Positive ျဖစ္လို႔ ဝမ္းသာတဲ့ လူနာ (သုိ႔) Covid-19 ရန္ကုန္ျပည္သူ႔ ​ေဆး႐ုံႀကီးသို့ေရာက္ရွိသြားပုံႏွင္​့ ကိုယ္ေတြ႔ၾကဳံရမွုမ်ား(အစ အဆုံး ဖတ္ၾကည့္ေစခ်င္)

Covid-19 ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို့ေရာက္ရွိသြားပုံနင့္ ကိုယ္ေတြ႕ ၾကဳံ ရမွုမ်ား(အစ အဆုံး ဖတ္ၾကည့္ ေစခ်င္)

က်ေနာ္ဟာ ၂၁.၉.၂၀၂၀ ေန႔လည္ (၃:၀၀)နာရီခန္႔မွာ ေရခ်ိဴးရင္း သြားတိုက္သည့္အခါသြားတိုက္ေဆးရနံမရေတာ့လို့ ခ်က္ျခင္း ၾကက္သြန္နီကို အခြံခြာကာ ျခမ္း၍ ပါးစပ္ထဲထည့္ကာ ျႀကိတ္ဝါးၾကည့္ၿပီး အနံ႔ အာ႐ုံ ခံေသာ္လည္း ဘာအနံမွ မရသလို ျဖစ္လာေသာ္ေၾကာင့္

က်ေနာ့္တူေတာ္ေမာင္ကို အဝတ္အစားေတာင္းယူကာလွဲလည္ ဝတ္စဥ္ၿပီး ထမင္းစားပြဲေရွ႕ထိုင္ကာ ပုဇြန္ဟင္းနင့္ ထမင္း သုံးေလးလုပ္စား​ၾကည့္ပါေသာ္လည္း ဟင္းအနံ မရ၊ ၾကက္သြန္ျဖဴွစ္ဥကို ပါးစပ္ထဲ ထည့္ၿပီး ႀကိတ္ဝါးျပန္ေသာ္လည္း

အရသာပါ ေပ်ာက္ဆုံးေနသည္ကို စိုးရိမ္စိတ္ျဖင့္ သိရွိရလိုက္ခ်ိန္မွာ င႐ုတ္သီးစိမ္း(ယမန္ေန႔က စားခဲ့ေသာ၊အလြန္စပ္လွေသာ) ႏွစ္ေတာင့္ကို တစ္ၿပိဳင္နက္ ႀကိတ္ဝါး၍လၽွာအႏွံ့စပ္သည့္အရသာအနံမရသည့္အျပင္လွည့္တင္ထိေတြ႕ခံစားၾကည့္ျပန္ေတာ့လည္း

ဘာမွ မသိရွိရသည့္အတြက္ တူျဖစ္သူအား အက်ိဴးအေၾကာင္း ရွင္းျပ၍အဝတ္အစားမ်ားထည့္ေစ၍ ရပ္ကြက္ အုပ္ခ်ဴပ္ေရးမွုးလည္းျဖစ္၊ငယ္သူငယ္ခ်င္းလည္းျဖစ္သူဦးေဇာ္ဝင္းထြန္း(ခ)ကိုေပါက္စီထံ အားကိုးတစ္ႀကီးမ်ားစြာနဲ႔ဖုန္းဆက္လိုက္ေသာအခါ

ျပန္ၾကားလိုက္တဲ့ စကားသံကေတာ​” ​ေအး..သူငယ္ခ်င္းကိုလင္းေရ..ငါရယ္၊အေသးေလးရယ္ ေဆး႐ုံႀကီးကို သြားပို့တဲ့အေမႀကီးက ငါတို့ပို့ၿပီး နာရီဝတ္ေတာင္ မၾကာဘူး ဆုံးသြားတယ္ေလ၊မင္းသိတယ္ မဟုက္လား?ေအး

အခု အဲဒီ့ အေမႀကီးကို ငါတို့ေတြ ထိထိေရာက္ေရာက္ အိမ္ေပၚကေနေအာက္ခ်ၿပီးေဆး႐ုံႀကီး အေရးေပၚကို ပို့ခဲ့လို့ေလ၊အခု အေျဖထြက္လာၿပီ (positive)တဲ့ အခု ငါနဲ႔ အေသးေလးလင္ေဝွ႕႐ူံမွာ Q ဝင္ရေတာ့မယ္ကြာ”ဆိုတဲ့စကားသံ ကို နားဝမွာ ၾကားမိ သိရွိလိုက္ခ်ိန္မွာ

ရင္ထဲမွာစို့နင့္သြားမိတယ္၊အဲဒါနဲ႔ က်ေနာ္လည္းငါကေတာ့ အနံနဲ႔အရသာ ေပ်ာက္ဆုံးသြားၿပီေဆး႐ုံႀကီးသြားခ်င္တယ္ ကူညီပါဆိုၿပီး ေတာင္းဆိုမိလိုက္တယ္ဆိုရင္ဘဲ ၊အုပ္ႀကီးက ၿမိဳ့နယ္က်န္းမာေရးကို ဖုန္းဆက္ခ်ိတ္ဆက္ေပး၊မွာစရာရွိတာေတြ မွာၾကားၿပီး ဖုန္းခ်လိုက္မိတယ္။

စိတ္တြင္းထဲမွာေတာ့ အုပ္ႀကီးရယ္ညီငယ္ေလးစိုးသူရယ္(အေသးေလး)၊က်ေနာ္ရယ္ သုံးေယာက္လုံးတစ္ရက္ထဲ တစ္ခ်ိန္ထဲမွာ ျဖစ္ရၾကဳံရေလျခင္းဆိုၿပီး ရင္ထဲမွာဝမ္းနည္းအားငယ္မိေနမိၿပီး ငါတို့ဖို့ေျမပရဟိတက်မွ သုံးေယာက္ၿပိဳင္ ျဖစ္ရေလျခင္းဆိုၿပီး

စိတ္ေတြရွုတ္ေထြးေနမိၿပီး အုပ္ႀကီးရွီဖုန္းထပ္မံဆက္မိေတာ့ အုပ္​​ႀကီးက”က်န္းမာေရးဌာနကိုဖုန္းဆက္ထားၿပီးၿပီ မင္းရွီဆက္ေလ့မယ္”ဆိုတဲ့စကားၾကားရၿပီးငါးမိနစ္ေလာက္မၾကာခင္မွာဘဲက်န္းမာေရးမွဆရာမက အက်ိဴးအေၾကာင္းေမးျမန္းတာကို ျပန္ေျဖၿပီးတာနဲ႔

ခ်က္ျခင္းသတိရသြားမိတဲ့ ကိုနအီး(ဦးဝင္းျမင့္)ရွီကိုဖူန္းဆက္ၿပီးျဖစ္ေၾကာင္းရယ္တဲ့ကုန္စင္ ရွင္းျပၿပီး ေဆး႐ုံကိုသာျမန္ျမန္သြားေရာက္လိုေၾကာင္း ေတာင္းဆိုမိလိုက္တယ္။တစ္ေအာင့္ေလာက္အၾကာမွာ ကိုနအီး(ဦးဝင္းျမင့္ထံမွ ဖုန္းဝင္လာၿပီး နာရီဝတ္အေတာ္အတြင္း လာေခၚမည္

အစဥ္သင့္လုပ္ထားပါလို့ေျပာေတာ့ က်ေနာ္ကလည္း အစဥ္သင့္ျဖစ္ေနပါၿပီ ျပန္ေျပာလိုက္တယ္၊အဲလိုနဲ႔ ၁၅မိနစ္ေလာက္အၾကာမွာ ကားေရာက္လာၿပီ ေျပာတာနဲ႔မိုးဖြဲဖြဲမွာ အိတ္လြယ္ၿပီး လင္းနို့ကားေပၚ တစ္ေယာက္တည္း ထိုင္ကာစံျပေဆး႐ုံသို့ ဦးတည္ရာသို့ လိုက္ပါလာခဲ့တယ္။

သဃာ္ကၽြန္း စံျပေဆး႐ုံေရာက္ေတာ့ ကားေပၚမွာနာရီဝတ္ေက်ာ္ထိုင္ေနရၿပီး လူနာေတြ မ်ားလြန္းလို့ လက္မခံနိုင္ေတာ့ဘူးဆိုလို့ကိုနအီး(ဦးဝင္းျမင့္)ကY.R.Oနဲ႔ ခ်ိတ္ဆက္ကာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကို ျပန္လည္ဦးတည္လာရာ အေရးေပၚ ဌာနေရာက္၍

ေမးျမန္းမွုကိုျပန္လည္ေျဖၾကားခ်ိန္မွာၿမိဳ့နယ္က်န္းမာေရးရဲ့လြဲစာလက္မွတ္ပါရဲ့လားလို့ေမးျမန္းခ်ိန္မွာ က်ေနာ္တို့မွာ မပါပါဘူးလို့ က်ေနာ္ျပန္ေျဖဆိုခ်ိန္မွာကိုနအီးက ဆရာတို့ခင္ဗ်ာ က်ေနာ္တို့က Volunteer လုပ္ေနတဲ့သူေတြပါ ကိုလင္းMask ခၽြတ္ၿပီး

