​ေခြၽးနဲစာ​ေလး​ေတြစု​ေဆာင္​းၿပီး ကိုယ္ပိုင္အိမ္ေလးတစ္လုံး ပိုင္ဆိုင္ႏိုင္ဖို႔ ႀကိဳးစားေနတယ္ဆိုတဲ့ ညီနႏၵ

သ႐ုပ္ေဆာင္ ညီနႏၵကေတာ့ အိမ္ငွားဘဝနဲ႔ ေနထိုင္ေနရတဲ့ သူ႔ မိသားစုေလးကို ကိုယ္ပိုင္အိမ္နဲ႔ ထားႏိုင္ဖို႔ ႀကိဳးစားေနတဲ့ အေၾကာင္း ေျပာျပလာပါတယ္။ ညီနႏၵဟာ ကိုဗစ္ကာလမွာ အႏုပညာအလုပ္ေတြ ရပ္နားထားေပမယ့္ သူ႔ရဲ႕ “ကို နႏၵ” ေထာပတ္ထမင္းကေတာ့

ေရာင္းအားေကာင္းေနတာကို ေတြ႕ရပါတယ္။ သူဟာ ကိုယ္ပိုင္ စီးပြားေရးကို အားတက္သေရာ လုပ္ကိုင္ရင္း ကိုယ္ပိုင္အိမ္ေလးတစ္လုံး ဝယ္ႏိုင္ေအာင္ ႀကိဳးစားသြားမယ္လို႔ ေျပာပါတယ္။ “ကိုဗစ္စျဖစ္ကတည္းက အစ္ကိုတို႔ လက္ထဲမွာ ရွိတဲ့ ေငြေလးနဲ႔ အလြန္ဆုံး

ေတာင့္ခံႏိုင္ရင္ (၂) လေပါ့။ အိမ္က ငွားေနတာေလ။ အခုက အိမ္ဖိုးေလး ေပးႏိုင္လို႔ ေတာ္ေသးတယ္။ နဂိုကတည္းက အစ္ကို႔မွာ စုထား ေဆာင္းထားတာက အမ်ားႀကီးရွိတာမဟုတ္ဘူး။ ဇာတ္ကား႐ိုက္လို႔ရတဲ့ ပိုက္ဆံေလးနဲ႔ တစ္လ တန္သည္၊ ႏွစ္လ တန္သည္

စားေသာက္တယ္။ မရွိေတာ့ရင္ ကား႐ိုက္ေမွ်ာ္တယ္။ ဒါေၾကာင့္လည္း စီးပြားေရး တစ္ခုကို အစကတည္းက ေသခ်ာ လုပ္ခ်င္ခဲ့တာပါ။ ကိုဗစ္ၿပီးသြားရင္ေတာ့ ေနာက္ (၂) ႏွစ္ေလာက္ဆို အိမ္ပိုင္ေလးနဲ႔ ျဖစ္သြားမလား မသိဘူး။ ေမွ်ာ္လင့္တာေပါ့ေလ။ ရည္႐ြယ္ခ်က္၊

ရည္မွန္းခ်က္ေတာ့ ထားရတာေပါ့။ ကံကိုပဲ ပုံခ်လို႔ မရဘူး ကိုယ္တိုင္လည္း ႀကိဳးစားရမွာေလ အစ္ကို ကိုယ္တိုင္လည္း ျဖစ္လာေအာင္ ႀကိဳးစားမွာပါ” လို႔ သူက ဆိုပါတယ္။ ညီနႏၵတို႔ ဇနီးေမာင္ႏွံဟာ ခ်မ္းသာတဲ့ မိသားစုဝင္ေတြက ေပါက္ဖြားလာၾကသူေတြ မဟုတ္ဘူးလို႔

သိရပါတယ္။ လက္ရွိ ကိုယ္ပိုင္မိသားစုဘဝ ရပ္တည္မႈကလည္း လူလတ္တန္းစား အေန အထားမ်ိဳး ျဖစ္တာေၾကာင့္ သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ တကယ္ျဖစ္လာဖို႔ ႀကိဳးစားေနတယ္လို႔လည္း ညီနႏၵက ဆိုပါတယ္။ “အစ္ကို တို႔ အေျခအေနကေတာ့ လူလတ္တန္းစား အေျခအေန

