သူ့ရဲ့အားနည်းချက်ကိုလာနှိမ်ပြီး ဖိနှိပ်ပြောနေတဲ့သူတွေကို မစော်ကားကြဖို့ အကြီးအကျယ်ဒဲ့သတိပေးလိုက်တဲ့ သုသု







ယူနီကုဒ်ဖြင့်ဖတ်ရန်

မိတ်ကပ်ပညာရှင် ညီညီမောင် ( စမ်းချောင်း ) ကတော့ မိတ်ကပ်နဲ့ပတ်သက်လာရင် အနုပညာအသိုင်းအဝိုင်းမှာတင်မကဘဲ ပရိသတ်တွေပါ အားထားရတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ပါပဲနော်။ ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင်တော်တော်များများက ချစ်စနိုးနဲ့

သုသုလို့ ခေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်ဖြစ်ပေမယ့် ဟိတ်ဟန်တွေမရှိဘဲ အမြဲ ပေါ့ပေါပါးပါး ပွင့်ပွင့်လင်းလင်းနေတတ်သူဆိုလည်း မမှားပါဘူးနော်။ သုသုပါဝင်ထားတဲ့ ” ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ

တခဲနက်အား ပေးခဲ့ကြတယ်လို့ ဆိုရမှာပါ။မကြာခင်မှာလည်း သုသုပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားသစ်တွေ ထပ်မံပေါ်ထွက်လာဦးမယ်လို့ သိရပါတယ်။ပျော်ပျော်နေတတ်တဲ့ သုသုကတော့ ဟာသဗီဒီယိုလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မကြာမကြာ တင်လေ့ရှိတဲ့

သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ” အာရုံနောက်လို့ ပို့စ်ဖျက်လိုက်ပါတယ် ပြန်ပြောတာမခံချင်မန့်တွေမှာ စလာပြီးမစော်ကားပါနဲ့ကျမ ဆယ်လီလဲမဟုတ်ပါဘူး ကျမ တရာသမားလဲမဟုတ်ပါဘူး ကျမကိုပြောရင် ပြန်ပြောတက်ပါတယ် နှစ်ဆနာအောင် အားနည်းချက်ကို

လာနှိမ်ရင် ပိုပြောတတ်ပါတယ်။ ပျော်ရအောင် ဗိရီုတွေတင်တာပါ စော်ကားဖို့မဟုတ်ပါဘူးရှင် မကျေနပ်လို့ ဘလော့ပါတယ် စော်ကားရင်ပြန်ပြောပါတယ် ခုလို မွန်းကြပ်နေချိန်မှာ လာစော်ကားရင်ပြန်ရိုင်းပါတယ်ကျမ လူသား ထဲက လူပါ မကျေနပ် မကြည့်နဲ့ကျော်သွားပါ

ဘယ်သူမှဂုတ်ဆွဲ မကြည့်ခိုင်းပါဘူး။ ကျမ သာမန်လူ ပါ Ok ”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့ခံစားချက်တွေကို ရင်ဖွင့်ခဲ့တာပါ။ အမြဲပျော်ပျော်နေတတ်တဲ့ သုသုကတော့ ဒီတစ်ခါ အရမ်းကို စိတ်ဆိုးသွားပုံပါပဲနော်။ သူ့ရဲ့ အပျော်ဗီဒီယိုဖိုင်လေးကိုလည်း ဖျက်ပစ်ခဲ့တာပါ။