မ်က္နာျပလိုက္ေလဆိုၿပီးေျပာေတာ့က်ေနာ္လည္း Maskကို ျမန္ျမန္ေမးေအာက္ကို ခၽြတ္ျပလိုက္ေတာ့ ဟာ အစ္ကိုႀကီး ဘယ္လိုျဖစ္တာလည္းဆိုၿပီး ဂ႐ုဏာနဲ႔ေမးျမန္းၿပီး ေဆး႐ုံထဲကို ခ်က္ျခင္း ဖုန္းဆက္သြယ္ေပးၿပီး ဝင္/ထြက္အေပါက္ဝရဲ့စတီးေလးခုံတြဲမွာ ထိုင္ခိုင္းထားတယ္။

၁၀မိနစ္ေလာက္ေနေတာ့ Covid သံသယအေဆာင္ထဲက ဆရာဝန္က ျဖစ္ေပၚခံစားေနရတဲ့အၾကာင္းနဲ႔ ေရွ႕တစ္ပတ္ေက်ာ္က ကိစၥေတြ ဆက္ႏြယ္ပတ္သပ္မွုအခ်က္အလက္ေတြကို စုံစမ္းေမးျမန္းၿပီးေတာ့မွ စကားတစ္ခြန္းေျပာဆိုပါတယ္၊

စကားကေတာ့ ဝင္ ၿပီးရင္ ျပန္ ထြက္လို့မရဘူး*ဆိုတဲ့ စကားေလးပါ ၊သူမ်ားေတြကေတာ့ ဘယ္လို ခံစားမလဲ မသိျပင္မဲ့က်ေနာ္ကေတာ့သေဘာေတြက်ၿပီး ေက်နပ္ေနမိတယ္ေလ၊ဘာေၾကာင့္လည္းဆိုေတာ့ စစ္ေဆးမွု(P or N)ကို သိရွိရမယ္၊

(P)ျဖစ္ခဲ့ရင္ေတာင္ ကုသမွုျမန္ျမန္ခံယူရမယ္ဆိုၿပီး အေတြးမ်ားစြာနဲ႔ျဖစ္လိုက္ ဘုရားစာေတြစိတ္ထဲကေန ရြတ္ဖတ္လိုက္ သူငယ္ခ်င္းျဖစ္တဲ့ကိုနအီးနဲ႔ကိုဟာရွင္တို့ႏွစ္ေယာက္ကို မ်က္နာငယ္ေလးနဲ႔အားငယ္စြာနဲ႔ အားကိုးတႀကီး ၾကည့္လိုက္နဲ႔ဗ်ာမ်ားစြာနဲ႔ျဖစ္ေနခ်ိန္မွာ

စိတ္တြင္းကဂနာမၿငိမ္ ျဖစ္ေနတာကို ျပန္လည္ သုံးသပ္မိလိုက္ၿပီး ေအာ္”ငါတို့ေတြ အေရးေပၚ လူနာေတြ ၊နာမက်န္းလူနာနဲ႔ သံသယလူနာေတြကို ဒီေလာက္ပို့ေဆာင္ေနတဲ့အေတြ႕အၾကဳံရွိရက္သားနဲ႔ ငါအခုကိုယ္တိုင္ျဖစ္လည္းျဖစ္ေရာ အေျႏၵမဲ့လိုက္တဲ့စိတ္ျဖစ္ေနတာ

ဘာေၾကာင့္လည္းလို့ သုံးသပ္မိျပန္တယ္၊အဲဒီ့မွာတင္ အေျဖထြက္လာကေတာ့ ပုထုစဥ္သဘာဝအရ အတၱေဘာႀကီးဆိုတာ သုံးသပ္မိလိုက္တယ္”၊အေတြးထဲေျမာေနခ်ိန္မွာဘဲ P.P.E ဝတ္စုံတစ္ေယာက္ကဦးထင္ေအာင္လင္း ဝင္မယ္ဆိုၿပီး

တံခါးဟကာ ေအာ္ေျပာေတာ့ က်ေနာ္လည္း အိတ္ကိုဆြဲၿပီးသူငယ္ခ်င္းႏွစ္ေယာက္ကို ႏူတ္ဆက္ကာရင္ထဲမွာ ဝမ္းနည္းစို့နင့္စြာျဖင့္ အေပါက္ဝမွ တံခါးမွုးကသံႀကိဳးျဖင့္ခ်ီရစ္ထားေသာ သံႀကိဳးကို​ေျဖကာ တစ္ကိုယ္စာ…မွန္စလိုက္ထိုးတံခါးကို ဟ ေပးေသာေၾကာင့္

ေခါင္းငုံၿပီးအေဆာင္ ေကာ္ရီတာလွမ္းဝင္လိုက္ခ်ိန္မွာ ျမင္ေတြ႕လိုက္ရာကေတာ့အမ်ားႀကီး အမ်ားႀကီးမွ အမ်ားႀကီး လူေတြ လူေတြအရြယ္ေပါင္းစုံေတြ အရမ္းအံေအာ္မိသြားတယ္ PPE နဲ႔ လာေခၚတဲ့သူက ဆရာဝန္ေတြ ရွိတဲ့ေနရာကိုဒီတည့္တည့္သြားလိုက္ၿပီး

ညာဘက္ကို ၾကည့္လိုက္ရင္ေတြ႕မယ္လို့ လမ္းညြန္ေျပာဆိုေတာ့က်ေနာ္ကလည္း ဟုက္ကဲ့ခင္ဗ်ာ့ဆိုၿပီး ျပန္လည္ေျပာဆိုၿပီး ဝဲဘက္ယာဘက္ေတြကို အံေအာ္တုန္လွုပ္စြာနဲ႔ စူးစမ္းၾကည့္ကာေလ်ာက္ရင္း ဆရာဝန္လားသူနာျပဳလား ခြဲျခားလို့ မရတဲ့ PPEဝတ္ထားတဲ့

အလယ္ေကာင္တာ မဟုက္တဲ့ယာဘက္ေၾကာကပ္ထားတဲ့ ေကာင္တာကို ေရာက္ရွိသြားပါတယ္(သူမ်ားေတြထက္ က်ေနာ္တစ္ဗန္းသာေနတာကေတာ့အေရးေပၚလူနာေတြကို ယခင္ကာလေတြတုန္းက ပို့ဘူးထားေတာ့အစိမ္းသက္သက္ႀကီးေတာ့ မဟုက္ဘူးေလ)

​ေကာင္တာေရွ႕ေရာက္ေတာ​့Dr? Nurse? မသိရတဲ့ ေမးသမၽွကို ေျဖၾကားလိုက္တယ္၊ယခင္ေရာဂါ ဘာအခံရွိလည္းလို့လည္း တိတိက်က်ေမျမန္းတာကိုေတာ့သတိထားမိသလို ေလးစားမိသြားတယ္၊ေမးျမန္းမွုၿပီးသြားခ်ိန္မွာ က်ေနာ္ ဘယ္မွာေနရမလဲ?လို့ေမးခ်ိန္မွာ

လြြတ္တဲ့ေနရာလြတ္တဲ့ေကာ္ထိုင္ခုံမွာထိုင္လို့ရတယ္ ဦးေလး*ဆိုၿပီးျပန္ေျဖလိုက္တာၾကားလိုက္ရေတာ့ သေဘာေပါက္စျပဳမိသြားၿပီ၊က်ေနာ္ေနာက္ထပ္ေမးခြန္းထပ္ေမးမိတယ္”ဆရာမေရ က်ေနာ့္ကို Swab ဘယ္ေတာ့္ေလာက္ ယူမွာလဲ?လို့ ေမးမိျပန္ေတာ့

မနက္ျဖန္မွဆိုေတာ့ ေက်းဇူးပါလို​့ျပန္ေျပာမိရင္း အိတ္ျမန္ျမန္ဆြဲကာ ကနဦးဝင္/ထြက္ေပါက္ အနီးကို သုတ္​ေျခတင္လာၿပီးလစ္ဟာေနတဲ့ သံမံတလင္းကြက္ေပၚ ဖိနပ္ခုထိုင္ရင္းနဲ႔ အျပင္ကကိုနအီး နဲ႔ ကိုဟာရွင္ကို အက်ိဴးအေၾကာင္းေျပာျပလိုက္တာနဲ႔တခဏအတြင္းမွာဘဲ

ျမက္ဖ်ာ၊ေခါင္းအုံး၊ေစာင္နဲ႔ စားဖို့ေသာက္ဖို့ပါခ်က္ျခင္းပို့ေပးတယ္နာရီကို ၾကည့္မိလိုက္ေတာ့ ၈:၀၀နာရီထိုးေတာ့မယ္၊အဲဒါနဲ႔ အုပ္ႀကီးရွိ ဖုန္းလွမ္းဆက္၊အိမ္နဲ႔သူငယ္ခ်င္းေတြရွီ အက်ိဴးအေၾကာင္းရွင္းျပတုန္း က်ေနာ့္နာမည္ လွမ္းေခၚေတာ့

