သူ့ဆီမှာရှိ​​သောမြန်မာဝတ်စုံတွေက ထည့်စရာနေရာမရှိလောက်အောင်ကို များလွန်း​နေလို့ ပရိသတ်​တွေအား မဲဖောက်ပေးမယ်လို့​ပြောပြလာတဲ့ နေဆန်း
ယူနီကုဒ်ဖြင့် ဖတ်ရန်
မြန်မာဝတ်စုံတွေ ထည့်စရာနေရာမရှိလောက်အောင် များလွန်းလို့ ပရိသတ်ကို မဲဖောက်ပေးမယ်ဆိုတဲ့ နေဆန်း။ ပရိသတ်ကြီးရေ နေဆန်းကတော့ ဟာသဗီဒီယိုဖိုင်နဲ့ ပညာပေးဗီဒီယိုဖိုင်လေးတွေကို ရိုက်ကူးရင်း
ပရိသတ်တွေ သတိထားမိကာ အားပေးဝန်းရံခံခဲ့ရတဲ့သူတစ်ယောက်ပါ။ သူ့အနေနဲ့ မိန်းမအသွင်နဲ့ ယောကျာ်းလေးအသွင်နှစ်ခုလုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ် သူ့အနေနဲ့ အောင်မြင်လာတာနဲ့အမျှ
မိဘအပေါ်မှာလည်း အရမ်းကိုသိတတ်လွန်းသူဖြသ်တာကြောင့် မြင်သူတိုင်းက နေဆန်းရဲ့လိမ္မာမှုကို မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲနော်။ အလှူအတန်းဆိုလည်း ဘယ်အချိန်ဖြစ်ဖြစ်သဒ္ဓါတရားထက်သန်ကာ
စိတ်ရောလူရော နှစ်ကာ ပြုလုပ်တတ်တဲ့ သူတစ်ယောက်ပါ။ နေဆန်းက “မြန်မာဝတ်စုံတွေ ထည့်စရာနေရာမရှိတော့ဘူး” ဆိုတဲ့စာလေးနဲ့ သူ့ရဲ့အခန်းမှာ မြန်မာဝတ်စုံတွေအပြည့်ဖြစ်နေတဲ့ပုံရိပ်လေးတွေတင်လာခဲ့တာပါ။
နေဆန်းက ကားဂိတ်တွေဖွင့်ရင် မြန်မာဝတ်စုံတွေကိုပရိသတ်ကြီးအတွက် မဲဖောက်ပေးမယ်လ်ု့လဲပြောခဲ့ပါသေးတယ်။ တကယ့်ကိုအံ့သြစရာကောင်းလောက်အောင် အခန်းအပြည့်မြန်မာဝတ်စုံတွေကို ရှင်းနေတဲ့
နေဆန်းရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်