ယ​နေ့မနက်​ကထုတ်​ပြန်​ချက်​အရ အိန္ဒိယနိုင်​ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း ၆.၆၃ သန်းကျော်ထိ မြင့်တက်လာ
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
အိန္ဒိယနိုင်ငံမှာ ယနေ့နံနက် ထုတ်ပြန်တဲ့ သတင်းအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၇၄၄၄၂ ဦး ထပ်တိုးလာပြီး
စုစုပေါင်း ကူးစက်လူနာ ၆.၆၃ သန်းထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်းကျန်းမာရေး ဝန်ကြီးဌာနမှ ဖော်ပြချက်အရ သိရပါတယ်။
သေဆုံးသူ အရေအတွက်ကတော့ ၉၀၃ ဦး ထပ်တိုးပြီး စုစုပေါင်း ၁၀၂၆၈၅ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားပါတယ်။
အိန္ဒိယရဲ့ ဗိုင်းရပ်စ်ကူးစက်သေဆုံးသူ စုစုပေါင်းဟာပြီးခဲ့တဲ့ စနေနေ့က ၁၀၀၀၀၀ ကျော်လွန်သွားခဲ့ပြီး အမေရိကန်နဲ့ဘရာဇီးပြီးရင် သေဆုံးသူ
အများဆုံးနိုင်ငံ ဖြစ်နေကာ ကူးစက်မှုနှုန်း လျော့ပါးသွားမယ့် လက္ခဏာ မရှိဘူးလို့ သိရပါတယ်။အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်က
နိုင်ငံရှိ ပြည်နယ်တွေမှာ စာသင်ကျောင်းနဲ့ ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။ ခရက်ဒစ်