ပက္ဝန္းက်င္ကလူေတြကို အထုပ္ေလးၾကည့္ေပးပါေျပာၿပိး သုပ္ေျချမန္ျမန္တင္ရတာေပါ့၊ သြားရာလမ္းမွာလည္းရင္စို့စရာျမင္ကြင္းေတြဘဲႀကံႀကိဳက္ေနရာတာေပါ့ေလ၊ဟိုေရာက္ေတာ့ေသြးခ်ိဳ/ဆီးခ်ိဴေဆးနဲ႔ေသြးတိုးေဆးေတြပါလားဆိုေတာ့

က်ေနာ္ကေခါင္းညိတ္ရင္းပါတယ္ေျပာျပေပါ့၊ဒါဆိုရင္ Vitacee အျပင္မွာဝယ္ၿပီး တစ္ေန႔တစ္လုံးေသာက္ပါ၊က်မတို့ေအာ္ေခၚသံကိုလည္းဂ႐ုစိုက္ေပးပါဆိုၿပီး ေျပာေတာ့ က်ေနာ့္စိတ္ထဲမွာနဲနဲအခ်ဥ္ေဖာက္မိသြားတယ္၊သို့ေသာ္လည္း ဟုက္ကဲ့ပါဆရာမ၊

​ေက်းဇူးပါ ဆရာမလို့ေျပာၿပီး မိမိေနရာ မိမိျပန္ေရာက္ခ်ိန္မွာ က်ေနာ့္ေရွ႕က ၂ရက္ ႀကိဳေရာက္နင့္ၿပီးေနတဲ့သူေတြက Vitacee ဝယ္ခိုင္းတာလားဆိုၿပီး တန္းေျပာလိုက္ေတာ့ အံၾသမိသြားတယ္ ၊ဒါနဲ႔ အျပင္က ကိုနအီးကို ဖုန္းဆက္မွာေတာ့ ခ်က္ျခင္းလာပို့တယ္

လက္ဖက္ရည္လည္း ပါလာေတာ့ အားရဝမ္းသာျဖစ္မိၿပီးပူပူေလး မွုတ္ေသာက္ခ်ိန္မွာ ဘာအရသာ၊ဘာအနံမွမရတာျပန္ခံစားမိခ်ိန္မွာ မ်က္ရည္ဝဲမိသြားတာကိုက်ေနာ့ေရွ႕တည့္တည့္ကုတင္ေပၚကညီငယ္က ခ်က္ျခင္းေအာက္ဆင္းလာၿပီး

အစ္ကိုေရ ဘာမွအားမငယ္နဲ႔ အခုက်ေနာ့တို့ လင္မယားႏွစ္ေယာက္လုံးက အနံေရာ၊အရသာေရာ၊ဝမ္းပါသြားၿပီးကိုယ္ေတြပူလို့ ေရွ႕ႏွစ္ရက္ထဲက ေရာက္ေနၾကတာမနက္ျဖန္ညမွ Swab Result ထြက္မွာဒီက အခုရဌိတဲ့လူေတြအားလုံးက

မနက္ျဖန္ညကိုအေျဖျမန္ျမန္ထြက္ေစခ်င္ၿပီး ပို့တဲ့ေနရာကိုအျမန္ဆုံးသြားခ်င္ေနၾကတဲ့သူေတြလို့ ေျပာျပလိုက္ေတာ့မဂ္လာမြန္ေစ်းနဲ႔ေရႊျပည့္စုံေစ်းမွာ အလုပ္လုပ္ေနတဲ့သူေတြ၅ေယာက္ကလည္း အားေပးစကားေတြေျပာရွာၾကတယ္၊စကားရွိန္ေတြတင္လာၿပီး

အားငယ္စိတ္ေတြ ေလ်ာ့နည္းလာခ်ိန္မွာေရႊျပည့္စုံေစ်းက ဆရာႀကီးက ဒဲ့တိုးႀကီး ေျပာခ်လိုက္တဲ့စကားလုံးက ဒီမယ္ဆရာေရ က်ေနာ္တို့အားလုံးနီးပါးပိုးရွိဆိုတဲ့ Positive result ဘဲထြက္မွာ ေျမႀကီးလက္ခပ္မလြဲေစရပါဘူးေျပာသံကိုေစာေစာက ကုတင္ကဆင္းၿပီး

ေနာက္ထပ္အားေပးတဲ့ညီငယ္လင္မယားေရာ ၁၀ေယာက္ေက်ာ္ကပါ သိပ္မွန္တာေပါ့ ၊အာမခံတယ္၊ ဒါအမွန္ဘဲဆိုၿပီး ဝင္ေျပာၾက ကုန္ပါေလေရာ ဘုမသိ၊ဘမသိျဖစ္ေနၿပီးေရးေရးေလး သေဘာေပါက္စေတာ့ညပုလာရၿပီေလ၊​ေနာက္ဆုံးက်မွ

ယၡင္ႀကိဳေရာက္ၿပီးတဲ့သူေတြရဲ့ ေျပာျပခ်က္ေၾကာင့္သူတို့လည္းအပ္တက္ေသခ်ာစြာ ေျပာနိုင္သြားတယ္ဆိုတာကိုက်ေနာ္နာရီဝတ္ေလာက္မွ သေဘာေပါက္နာူလည္သြားရေတာ့တယ္။စကားေတြ ေျပာရင္းနဲ႔ဘဲ ၁၂:၀၀နာရီေက်ာ္လာေတာ့ အလၽွိဴလၽွိဴ ေထာင့္ေလးေတြကပ္ၿပီး

လွဲၾကအိပ္ၾကေတာ့ က်ေနာ္လည္း ျမတ္ဖ်ာေလးခင္းၿပီး ထိုင္ၿပီးေငးေမာ္လိုက္ေပါ့ ၁၅မိနစ္တစ္ခါေလာက္ကို လူနာေတြ အစုလိုက္ အျပဳံလိုက္ဝင္ဝင္လာရင္ က်ေနာ္လမ္းဖယ္ဖယ္ေပးလိုက္ေပါ့ေလ၊ညည့္နက္ တစ္နာရီခြဲေလာက္မွာ က်ေနာ့္ကို ထပ္မံေအာ္ေခၚရျပန္ေရာ

ဒီတစ္ခါေတာ့ က်ေနာ္ဘယ္ရမလဲ ဦးစြာ ဆရာမေရ စိတ္မဆိုးပါနဲ႔ေနာ္က်ေနာ္က ဟိုအဝင္ထိပ္မွာ ေန ေနလို့ပါဆိုၿပီး ေတာင္းပန္လိုက္တယ္၊လက္ျဖန္ကေန ေသြးေဖာက္ယူတာ အေၾကာကရွာလို့မရ၊အပ္ကလည္းအႀကီးႀကီး၊အေၾကာမိျပန္ေတာ့လည္း

ေသြးက နည္းနည္းေလးဘဲစုပ္ယူလို့ရတယ္၊ရတဲ့ေသြး ႁပြန္ေလးထဲ ထည့္ျပန္ေတာ့လည္း ေသြးက ျပစ္ခဲေနျပန္ေတာ့ ထည့္မရတဲ့ေနာက္ဆုံး အပ္ေဖာက္ရာလည္း မ်ားတာနဲ႔ဆရာမက အားနာတဲ့ေလသံနဲ႔ ဦးရယ္ မနက္မွဘဲေဖာက္ယူေတာ့မယ္

အပ္အရာေတြလည္း မ်ားသြားၿပီဆိုၿပီး ဂ႐ုဏာသံနဲ႔ ေျပာရွာတယ္၊က်ေနာ္က နာရီဝတ္ဘဲ ေစာင့္ပါ ျပန္လာခဲ့မယ္ေျပာၿပီး၊မိမိေနရာလည္းေရာက္ေရာ လက္ကို ေလ့က်င့္ခန္းလုပ္စိတ္ကို တည္ၿငိမ္စြာထားၿပီး ညာလက္ဖ်ံကို ေသြးပူေအာင္ ပြတ္ေနလိုက္တယ္

၁၅မိနစ္ေလာက္ၾကာၿပီးခ်ိန္မွာ က်ေနာ္ျပန္သြားၿပီး”ဆရာမေရ ေဖာက္ၾကည့္ေတာ့ ရၿပီဆိုၿပီး ေဖာက္ခိုင္းလိုက္ေတာ​့တစ္ခ်င္ထဲနဲ႔ အစဥ္ေျပသြားတယ္ ထြက္လာတဲ့ေသြးကလည္းစုပ္တာနဲ႔ ​အစဥ္ေျပစြာ ထြက္လာေတာ့ဆရာမလည္း အံေအာ္ၿပီး ဘာလုပ္လိုက္လည္းလို့ေမးေတာ့

