နိုင်​ငံအတွက်​ ကိုယ်​တက်​နိုင်​တဲ့ဘက်​က​နေပြီး​တော့ အုတ်တစ်ချပ် သဲတပွင့်အဖြစ် ပါဝင်​အားဖြည့်ခွင့်ရလို့ ဂုဏ်ယူပါတယ်ဆိုတဲ့ ချမ်းချမ်း
အသံသွင်းရိုက်ကူးရေးအမှတ်တရ ပျော်စရာအရမ်းကောင်းခဲ့တယ် နိုင်ငံအတွက် မှန်ကန်တဲ့ပါတီတခုကို ကိုယ်တတ်နိုင်တဲ့ဘက်က အုတ်တချပ်သဲတပွင့်ပါဝင်ခွင့်ရလို့ပျော်တယ်။
ယူနီကုဒ်ဖြင့် ဖတ်ရန်
အုတ်တစ်ချပ် သဲတပွင့်အဖြစ် အားဖြည့်ခွင့်ရလို့ ဂုဏ်ယူပါတယ်ဆိုတဲ့ ချမ်းချမ်း။ အဆိုတော်ချမ်းချမ်းကတော့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကိုသီဆိုပြီး
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာပိုင်ဆိုင်ရရှိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ တေးစီးရီးအယ်ဘမ်ပေါင်းများစွာကို ထွက်ရှိအောင်မြင်ထားပြီး
လက်ရှိအချိန်အထိ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လျက်ရှိပါတယ်။ မကြာသေးခင်ကလည်း ၂၀၂၀ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့
အောင်လံလွှင့်မည် NLDသီချင်းမှာ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့အတူပါဝင်သီဆိုခဲ့ပါတယ်။ ဒီနေ့မှာတော့ ချမ်းချမ်းက အောင်လံလွှင်မည်NLD သီချင်းလေးနဲ့
ရိုက်ကူးခဲ့စဉ်က အမှတ်တရပုံရိပ်လေးတွေကို ချ ပြလာခဲ့ပါတယ်။ အဆိုပါပုံရိပ်လေးတွေကိုတော့ “အောင်လံလွှင့်မည် NLD သီချင်းအတွက် ဂီတမောင်နှမတွေ
အသံသွင်းရိုက်ကူးရေးအမှတ်တရ ပျော်စရာအရမ်းကောင်းခဲ့တယ် နိုင်ငံအတွက် မှန်ကန်တဲ့ပါတီတခုကို ကိုယ်တတ်နိူင်တဲ့ဘက်က အုတ်တချပ်သဲတပွင့်ပါဝင်ခွင့်ရလို့ပျော်တယ်။
အခုတော့ ချစ်ရတဲ့ပြည်သူတွေရေ အိမ်ထဲမှာနေပြီး တိုင်းပြည်ရဲ့ကျန်းမာရေးအတွက် အသက်စွန့်တိုက်ပွဲဝင်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေကို အပြင်မထွက်ခြင်းဖြင့် ကူညီကြရအောင်နော်
အရာရာ အားလုံးအဆင်ပြေသွားကြမှာပါ fighting everyone!”ဆိုပြီးရေးသားဖော်ပြထားခဲ့တာဖြစ်ပြီးပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ခရက်ဒစ်