သူရရှိလာမယ့်​ အနုပညာကြေးတွေအားလုံးကို ဘုရားပြုပြင်မွန်းမံဖို့အတွက် လှူဒါန်းသွားမယ်​လို့​ပြောလာခဲ့​သော အံ့မင်းညို
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဘုရားပြုပြင်မွန်းမံဖို့အတွက် အနုပညာကြေးတွေကို လှူဒါန်းသွားမယ့် အံ့မင်းညို။ အံမင်းညိုကတော့ လက်ရှိ ကြော်ငြာရိုက်ကူးရေးကနေ ရရှိလာမယ့် အနုပညာကြေးအား လုံးကို ကုသိုလ်အလှူပြုသွားမယ်လို့ ဆိုပါတယ်။ အံ့မင်းညိုကတော့ မတ္တရာမြို့နယ် ရွေးစု ကျေးရွာမှာရှိတဲ့
ကျောက်အိုးစေတီတော်ကြီး ပြုပြင်မွမ်းမံဖို့အတွက် လက်ရှိ ကြော်ငြာရိုက်ကူးရေးကနေ ရရှိလာမယ့် အနုပညာကြေးတွေကို အကုန်လှူမယ်လို့ သူကဆိုပါတယ်။ “မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာမှာရှိတဲ့ ကျောက်အိုးစေတီတော်အတွက် ကိုယ့်အနုပညာအလုပ်တွေ
အားတဲ့အချိန်မှာ ဘုရားသန့်ရှင်းရေးတွေ လုပ်နေတယ်။ ပြီးတော့ စေတီတော် ရင်ပြင်မှာ လိုအပ်နေတဲ့ ကြွေပြားတွေကို ပိုက်ဆံ ပိုရင် ပို သလို ကြွေပြားတွေ ခင်းပြီး ကုသိုလ်ယူမယ်။ လ က် ရှိမှာတော့ ကျွန်တော်က ကြော်ငြာလေး တစ်ခုကို မတ္တရာမြို့မှာ ရိုက်မယ်။
အဲဒီကရတဲ့ ကြော်ငြာခအကုန်လုံးကို ကျောက်အိုးစေတီတော် ပြုပြင်တဲ့အထဲကို ကျွန်တော့်ရဲ့ အနုပညာကြေး အကုန်လုံးထည့်မှာပါ” ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ်(၁၁)နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ လိုက်ဖ်လွှင့်ရင်း ပြောခဲ့တာ ဖြစ်ပါတယ်။
အံ့မင်းညိုဟာ စေတီတော် ပြုပြင်မွမ်းမံဖို့ အတွက်သာမကရုပ်ရှင်ရိုက်ကူူးရေးတွေ နားတဲ့အချိန်မှာ စေတီတော် အနီးပတ်ဝန်းကျင်မှာရှိတဲ့ လမ်း၊ တံတားတွေကိုလည်း ပြုပြင်တည်ဆောက်ပေးလျှက်ရှိတယ်လို့ သူကဆိုပါတယ်။“ ဒီစေတီမှာ သီတင်းသုံးနေတဲ့ ဉူးဇင်းတစ်ပါးက
ဆွမ်းခံကြွရင် ရေထဲကနေ ဖြတ်လာရတာဖြစ်လို့ ချော်လဲတဲ့အခါကျရင် ဘုန်းဘုန်းက အမြဲတမ်းဆွမ်းမစားလိုက်ရတာတွေများတယ်။ ဒါကြောင့် အခုဆိုရင် ကျွန်တော်နဲ့သူငယ်ချင်းတွေက တံတားထိုးပေးပြီးပါပြီ။ စေတီတော်ဝန်းကျ င်မှာ လမ်းမရှိသေးတဲ့အတွက် လမ်းခင်းပေးဦးမှာပါ။
ဘုရားစေတီတော်ကြီးကို ပြုပြင်ပြီးသွားရင် စေတီတော်လေးတစ်ဆူကိုလည်း ထပ်မံပြုပြင်မွှန်းမံသွားဖို့ ကြိုးစားမှာပါ။ တတ်နိုင်သလောက် ဆောင်ရွက်ခွင့်ရတဲ့ ပရဟိတပေါ့ခင်ဗျာ”လို့ ဆက်လက် ပြောပြလာပါတယ်။ အံ့မင်းညိုကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ
သိလာခဲ့တာ ဖြစ်ပါတယ် သူဟာ သမီးလေးရဲ့ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားခဲ့ရာမှ ၂၀၁၉ခုနှစ်ကစပြီး သရုပ်ဆောင်အလုပ်ကို ပြန်လည်လုပ်ကိုင်လာတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ကြော်ငြာရိုက်ကူးရေးတွေ အနည်းငယ်ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ ခရက်ဒစ်