​ေလ့က်င့္ခန္းလုပ္လိုက္တယ္ အရင္တုန္းက ေသြးလွူေနၾကေလေသြးတိုး/ ေသြးခ်ိဴဝင္သြားလို​့ ယၡဳႏွစ္ႏွစ္ေက်ာ္ၿပီ မလွူျဖစ္ေတာ့တာဆိုၿပီး ႂကြားလုံးသုံးလိုက္မိတယ္”တစ္ခါ ကိုယ့္ေနရာကိုယ္ျပန္ေရာက္ၿပီးထိုင္ခါစဘဲ ရွိေသးတယ္ ထပ္ေခၚျပန္ေရာ

E.C.G ဆြဲေပးျပန္ေရာ ခ်က္ျခင္းက်ေနာ္ေမးမိတယ္ အေျဖက ေကာင္းတယ္တဲ့ က်ေနာ္ေပ်ာ္ၿပီးကိုယ့္ေနရာမွာ ကိုယ္ျပန္ထိုင္လိုက္ၿပီး ေရတစ္ဝႀကီးေသာက္ျဖစ္လိုက္တယ္ ၁၅မိနစ္ နာရီဝက္ေလာက္ဆိုရင္ တစ္ခါလာျပန္ၿပီ

အစုလိုက္ေရာတစ္ဦးခ်င္းေရာ က်ေနာ္လည္း ေနာက္ဆုံး ဘယ္လိုမွ ထိုင္လို့မရေတာ့တဲ့ အဆုံး စူးစမ္းေလ့လာေရးကို စတင္လိုက္ပါေတာ့တယ္ လူနာအမ်ားစုနဲ႔ေဝသနာရွင္အမ်ားစုဟာ မသဲကြဲတဲ့အေျခအေနကိုေရာက္ရွိေနၾကပါတယ္၊တစ္ခ်ိဳ့က အစာအိမ္ျဖစ္လို့၊

ရင္ဘက္ေအာင့္လို့၊ေသြးတိုးလို့၊နံရိုးနာလို့(က်ေနာ့မိတ္ေဆြ-လြတ္လပ္ေရးရပ္ကြက္)ေခါင္းႀကီးထိုးေနလို့၊ေသြးခ်ိဴတက္ေနလို့စတဲ့ လူနာေတြနဲ႔ က်ေနာ္တို့လို Covidေတြနဲ႔ ေရာေႏွာေနၾကပါတယ္၊ ဒီလို အလုံပိတ္အေဆာင္ကို ေရာက္ရွိတာနဲ႔ ျပန္လည္ထြက္လို့မရသလို

Auto သံသယ လူနာ ျဖစ္သြားရပါတယ္။က်ေနာ္လည္း ေညာင္းေညာင္းရွိတာနဲ႔ ကိုယ့္ရဲ့ဘူမိဗိမၼာန္ေလးမွာေျခဆင္းထိုင္ေနရင္း သုံးနာရီေက်ာ္ေလာက္မွာ အသက္၈၅ ေက်ာ္ အေမႀကီးတစ္ေယာက္ ေရာက္ရွိလာပါတယ္၊အစ္မတစ္ေယာက္ကထၿပီးေနရာေပးလို့ ထိုင္ေတာ့

ဝိုင္းေမးၾကေပါ့ေလ ေသြးတိုးၿပီးရင္ဘက္ႀကီးေတာင့္လို့တဲ့ အကုန္လုံး ဂ႐ုဏာ ၊ေမတၱာေတြနဲ႔ဆက္ဆံၾကေပါ့၊အဲလိုနဲ႔(၂၁.၉.၂၀၂၀)ကေန (၂၂.၉.၂၀၂၀)ရဲ့နံနင္ခင္းကို ေရာက္ရွိသြားပါေလေရာ၂၂.၉.၂၀၂၀ နံနက္ (၆:၀၀)နာရီ မထိုးခင္ က်ေနာ့္ နာမည္ေအာ္ေခၚေတာ့

အေျပးအလႊားသြားၿပီးေရာက္ေတာ့ ဓာက္မွန္ ရိုက္ရမယ္ဆိုလို့ဓာက္မွန္ခန္းထဲဝင္ရိုက္ေပါ့ေလ ၊အထြက္မွာ အလွေငြေလးဆိုေတာ့ ထည့္လိုက္ရေသးတယ္၊အျပန္မွာ အေပါ့သြားခ်င္လို့ သည္းခံၿပီးနာရီဝတ္ေက်ာ္ေစာင့္လည္းေစာင့္ ေအာင့္လည္းေအာင့္ထားၿပီးမွ

ကိစၥရွင္းေတာ့တယ္၊ဒါနဲ႔ မိမိေနရာမိမိျပန္ထိုင္ရင္း ေထြရာေလးပါးစဥ္းစားလိုက္၊ုတရားစာေတြရြတ္ဖတ္လိုက္ ဝင္လာတဲ့သူေတြေငးလိုက္၊စကားေျပာလိုက္နဲ႔ေနရတဲ့ေနရာကလည္း ေန႔မွန္းမသိ ညမွန္းမသိနဲ႔ မနက္/ည ေျပာေနခ်ိန္မွာ နာမည္ေတြ ေအာ္ေခၚၿပီး

​ေဆး႐ုံစာအုပ္မွာ E.C.Gတြဲထားၿပီး ဓာတ္မွန္ပါေပးၿပီး မိမိေနရာ မိမိထိုင္ခိုင္းထားၾကတယ္၊တစ္ခ်ိန္ထဲမွာဘဲ က်ေနာ့္ေရွ႕က ၂ရက္ေက်ာ္ေရာင္နင့္ေနတဲ့မိတ္ေဆြေတြရဲ့ အမည္ေတြေအာ္ေျပာၿပီး အထုပ္အပိုးျပင္ဆင္ခိုင္းတာၾကားရျမင္ရခ်ိန္မွာ

သူတို့ေတြကသြားရေတာ့မွာမို့ ေပ်ာ္ရႊင္ေနတာကို ျမင္ေတြ႕ရေတာ့အံျသမွုေတြနဲ႔က်ေနာ္ နားလည္ရခတ္သြားရၿပီေလ၊အေျဖကလည္းေကာင္းလိူက္တဲ့အေျဖထြက္ၾကတယ္ (၂၃)ေယာက္မွာ(၂၁)ေယာက္က Positive အေျဖထြက္ရွိၿပီးႏွစ္ေယာက္ထဲသာ ေအာင္ျမင္မွုရရွိခဲ့ၾကတယ္။က်​ေနာ္

အေရွ႕တည့္တည့္က ကုတင္ေလးေပၚကမိတ္ေဆြကေတာ့ ေပ်ာ္ရြင္ၾကည့ႏူးစြာနဲ႔ က်ေနာ့ကို”အစ္ကိုႀကီးေရ ဒီေနရာမွာ လာေနလိုက္ ဟိုမွာ ေဆးေတြအမ်ားႀကီး ရွိေသးတယ္ သန္႔ရွင္းေရကိုစိတ္သန္႔တဲ့အထိလုပ္ၿပီး စိတ္ညစ္ခံလိုက္အုံးက်ေနာ္တို့ကေတာ့ ေပ်ာ္ေနၿပီ

လြတ္ေျမာက္သြားၿပီအစ္ကို့ကိုလည္း က်ေနာ္တို့ ေဖာင္ႀကီးကေစာက္ေနမယ္ဆိုၿပီးေျပာေတာ့ က်န္ရွိသြားရမဲ့သူမ်ားကပါေပ်ာ္ရႊင္မွုေတြအျပည့္နဲ႔ႏူက္ဆက္ၾကေပါ့ေလ၊သူတို့ထြက္ခြာသြားေတာ့ ဝမ္းနည္းစြာ က်န္ေနခဲ့ရင္းသန္႔ရွင္းေရးလုပ္ၿပီး

ကုတင္ေပၚခဏတက္ေရာက္ၿပီးမအိပ္ရေသးေတာ့ ခါးေလးဆန္႔ေနခ်ိန္မွာ ဆရာဝန္(၄)ေယာက္ တစ္ဦးခ်င္းစီကို စကားေတြေမး၊ဖဓာက္မွန္နဲ႔ေသြးအေျဖၾကည့္ေတာ့ က်ေနာ္လည္း ေသြးနဲ႔ဓာက္မွန္အေျဖကိုေမးၾကည့္ေတာ့ က်ေနာ့္ကို

စိတ္ရွည္စြာနဲ ရွင္းျပၿပီးဦးေလးအကုန္ေကာင္းတယ္ဆိုတဲ့စကားၾကားလိုက္ရခ်ိန္မွာငါေဆး႐ုံႀကီးလာလိုက္တာ မွားမ်ားမွားသြားၿပီလားဆိုၿပီး ေတြးေတာ့မွုျဖစ္မိသြားေသးတယ္၊သို့ေသာ္လည္း ေကာင္းမြန္ေသာရလတ္ေၾကာင့္ စိတ္ခ်မ္းသာသြားတယ္

