မှတ်သားလောက်စရာ​ကောင်းလှ​သော ဒဿနတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝရပ်တည်မှုအခြေအနေလေးကို ပြောပြလာခဲ့တဲ့ နိုင်းနိုင်း
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ အနုပညာလောကမှာ တစ်ခေတ်တခါက နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းစွဲအားပေးချစ်ခင်မှုကို ရရှိထားခဲ့တဲ့ သူကတော့ မင်းသား နိုင်းနိုင်းပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားနေတုန်းပဲဖြစ်ပြီး အနုပညာ
အလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့ လုပ်ကိုင်နေတာတွေရပါတယ်။ နိုင်းနိုင်းဟာ လက်ရှိမှာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်ထားပြီး ဇနီးနဲ့ သားသမီးတွေကတော့ နယူးယောက်မြို့လေးမှာ အခြေချနေထိုင်နေတာပဲ ဖြစ်ပါတယ်။
နိုင်းနိုင်းဟာ တခါတလေချစ်ရတဲ့ မိသားစုတွေဆီ သွားရောက်လေ့ရှိပြီး မကြာသေးမှီကလည်း နယူးယောက်မြို့ကနေ မြန်မာပြည်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ နေ့စဉ်ဖြတ်သန်းခဲ့ရတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲပြန်လည်မျှဝေ
ပေးတာ တွေ့ရပါတယ်။ ယခုမှာတော့ နိုင်းနိုင်းဟာ နယူးယောက်မြို့လေးမှာ ရောက်ရှိခဲ့စဉ်တုန်းက ပြင်းပြင်းထန်ထန် လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့စဉ်က အမှတ်ရိုက်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့ လည်း နိုင်းနိုင်း က “ဘဝလမ်းခရီးမှာ
ဘယ်သူမဆို လဲကျဖူးမှာပါ အဲဒီအထဲမှာ 99 ဆိုတဲ့ လူတစ်ယောက်အပါအဝင်ပါ အောင်မြင်ပြီး အောက်ခြေမလွတ်ခဲ့သလို ယိုင်ကျသွားတော့လည်း ပြာယာမခတ်အောင် ကြိုးစားနေခဲ့သလို ကြိုးစားနေဆဲပါ အရေးကြီးဆုံးက စိတ်ဓာတ်ပါပဲ စိတ်ဓာတ်ပြိုကျမှသာ
ဘဝပြိုပျက်မှာပါ ချစ်သောသူများလည်း ခိုင်မာသောစိတ်ဓာတ်များ ရရှိနိုင်ကြပါစေ”ဆိုပြီး ရေးသားထားပါတယ်။ ကဲ ချစ်ပရိသတ်ကြီးရေ လူတိုင်းအတွက် စိတ်ဓာတ်ခွန်အား တက်စေမယ့် နိုင်းနိုင်း ရဲ့ ဘဝဒဿနလေးတွေကို တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။