မ်ိဳးပဲ ရွိတာပါ။ ဒါေပမယ့္ အစ္ကို႔ဘက္က ႀကိဳးစားမႈသည္ ၁၀၀ ရာခိုင္ႏႈန္း ျပည့္ေနရမယ္။ ေန႔တိုင္း၊ အခ်ိန္တိုင္း အစ္ကို ႀကိဳးစားရမယ္။ ေထာပတ္ ထမင္း နားတဲ့ရက္မွာ စာရင္းေတြ လုပ္တယ္၊ အလႉရွင္ေတြကို ဘာေတြ လႉတယ္ဆိုတာ ေျပာရတယ္။ ဘုရား၊ တရားဆိုလည္း

မနက္ (၄) နာရီကတည္းက ေန႔စဥ္ ထၿပီးေတာ့ အၿမဲ မျပတ္လုပ္တယ္။ ဒီႀကိဳးစားမႈေတြက အစ္ကို႔ရဲ႕ ႀကိဳးစားမႈ ျဖစ္တဲ့အတြက္ အမ်ားႀကီး မေမွ်ာ္လင့္ထားပါဘူး။ အတိုင္းအတာ တစ္ခုအထိကေတာ့ ေရာက္သြားမယ္ထင္တယ္။ ဆိုးဆိုး႐ြား႐ြားေတာ့ ျဖစ္မယ္လို႔ အစ္ကို မထင္ဘူး”

လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ညီနႏၵကိုေတာ့ Music Video ေတြ၊ ဗီဒီယို ဇာတ္ကားေတြ ကေနတဆင့္ ပရိသတ္ေတြ သိရွိလာခဲ့တာ ျဖစ္ပါတယ္။ သူ႔ အေနနဲ႔ စီးပြားေရးလုပ္ငန္းကို ဦးစားေပးခဲ့ခ်ိန္မွာေတာ့ အႏုပညာေလာကနဲ႔ ခဏတာ ေဝးကြာသြားခဲ့ပါတယ္။ အဲဒီေနာက္

၂၀၁၇ ခုႏွစ္ကစၿပီး ဒုတိယအႀကိမ္ အႏုပညာေလာကထဲကို ဝင္ေရာက္လာၿပီး ” ေနရယ္ လရယ္ အမွန္တရားရယ္” ဇာတ္လမ္းတြဲနဲ႔ ပရိသတ္ အေရွ႕ကို ျပန္လည္ ေရာက္ရွိလာခဲ့ပါတယ္။ အဲဒီေနာက္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ျပန္လည္ ႐ိုက္ကူးေနရၿပီျဖစ္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

သရုပ်ဆောင် ညီနန္ဒကတော့ အိမ်ငှားဘဝနဲ့ နေထိုင်နေရတဲ့ သူ့ မိသားစုလေးကို ကိုယ်ပိုင်အိမ်နဲ့ ထားနိုင်ဖို့ ကြိုးစားနေတဲ့ အကြောင်း ပြောပြလာပါတယ်။ ညီနန္ဒဟာ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် သူ့ရဲ့ “ကို နန္ဒ” ထောပတ်ထမင်းကတော့

ရောင်းအားကောင်းနေတာကို တွေ့ရပါတယ်။ သူဟာ ကိုယ်ပိုင် စီးပွားရေးကို အားတက်သရော လုပ်ကိုင်ရင်း ကိုယ်ပိုင်အိမ်လေးတစ်လုံး ဝယ်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။ “ကိုဗစ်စဖြစ်ကတည်းက အစ်ကိုတို့ လက်ထဲမှာ ရှိတဲ့ ငွေလေးနဲ့ အလွန်ဆုံး