အဲလိုနဲ႔(၁၁:၁၅)ေလာက္မွာကိုနအီး ဆီက ဖုန္းဝင္လာတယ္ အေရွ႕ေရာက္ၿပီ ထမင္းနဲ႔မွုန္႔ေတြကြမ္းယာေတြပါတယ္ဆိုလို့ ခ်က္ျခင္းသြားယူခ်ိန္မွာဟ ထားတဲ့ တံခါးကေန မ်က္နာေလးေတြ စကၠန္႔ပိုင္းေလာက္ဘဲ ေတြ႕ျမင္ႏူက္ဆက္ရတာကလည္း

စိတ္ခြန္အားအတြက္ အားေဆးျဖစ္ခဲ့ရတာေပါ့၊က်ေနာ့္ရင္ထဲမွာကေတာ့ ဒီလိုကာလအခ်ိန္၊ဒီလိုအျဖစ္ဆိုးေတြရဲ့ပိုးျပန္႔ပြားေနတဲ့ေနရာမွာက်ေနာ့္အတြက္ေစာက္ေရွာက္ရိုင္းပင္းကူညီေနတဲ့ ကိုနအီးကို ရင္ထဲကေနဘုရားစာေတြရြတ္ဖတ္ၿပီး

​ေမတၱာေတြပို့သေနရတာေပါ့ေက်းဇူးတင္ပါတယ္လို့ က်ေနာ္မေျပာေတာ့ဘူး ​ေပါ့ေလ်ာ့တဲ့စကားျဖစ္မွာစိုးရိမ္မိတယ္၊က်ေနာ္ ကိုနအီး ပို့တဲ့ ထမင္းကို အရသာမရွိ၊အနံမရဘဲ စားေနခ်ိန္မြန္းတည့္(၁၂:၀၀)နာရီ တိတိမွာ နာမည္ေအာ္ေခၚေတာ​့ ပါးစပ္ထဲကထမင္းကို

ကုန္ေအာင္မ်ိဴခ် ေရေသာက္ၿပီး သြားလိုက္ေတာ့နာတို့ပတ္/အာေခါင္တို့ပတ္ ယူတယ္ေလ(လုံးဝ နာၾကင္မွုမရွိဘဲအာေခါင္ယား)မိမိေနရာေလးျပန္ေရာက္ၿပီ ခဏဘဲ ထိုင္မိေသးခ်ိန္မွာဗိုက္ျပသနာက စတက္ျပန္ေရာ၊အိမ္သာသြားျပန္ေတာ့လည္း

တန္းစီစနစ္အတိုင္း မိမိအလွည့္လည္းေရာင္လို့ ဝင္လည္းဝင္ေရာ မျမင္ဖြယ္ရာေတြ ျပည့္စုံေနတဲ့ အရာေတြ ျမင္ေတြ႕ရခ်ိန္မွာ မိမိနာေခါင္း(Mask)အေပၚကို ပိတ္ၿပီး ျပန္ထြက္ေျပးလာခဲ့တယ္(အနံလုံးဝမရလို့ ျဖစ္ေနတာေတာင္ အနံရသကဲ့သို့ရြံရွာၿပီး

နာေခါင္းပိတ္ၿပီးထြက္လာခဲ့ရတဲ့ မိမိျဖစ္စဥ္ကို)ကိုယ့္ဟာကိုယ္ဘဲ ျပဳံးမိလိုက္ၿပီး စတင္ႀကံစည္ပါေတာ့တယ္ဒီအေရးေပၚဌာနကိုလည္း နည္းနည္းနီးစပ္မွုရွိေတာ့ ယၡဳမွ သီးသန္႔ Covid သမားေတြအတြက္လုပ္ေပးထားတဲ့ အတြဲလိုက္အိမ္သာကို ေရာက္ေအာင္သြားၿပီး

ကိစၥႀကီးကို ရွင္းလိုက္ရေတာ့ေနသာထိုင္သာနဲ႔ ေပါ့ပါးသြားတယ္။မိမိေနရာျပန္ေရာက္ေတာ့မေန႔ကထဲက တစ္ေမွးေတာင္မရေသးလို့ ခဏလဲလိုက္ရာအိပ္ေပ်ာ္သြားၿပီး ညေန(၆:၀၀)နာရီေလာက္မွာ လန္႔ၿပီးနိုးသြားတယ္၊နိုးလာေတာ့

ဝက္တစ္ရွူးနဲ႔ မ်က္နာသစ္သလိုလုပ္လိုက္ရတာေပါ့၊ေရကိုလည္းတစ္အားခ်ိဴးျပစ္လိုက္ခ်င္ၿပီေလ။ ခုႏွစ္နာရီထိုးေတာ့ ကိုနအီးနဲ႔ကိုရိုမီတို့လာပို့တဲ့ထမင္းကို စားၿပီး အနံနဲ႔အရသာမသိဘဲနဲ႔ဂ်င္းလက္ဘက္ရည္ကို တစ္ငုံခ်င္းေသာက္ေနမိတယ္၊ဒီလိုနဲ႔

(၉:၀၀)နာရီ ေနာက္ပိုင္းမွာ ဝင္လာမဆဲ တသဲသဲျဖစ္ေနတဲ့ လူႀကီးလူငယ္ေတြေငးၾကည့္လိုက္ အကူအညီေတာင္းရင္ ရွင္းျပေျပာဆိုလိုက္နဲ႔အဝင္/အထြက္ ဂိတ္ေပါက္မွာ အထဲက ဆရာႀကီးလို ျဖစ္မွန္းမသိျဖစ္လာေရာဘဲ၊ က်ေနာ္ရထားတဲ့ ကုတင္ေနရာက

နံပါက္(၁)ဆိုေတာ့ျမင္ေနၾကဳံႀကိဳက္ေနရေတာ့လည္း အခ်ိန္ၾကာလာသည္နင့္အမၽွရာႏူန္းျပည့္ သေဘာေပါက္မိလာေတာ့ ဝင္လာတဲ့သူေတြထဲမွာသမာရိုးက်ျဖစ္စဥ္ ေသြးတိုး၊ဆီးခ်ိဴမက်တာတို့၊ႏွလုံးေအာင့္တဲ့သူ၊ကိုဗစ္မဟုက္ရင္ ဝင္မေနနဲ႔လို့

တားျမစ္မိတယ္၊လူေတြကလည္းမရပါဘူးအတင္းဝင္ေတာ့ မၾကာပါဘူး Covid ကူးေတာ့တာေပါ့၊ျဖန္႔ျဖဴးေရးဌာနႀကီးလို ျဖစ္ေနေတာ့ေတြးၾကည့္ေလ သိရွိေလ ေျပးခ်င္ေလေပါ့ဗ်ာ၊က်ေနာ္လည္းမနက္ေလးနာရြေလာက္မွာ အိပ္ေပ်ာ္သြားၿပီး

၈:၀၀ မထိုးခင္မွာဘဲအရင္ရက္အတိုင္း အသံေတြေၾကာင့္ လန္႔နိုးသြားတာေပါ့၂၃.၉.၂၀၂၀ နံနက္ပိုင္း နိုးလာေတာ့ ဝက္တစ္ရွူးနဲ႔မ်က္နာသစ္ၿပီး ခိုးသြားရတဲ့ အိမ္သာကိစၥရွင္းေပါ့၊ မွုန္႔ေလးစားၿပီး ဆရာေတြရွိေသြးေပါင္တိုင္း ေသြးခ်ိဴေဖာက္စစ္ေပါ့ေလ

က်ေနာ္တို့ Result ဘယ္ေတာ့ရမလဲ ေမးေတာ့ မနက္ျဖန္ မနက္မွဆိုၿပီး ျပန္ၾကားၾကားျခင္းထြက္ေျပးခ်င္စိတ္ေပါက္သြားတယ္၊ က်န္းမာေရးဝန္ထမ္းေတြကိုလည္း ေလးစားသမွုနဲ႔သနားမိတယ္PPEဝတ္စုံေတြနဲ႔ လုပ္ကိုင္ေနတာ ကိုယ္ခ်င္းစာမိသလို

​ေသာကအပူေတြနဲ႔ ဒုကၡခံေနရတဲ့ လူနာေတြကိုဗစ္အကူးခံလိုက္ရတဲ့ လူေကာင္းလူနာေစာက္ေတြ အနည္းဆုံးလူ (၂၀၀)ဟာ ေအာက္ထစ္ဘဲေလ က်ေနာ္လည္း အေပါက္ဝနားမွာေနာက္မွေရာက္လာတဲ့သူေတြကို စိတ္ပိုင္းဆိုင္ရာ အားေပးရင္းနဲ႔

