ချစ်​စနိုးနဲ့ ခင်ပွန်းဖြစ်သူကိုခေါ်တဲ့အတိုင်း နောက်ကနေပြီးလိုက်ခေါ်နေတဲ့သားလေးကို အမိအရဗီဒီယိုရိုက်ထားခဲ့တဲ့ ပိုးအိအိခန့်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ခင်ပွန်းဖြစ်သူကိုခေါ်တဲ့အတိုင်း နောက်ကနေလိုက်ခေါ်နေတဲ့သားလေးကို အမိအရဗီဒီယိုရိုက်ထားတဲ့ ပိုးအိအိခန့်။ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို လက်မလည်အောင် ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့
ချစ်ခင်အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်ပဲ ဖြစ်ပါတယ်။ သူမဟာ သားလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို အရင်ကလောက်မလုပ်တော့ဘဲ
ကလေးကိုသာ ဂရုတစိုက်နဲ့ အနားမှာပြုစုစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့်လည်း ပရိသတ်တွေကတော့ သူမကို ယနေ့ထက်ထိ ချစ်ခင်အားပေးနေကြဆဲပါပဲနော်
ပိုးအိအိခန့်ဟာ ချစ်ရတဲ့ခင်ပွန်း သားလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့သားလေး ကိုကိုးလေးဟာလည်း တစ်နေ့ထက်တစ်နေ့
ပိုပိုပြီးစကားတွေတတ်လာတာကြောင့်လည်း ပိုးအိတစ်ယောက် အချစ်တွေ ပိုပိုတိုးနေရတာပါ။ သားလေးရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ဝေမျှပေးလေ့ရှိရာ အခုတစ်ခါမှာလည်း သွင်ဦးဟန်ရဲ့
လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ခင်ပွန်းဖြစ်သူကိုခေါ်တဲ့အတိုင်း နောက်ကနေလိုက်ခေါ်နေတဲ့သားလေးကိုအမိအရ ဗီဒီယိုရိုက်ထားတာပဲ ဖြစ်ပါတယ်။
”ကိုယ့်ဘာသာ ယောကျာ်းကို “ကို “လို့ လှမ်းခေါ်တာ သူက လိုက်ခေါ်တယ်” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်။ ခရက်ဒစ်