝတူမိန်းမလျာတွေအတွက် ဆန်တွေလှူဒါန်းပေးလိုက်တဲ့ ညီညီမောင်)

သုသုကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို အခက်အခဲ၊ အတိုက်အခိုက်များတဲ့မိန်းမလျာဘဝကနေ ဒီလိုအခြေအနေရောက်အောင် ကြိုးစားခဲ့ရသူမို့

မိန်းမလျာတွေရဲ့ စံပြတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒီနေ့မှာတော့ လူနည်းစုဖြစ်တဲ့ဘဝတူမိန်းမလျာတွေအတွက် အားပေးစကားပြောရင်း သူတို့ရဲ့စားဝတ်နေရေးအတွက် တတ်နိုင်သမျှလှူဒါန်းပေးခဲ့ပါတယ်။

“ကျွန်မတို့မိန်းမလျာတွေဟာ လူရယ်လို့ဖြစ်လာကတည်းက ဘယ်သူ့မှ ဒုက္ခမပေးကြပါဘူး မိသားစုထဲမှာလည်း အနှိမ်ခံရဆုံး လူမှုအသိုင်းအဝိုင်းမှာလည်း လှောင်ပြောင်ခံရပါတယ်။

ဒါပေမယ့် အဲ့မိန်းမလျာတွေကပဲ သမာဇီဝအလုပ်တွေနဲ့ မိသားစု ညီအစ်ကိုမောင်နှမ မိတ်ဆွေတွေကို စောင့်ရှောက်ကြတာပါ ဘယ်လို နှိမ်နှိမ် ဖိနှိပ်လည်း မိသားစုအတွက်ဆို အချိန်တန်ရင် ကျွန်မတို့က သူရဲကောင်းတွေပါပဲ။

မာမီစိန် ပြောဖူးတဲ့ စကားရှိပါတယ် ထမင်းငတ်သေတဲ့ မိန်းမလျာမရှိပါဘူး အားတင်းထားကြပါ ကြံ့ကြံ့ခံပေးကြပါ မကြာခင် လှပတဲ့လောကကြီးကို ကျွန်မတို့ရဲ့အတတ်ပညာတွေနဲ့ အလှဆင်ကြမယ်နော်” ဆိုပြီး

ဘဝတူမိန်းမလျာတွေအတွက် အားပေးစကားပြောခဲ့ပါတယ်။ ဒါ့အပြင် အလှူလေးအနေနဲ့ ဆန် (၁၂) ပြည်အိတ် အိတ်(၂၀) ကိုဘဝတူ မိန်းမလျာဖန်တီးရှင်တွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။

ချစ်ရတဲ့သုသုကတော့ မကြာသေးခင်ကမှ We Love Yangon ပရဟိတအဖွဲ့ရဲ့ ထပ်မံတိုးချဲ့မယ့် Quarantine Center မှာ ကုတင်ဆယ်လုံးစာ လှူဒါန်းပေးခဲ့ပြီး ဒီနေ့မိန်းမလျာတွေအတွက် လှူဒါန်းပေးမှုမှာလည်း

ဒီထက်မက ပိုလှူပေးချင်ပေမယ့် အခုလိုကာလမှာ ဝင်ငွေလည်း မရှိတာကြောင့် နည်းနည်းပဲလှူနိုင်တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်မိကြောင်း ရေးသားရင်း သူ့ရဲ့အလှူလေးကို မျှဝေပေးခဲ့တာပါ။ ခရက်ဒစ်