ကူညီေနရရင္း တစ္ရက္သာ ေက်ာ္ျဖတ္ေနရင္း ည(၂:၀၀)နာရီေလာက္မွာ ေမွးကနဲ အိပ္ေပ်ာ္သြားတယ္။၂၄.၉.၂၀၂၀(လူလည္းသက္ခ်င္/ ေပ်ာ္လည္းေပ်ာ္) နံနက္ ေစာေစာဆူေလာင္ေအာ္ဟစ္ေနတဲ့ စကားရိုင္းသံတို့ေၾကာင့္ထထိုင္မိလိုက္တယ္

ေအာင္စီဂ်င္အိုးႀကီးရွူေနရတဲ့ သူက ႐ူးသလိုလို ေၾကာင္သလိုလိုနဲ႔ တစ္ေယာက္တည္း ေအာ္ဟစ္ေျပာဆိုေနၿပီးအေပါက္ဝတံခါးကို လက္နဲ႔ရိုက္ေနေတာ့ က်ေနာ္ဝန္ထမ္းေတြကို သြားေခၚေနခ်ိန္မွာဘဲ အိုးႀကီးထိပ္ပိုင္းနဲ႔ လွဲတိုက္ၿပီး

မွန္ခ်ပ္ႀကီးကိုခြဲပစ္လိုက္တဲ့အသံၾကားလိုက္ရတယ္ ၊က်ေနာ္နဲ႔ ဆရာဝန္မေတြနဲ႔ ဝန္ထမ္းေတြလည္း ေျပးလာခ်ိန္မွာလူအားလုံးနီးပါးက မ်က္နာခ်င္းဆိုင္ ကယ္ၾကပါအုံးဆိုၿပီးဆန္႔က်င္ဘက္ ေျပးလာၾက​ေရာ ေအာက္စီဂ်င္အိုးႀကီးလည္း

ေလကတစ္အားထြက္ၿပီးေရဗူးလည္းကြဲေနၿပီး အိုးလဲေနတာေတြ႕ျမင္ရသလိုအဲဒီ့ျပသနာေကာင္ကိုလည္း ေတာ္ေတာ္ထိန္းခ်ဴပ္ထားရတယ္၊ဒါျပင္ က်ေနာ္တို့ Covid သံသယေဆာင္က တံခါးႀကီးကေတာ့ ​ေဟာင္းေလာင္းေပါက္ႀကီး ျဖစ္သြားတာတစ္နာရီေက်ာ္ေလာက္ရွိမယ္။

ဝန္ထမ္းေတြ လုံျခဳံေရးေတြ ေရာက္ရွိလာတယ္ ပလတ္စတစ္နဲ႔ အျမန္ဆုံး တံခါးျဖစ္ရေအာင္ ျပန္လုပ္လိုက္ရတယ္ေဘးတံခါးကေတာ့ ၂ေပေက်ာ္ပက္လည္ ေဟာင္းေလာင္းေပါက္ႀကီးျဖစ္ေနတာ ဘယ္ရက္အထိၾကာလဲဆိုတာ

မသိလိုက္ေတာ့ဘူး၊ဒီလိုနဲ႔က်ေနာ့ညီအစ္ကို ဖုန္းဆက္ၿပီးေတာ့ ပိုးေတြေတာ့အျပင္ကို ထြက္ခ်င္တိုင္း ထြက္သြားၿပီ ကိုနအီးလာရင္ေတာ့သတိႀကီးမားစြာ ထားေတာ့လို့ ေျပာဆိုမိၿပီး စိတ္ေျဖေနလိုက္ရတယ္ မနက္ (၁၀:၃၀)ခြဲေလာက္မွာ

ဦးထင္ေအာင္လင္း အထုက္ျပင္ပါၿပီးရင္ ကားေပၚတက္ရမယ္ဆိုတဲ့ အသံၾကားလိုက္ရေတာ့ေပ်ာ္လိုက္တာနဲ႔ ယခင္ေရွ႕ကလူေတြအတိုင္း ဝမ္းသာေနၾကတာေပါ့၊Positive ျဖစ္သြားလို့ ဝမ္းမနည္းမိဘူး လူနာဦးေရနဲ႔

ဆရာဝန္၊သူနာျပဳ ၊ ​ေနရာထိုင္ခင္း၊ အိမ္သာစတဲ့ အစီအေငၚမတည့္တဲ့Covid ျဖန္႔ခ်ိေရးဌာနႀကီးမွ လြတ္ေျမာက္နိုင္ေတာ့မည့္အေျခအေနကို ကိုယ္တိုင္ဝင္ေရာက္ခံစားဘူးတဲ့သူေတြမွသိရွိနိုင္မယ္ေလ၊

က်ေနာ္လည္း စိတ္ေက်နပ္မွုေတြနဲ႔ကားႀကီးေပၚကို အမ်ားသူငါ ေတြလို ေက်နပ္စြာ တက္ၿပီးရိုးမအိမ္ရာသို့ ​ေန႔လည္ (၁:၀၀)နာရီတြင္ ေအာင္ျမင္စြာ ေရာက္ရွိခဲ့ပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

Covid-19 ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိသွားပုံနင့် ကိုယ်တွေ့ ကြုံ ရမှုများ(အစ အဆုံး ဖတ်ကြည့် စေချင်)

ကျနော်ဟာ ၂၁.၉.၂၀၂၀ နေ့လည် (၃:၀၀)နာရီခန့်မှာ ရေချိူးရင်း သွားတိုက်သည့်အခါသွားတိုက်ဆေးရနံမရတော့လို့ ချက်ခြင်း ကြက်သွန်နီကို အခွံခွာကာ ခြမ်း၍ ပါးစပ်ထဲထည့်ကာ ြကြိတ်ဝါးကြည့်ပြီး အနံ့ အာရုံ ခံသော်လည်း ဘာအနံမှ မရသလို ဖြစ်လာသော်ကြောင့်

ကျနော့်တူတော်မောင်ကို အဝတ်အစားတောင်းယူကာလှဲလည် ဝတ်စဉ်ပြီး ထမင်းစားပွဲရှေ့ထိုင်ကာ ပုဇွန်ဟင်းနင့် ထမင်း သုံးလေးလုပ်စားကြည့်ပါသော်လည်း ဟင်းအနံ မရ၊ ကြက်သွန်ဖြူှစ်ဥကို ပါးစပ်ထဲ ထည့်ပြီး ကြိတ်ဝါးပြန်သော်လည်း

အရသာပါ ပျောက်ဆုံးနေသည်ကို စိုးရိမ်စိတ်ဖြင့် သိရှိရလိုက်ချိန်မှာ ငရုတ်သီးစိမ်း(ယမန်နေ့က စားခဲ့သော၊အလွန်စပ်လှသော) နှစ်တောင့်ကို တစ်ပြိုင်နက် ကြိတ်ဝါး၍လျှာအနှံ့စပ်သည့်အရသာအနံမရသည့်အပြင်လှည့်တင်ထိတွေ့ခံစားကြည့်ပြန်တော့လည်း

ဘာမှ မသိရှိရသည့်အတွက် တူဖြစ်သူအား အကျိူးအကြောင်း ရှင်းပြ၍အဝတ်အစားများထည့်စေ၍ ရပ်ကွက် အုပ်ချူပ်ရေးမှုးလည်းဖြစ်၊ငယ်သူငယ်ချင်းလည်းဖြစ်သူဦးဇော်ဝင်းထွန်း(ခ)ကိုပေါက်စီထံ အားကိုးတစ်ကြီးများစွာနဲ့ဖုန်းဆက်လိုက်သောအခါ

ပြန်ကြားလိုက်တဲ့ စကားသံကတော” အေး..သူငယ်ချင်းကိုလင်းရေ..ငါရယ်၊အသေးလေးရယ် ဆေးရုံကြီးကို သွားပို့တဲ့အမေကြီးက ငါတို့ပို့ပြီး နာရီဝတ်တောင် မကြာဘူး ဆုံးသွားတယ်လေ၊မင်းသိတယ် မဟုက်လား?အေး

အခု အဲဒီ့ အမေကြီးကို ငါတို့တွေ ထိထိရောက်ရောက် အိမ်ပေါ်ကနေအောက်ချပြီးဆေးရုံကြီး အရေးပေါ်ကို ပို့ခဲ့လို့လေ၊အခု အဖြေထွက်လာပြီ (positive)တဲ့ အခု ငါနဲ့ အသေးလေးလင်ဝှေ့ရူံမှာ Q ဝင်ရတော့မယ်ကွာ”ဆိုတဲ့စကားသံ ကို နားဝမှာ ကြားမိ သိရှိလိုက်ချိန်မှာ

ရင်ထဲမှာစို့နင့်သွားမိတယ်၊အဲဒါနဲ့ ကျနော်လည်းငါကတော့ အနံနဲ့အရသာ ပျောက်ဆုံးသွားပြီဆေးရုံကြီးသွားချင်တယ် ကူညီပါဆိုပြီး တောင်းဆိုမိလိုက်တယ်ဆိုရင်ဘဲ ၊အုပ်ကြီးက မြို့နယ်ကျန်းမာရေးကို ဖုန်းဆက်ချိတ်ဆက်ပေး၊မှာစရာရှိတာတွေ မှာကြားပြီး ဖုန်းချလိုက်မိတယ်။