တောင့်ခံနိုင်ရင် (၂) လပေါ့။ အိမ်က ငှားနေတာလေ။ အခုက အိမ်ဖိုးလေး ပေးနိုင်လို့ တော်သေးတယ်။ နဂိုကတည်းက အစ်ကို့မှာ စုထား ဆောင်းထားတာက အများကြီးရှိတာမဟုတ်ဘူး။ ဇာတ်ကားရိုက်လို့ရတဲ့ ပိုက်ဆံလေးနဲ့ တစ်လ တန်သည်၊ နှစ်လ တန်သည်

စားသောက်တယ်။ မရှိတော့ရင် ကားရိုက်မျှော်တယ်။ ဒါကြောင့်လည်း စီးပွားရေး တစ်ခုကို အစကတည်းက သေချာ လုပ်ချင်ခဲ့တာပါ။ ကိုဗစ်ပြီးသွားရင်တော့ နောက် (၂) နှစ်လောက်ဆို အိမ်ပိုင်လေးနဲ့ ဖြစ်သွားမလား မသိဘူး။ မျှော်လင့်တာပေါ့လေ။ ရည်ရွယ်ချက်၊

ရည်မှန်းချက်တော့ ထားရတာပေါ့။ ကံကိုပဲ ပုံချလို့ မရဘူး ကိုယ်တိုင်လည်း ကြိုးစားရမှာလေ အစ်ကို ကိုယ်တိုင်လည်း ဖြစ်လာအောင် ကြိုးစားမှာပါ” လို့ သူက ဆိုပါတယ်။ ညီနန္ဒတို့ ဇနီးမောင်နှံဟာ ချမ်းသာတဲ့ မိသားစုဝင်တွေက ပေါက်ဖွားလာကြသူတွေ မဟုတ်ဘူးလို့

သိရပါတယ်။ လက်ရှိ ကိုယ်ပိုင်မိသားစုဘဝ ရပ်တည်မှုကလည်း လူလတ်တန်းစား အနေ အထားမျိုး ဖြစ်တာကြောင့် သူ့ရဲ့ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာဖို့ ကြိုးစားနေတယ်လို့လည်း ညီနန္ဒက ဆိုပါတယ်။ “အစ်ကို တို့ အခြေအနေကတော့ လူလတ်တန်းစား အခြေအနေ

မျိုးပဲ ရှိတာပါ။ ဒါပေမယ့် အစ်ကို့ဘက်က ကြိုးစားမှုသည် ၁၀၀ ရာခိုင်နှုန်း ပြည့်နေရမယ်။ နေ့တိုင်း၊ အချိန်တိုင်း အစ်ကို ကြိုးစားရမယ်။ ထောပတ် ထမင်း နားတဲ့ရက်မှာ စာရင်းတွေ လုပ်တယ်၊ အလှူရှင်တွေကို ဘာတွေ လှူတယ်ဆိုတာ ပြောရတယ်။ ဘုရား၊ တရားဆိုလည်း

မနက် (၄) နာရီကတည်းက နေ့စဉ် ထပြီးတော့ အမြဲ မပြတ်လုပ်တယ်။ ဒီကြိုးစားမှုတွေက အစ်ကို့ရဲ့ ကြိုးစားမှု ဖြစ်တဲ့အတွက် အများကြီး မမျှော်လင့်ထားပါဘူး။ အတိုင်းအတာ တစ်ခုအထိကတော့ ရောက်သွားမယ်ထင်တယ်။ ဆိုးဆိုးရွားရွားတော့ ဖြစ်မယ်လို့ အစ်ကို မထင်ဘူး”

လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ညီနန္ဒကိုတော့ Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ သိရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ စီးပွားရေးလုပ်ငန်းကို ဦးစားပေးခဲ့ချိန်မှာတော့ အနုပညာလောကနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက်

၂၀၁၇ ခုနှစ်ကစပြီး ဒုတိယအကြိမ် အနုပညာလောကထဲကို ဝင်ရောက်လာပြီး ” နေရယ် လရယ် အမှန်တရားရယ်” ဇာတ်လမ်းတွဲနဲ့ ပရိသတ် အရှေ့ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပြန်လည် ရိုက်ကူးနေရပြီဖြစ်ပါတယ်။