စိတ်တွင်းထဲမှာတော့ အုပ်ကြီးရယ်ညီငယ်လေးစိုးသူရယ်(အသေးလေး)၊ကျနော်ရယ် သုံးယောက်လုံးတစ်ရက်ထဲ တစ်ချိန်ထဲမှာ ဖြစ်ရကြုံရလေခြင်းဆိုပြီး ရင်ထဲမှာဝမ်းနည်းအားငယ်မိနေမိပြီး ငါတို့ဖို့မြေပရဟိတကျမှ သုံးယောက်ပြိုင် ဖြစ်ရလေခြင်းဆိုပြီး

စိတ်တွေရှုတ်ထွေးနေမိပြီး အုပ်ကြီးရှီဖုန်းထပ်မံဆက်မိတော့ အုပ်ကြီးက”ကျန်းမာရေးဌာနကိုဖုန်းဆက်ထားပြီးပြီ မင်းရှီဆက်လေ့မယ်”ဆိုတဲ့စကားကြားရပြီးငါးမိနစ်လောက်မကြာခင်မှာဘဲကျန်းမာရေးမှဆရာမက အကျိူးအကြောင်းမေးမြန်းတာကို ပြန်ဖြေပြီးတာနဲ့

ချက်ခြင်းသတိရသွားမိတဲ့ ကိုနအီး(ဦးဝင်းမြင့်)ရှီကိုဖူန်းဆက်ပြီးဖြစ်ကြောင်းရယ်တဲ့ကုန်စင် ရှင်းပြပြီး ဆေးရုံကိုသာမြန်မြန်သွားရောက်လိုကြောင်း တောင်းဆိုမိလိုက်တယ်။တစ်အောင့်လောက်အကြာမှာ ကိုနအီး(ဦးဝင်းမြင့်ထံမှ ဖုန်းဝင်လာပြီး နာရီဝတ်အတော်အတွင်း လာခေါ်မည်

အစဉ်သင့်လုပ်ထားပါလို့ပြောတော့ ကျနော်ကလည်း အစဉ်သင့်ဖြစ်နေပါပြီ ပြန်ပြောလိုက်တယ်၊အဲလိုနဲ့ ၁၅မိနစ်လောက်အကြာမှာ ကားရောက်လာပြီ ပြောတာနဲ့မိုးဖွဲဖွဲမှာ အိတ်လွယ်ပြီး လင်းနို့ကားပေါ် တစ်ယောက်တည်း ထိုင်ကာစံပြဆေးရုံသို့ ဦးတည်ရာသို့ လိုက်ပါလာခဲ့တယ်။

သဃာ်ကျွန်း စံပြဆေးရုံရောက်တော့ ကားပေါ်မှာနာရီဝတ်ကျော်ထိုင်နေရပြီး လူနာတွေ များလွန်းလို့ လက်မခံနိုင်တော့ဘူးဆိုလို့ကိုနအီး(ဦးဝင်းမြင့်)ကY.R.Oနဲ့ ချိတ်ဆက်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြန်လည်ဦးတည်လာရာ အရေးပေါ် ဌာနရောက်၍

မေးမြန်းမှုကိုပြန်လည်ဖြေကြားချိန်မှာမြို့နယ်ကျန်းမာရေးရဲ့လွဲစာလက်မှတ်ပါရဲ့လားလို့မေးမြန်းချိန်မှာ ကျနော်တို့မှာ မပါပါဘူးလို့ ကျနော်ပြန်ဖြေဆိုချိန်မှာကိုနအီးက ဆရာတို့ခင်ဗျာ ကျနော်တို့က Volunteer လုပ်နေတဲ့သူတွေပါ ကိုလင်းMask ချွတ်ပြီး

မျက်နာပြလိုက်လေဆိုပြီးပြောတော့ကျနော်လည်း Maskကို မြန်မြန်မေးအောက်ကို ချွတ်ပြလိုက်တော့ ဟာ အစ်ကိုကြီး ဘယ်လိုဖြစ်တာလည်းဆိုပြီး ဂရုဏာနဲ့မေးမြန်းပြီး ဆေးရုံထဲကို ချက်ခြင်း ဖုန်းဆက်သွယ်ပေးပြီး ဝင်/ထွက်အပေါက်ဝရဲ့စတီးလေးခုံတွဲမှာ ထိုင်ခိုင်းထားတယ်။

၁၀မိနစ်လောက်နေတော့ Covid သံသယအဆောင်ထဲက ဆရာဝန်က ဖြစ်ပေါ်ခံစားနေရတဲ့အကြာင်းနဲ့ ရှေ့တစ်ပတ်ကျော်က ကိစ္စတွေ ဆက်နွယ်ပတ်သပ်မှုအချက်အလက်တွေကို စုံစမ်းမေးမြန်းပြီးတော့မှ စကားတစ်ခွန်းပြောဆိုပါတယ်၊

စကားကတော့ ဝင် ပြီးရင် ပြန် ထွက်လို့မရဘူး*ဆိုတဲ့ စကားလေးပါ ၊သူများတွေကတော့ ဘယ်လို ခံစားမလဲ မသိပြင်မဲ့ကျနော်ကတော့သဘောတွေကျပြီး ကျေနပ်နေမိတယ်လေ၊ဘာကြောင့်လည်းဆိုတော့ စစ်ဆေးမှု(P or N)ကို သိရှိရမယ်၊

(P)ဖြစ်ခဲ့ရင်တောင် ကုသမှုမြန်မြန်ခံယူရမယ်ဆိုပြီး အတွေးများစွာနဲ့ဖြစ်လိုက် ဘုရားစာတွေစိတ်ထဲကနေ ရွတ်ဖတ်လိုက် သူငယ်ချင်းဖြစ်တဲ့ကိုနအီးနဲ့ကိုဟာရှင်တို့နှစ်ယောက်ကို မျက်နာငယ်လေးနဲ့အားငယ်စွာနဲ့ အားကိုးတကြီး ကြည့်လိုက်နဲ့ဗျာများစွာနဲ့ဖြစ်နေချိန်မှာ

စိတ်တွင်းကဂနာမငြိမ် ဖြစ်နေတာကို ပြန်လည် သုံးသပ်မိလိုက်ပြီး အော်”ငါတို့တွေ အရေးပေါ် လူနာတွေ ၊နာမကျန်းလူနာနဲ့ သံသယလူနာတွေကို ဒီလောက်ပို့ဆောင်နေတဲ့အတွေ့အကြုံရှိရက်သားနဲ့ ငါအခုကိုယ်တိုင်ဖြစ်လည်းဖြစ်ရော အနြေ္ဒမဲ့လိုက်တဲ့စိတ်ဖြစ်နေတာ

ဘာကြောင့်လည်းလို့ သုံးသပ်မိပြန်တယ်၊အဲဒီ့မှာတင် အဖြေထွက်လာကတော့ ပုထုစဉ်သဘာဝအရ အတ္တဘောကြီးဆိုတာ သုံးသပ်မိလိုက်တယ်”၊အတွေးထဲမြောနေချိန်မှာဘဲ P.P.E ဝတ်စုံတစ်ယောက်ကဦးထင်အောင်လင်း ဝင်မယ်ဆိုပြီး

တံခါးဟကာ အော်ပြောတော့ ကျနော်လည်း အိတ်ကိုဆွဲပြီးသူငယ်ချင်းနှစ်ယောက်ကို နူတ်ဆက်ကာရင်ထဲမှာ ဝမ်းနည်းစို့နင့်စွာဖြင့် အပေါက်ဝမှ တံခါးမှုးကသံကြိုးဖြင့်ချီရစ်ထားသော သံကြိုးကိုဖြေကာ တစ်ကိုယ်စာ…မှန်စလိုက်ထိုးတံခါးကို ဟ ပေးသောကြောင့်

ခေါင်းငုံပြီးအဆောင် ကော်ရီတာလှမ်းဝင်လိုက်ချိန်မှာ မြင်တွေ့လိုက်ရာကတော့အများကြီး အများကြီးမှ အများကြီး လူတွေ လူတွေအရွယ်ပေါင်းစုံတွေ အရမ်းအံအော်မိသွားတယ် PPE နဲ့ လာခေါ်တဲ့သူက ဆရာဝန်တွေ ရှိတဲ့နေရာကိုဒီတည့်တည့်သွားလိုက်ပြီး

ညာဘက်ကို ကြည့်လိုက်ရင်တွေ့မယ်လို့ လမ်းညွန်ပြောဆိုတော့ကျနော်ကလည်း ဟုက်ကဲ့ခင်ဗျာ့ဆိုပြီး ပြန်လည်ပြောဆိုပြီး ဝဲဘက်ယာဘက်တွေကို အံအော်တုန်လှုပ်စွာနဲ့ စူးစမ်းကြည့်ကာလျောက်ရင်း ဆရာဝန်လားသူနာပြုလား ခွဲခြားလို့ မရတဲ့ PPEဝတ်ထားတဲ့

အလယ်ကောင်တာ မဟုက်တဲ့ယာဘက်ကြောကပ်ထားတဲ့ ကောင်တာကို ရောက်ရှိသွားပါတယ်(သူများတွေထက် ကျနော်တစ်ဗန်းသာနေတာကတော့အရေးပေါ်လူနာတွေကို ယခင်ကာလတွေတုန်းက ပို့ဘူးထားတော့အစိမ်းသက်သက်ကြီးတော့ မဟုက်ဘူးလေ)

ကောင်တာရှေ့ရောက်တော့Dr? Nurse? မသိရတဲ့ မေးသမျှကို ဖြေကြားလိုက်တယ်၊ယခင်ရောဂါ ဘာအခံရှိလည်းလို့လည်း တိတိကျကျမေမြန်းတာကိုတော့သတိထားမိသလို လေးစားမိသွားတယ်၊မေးမြန်းမှုပြီးသွားချိန်မှာ ကျနော် ဘယ်မှာနေရမလဲ?လို့မေးချိန်မှာ

လွတ်တဲ့နေရာလွတ်တဲ့ကော်ထိုင်ခုံမှာထိုင်လို့ရတယ် ဦးလေး*ဆိုပြီးပြန်ဖြေလိုက်တာကြားလိုက်ရတော့ သဘောပေါက်စပြုမိသွားပြီ၊ကျနော်နောက်ထပ်မေးခွန်းထပ်မေးမိတယ်”ဆရာမရေ ကျနော့်ကို Swab ဘယ်တော့်လောက် ယူမှာလဲ?လို့ မေးမိပြန်တော့

မနက်ဖြန်မှဆိုတော့ ကျေးဇူးပါလို့ပြန်ပြောမိရင်း အိတ်မြန်မြန်ဆွဲကာ ကနဦးဝင်/ထွက်ပေါက် အနီးကို သုတ်ခြေတင်လာပြီးလစ်ဟာနေတဲ့ သံမံတလင်းကွက်ပေါ် ဖိနပ်ခုထိုင်ရင်းနဲ့ အပြင်ကကိုနအီး နဲ့ ကိုဟာရှင်ကို အကျိူးအကြောင်းပြောပြလိုက်တာနဲ့တခဏအတွင်းမှာဘဲ

မြက်ဖျာ၊ခေါင်းအုံး၊စောင်နဲ့ စားဖို့သောက်ဖို့ပါချက်ခြင်းပို့ပေးတယ်နာရီကို ကြည့်မိလိုက်တော့ ၈:၀၀နာရီထိုးတော့မယ်၊အဲဒါနဲ့ အုပ်ကြီးရှိ ဖုန်းလှမ်းဆက်၊အိမ်နဲ့သူငယ်ချင်းတွေရှီ အကျိူးအကြောင်းရှင်းပြတုန်း ကျနော့်နာမည် လှမ်းခေါ်တော့

ပက်ဝန်းကျင်ကလူတွေကို အထုပ်လေးကြည့်ပေးပါပြောပြိး သုပ်ခြေမြန်မြန်တင်ရတာပေါ့၊ သွားရာလမ်းမှာလည်းရင်စို့စရာမြင်ကွင်းတွေဘဲကြံကြိုက်နေရာတာပေါ့လေ၊ဟိုရောက်တော့သွေးချို/ဆီးချိူဆေးနဲ့သွေးတိုးဆေးတွေပါလားဆိုတော့

ကျနော်ကခေါင်းညိတ်ရင်းပါတယ်ပြောပြပေါ့၊ဒါဆိုရင် Vitacee အပြင်မှာဝယ်ပြီး တစ်နေ့တစ်လုံးသောက်ပါ၊ကျမတို့အော်ခေါ်သံကိုလည်းဂရုစိုက်ပေးပါဆိုပြီး ပြောတော့ ကျနော့်စိတ်ထဲမှာနဲနဲအချဉ်ဖောက်မိသွားတယ်၊သို့သော်လည်း ဟုက်ကဲ့ပါဆရာမ၊

ကျေးဇူးပါ ဆရာမလို့ပြောပြီး မိမိနေရာ မိမိပြန်ရောက်ချိန်မှာ ကျနော့်ရှေ့က ၂ရက် ကြိုရောက်နင့်ပြီးနေတဲ့သူတွေက Vitacee ဝယ်ခိုင်းတာလားဆိုပြီး တန်းပြောလိုက်တော့ အံသြမိသွားတယ် ၊ဒါနဲ့ အပြင်က ကိုနအီးကို ဖုန်းဆက်မှာတော့ ချက်ခြင်းလာပို့တယ်

လက်ဖက်ရည်လည်း ပါလာတော့ အားရဝမ်းသာဖြစ်မိပြီးပူပူလေး မှုတ်သောက်ချိန်မှာ ဘာအရသာ၊ဘာအနံမှမရတာပြန်ခံစားမိချိန်မှာ မျက်ရည်ဝဲမိသွားတာကိုကျနော့ရှေ့တည့်တည့်ကုတင်ပေါ်ကညီငယ်က ချက်ခြင်းအောက်ဆင်းလာပြီး

အစ်ကိုရေ ဘာမှအားမငယ်နဲ့ အခုကျနော့တို့ လင်မယားနှစ်ယောက်လုံးက အနံရော၊အရသာရော၊ဝမ်းပါသွားပြီးကိုယ်တွေပူလို့ ရှေ့နှစ်ရက်ထဲက ရောက်နေကြတာမနက်ဖြန်ညမှ Swab Result ထွက်မှာဒီက အခုရဌိတဲ့လူတွေအားလုံးက

မနက်ဖြန်ညကိုအဖြေမြန်မြန်ထွက်စေချင်ပြီး ပို့တဲ့နေရာကိုအမြန်ဆုံးသွားချင်နေကြတဲ့သူတွေလို့ ပြောပြလိုက်တော့မဂ်လာမွန်ဈေးနဲ့ရွှေပြည့်စုံဈေးမှာ အလုပ်လုပ်နေတဲ့သူတွေ၅ယောက်ကလည်း အားပေးစကားတွေပြောရှာကြတယ်၊စကားရှိန်တွေတင်လာပြီး

အားငယ်စိတ်တွေ လျော့နည်းလာချိန်မှာရွှေပြည့်စုံဈေးက ဆရာကြီးက ဒဲ့တိုးကြီး ပြောချလိုက်တဲ့စကားလုံးက ဒီမယ်ဆရာရေ ကျနော်တို့အားလုံးနီးပါးပိုးရှိဆိုတဲ့ Positive result ဘဲထွက်မှာ မြေကြီးလက်ခပ်မလွဲစေရပါဘူးပြောသံကိုစောစောက ကုတင်ကဆင်းပြီး

နောက်ထပ်အားပေးတဲ့ညီငယ်လင်မယားရော ၁၀ယောက်ကျော်ကပါ သိပ်မှန်တာပေါ့ ၊အာမခံတယ်၊ ဒါအမှန်ဘဲဆိုပြီး ဝင်ပြောကြ ကုန်ပါလေရော ဘုမသိ၊ဘမသိဖြစ်နေပြီးရေးရေးလေး သဘောပေါက်စတော့ညပုလာရပြီလေ၊နောက်ဆုံးကျမှ

ယ္ခင်ကြိုရောက်ပြီးတဲ့သူတွေရဲ့ ပြောပြချက်ကြောင့်သူတို့လည်းအပ်တက်သေချာစွာ ပြောနိုင်သွားတယ်ဆိုတာကိုကျနော်နာရီဝတ်လောက်မှ သဘောပေါက်နာူလည်သွားရတော့တယ်။စကားတွေ ပြောရင်းနဲ့ဘဲ ၁၂:၀၀နာရီကျော်လာတော့ အလျှိူလျှိူ ထောင့်လေးတွေကပ်ပြီး

လှဲကြအိပ်ကြတော့ ကျနော်လည်း မြတ်ဖျာလေးခင်းပြီး ထိုင်ပြီးငေးမော်လိုက်ပေါ့ ၁၅မိနစ်တစ်ခါလောက်ကို လူနာတွေ အစုလိုက် အပြုံလိုက်ဝင်ဝင်လာရင် ကျနော်လမ်းဖယ်ဖယ်ပေးလိုက်ပေါ့လေ၊ညည့်နက် တစ်နာရီခွဲလောက်မှာ ကျနော့်ကို ထပ်မံအော်ခေါ်ရပြန်ရော

ဒီတစ်ခါတော့ ကျနော်ဘယ်ရမလဲ ဦးစွာ ဆရာမရေ စိတ်မဆိုးပါနဲ့နော်ကျနော်က ဟိုအဝင်ထိပ်မှာ နေ နေလို့ပါဆိုပြီး တောင်းပန်လိုက်တယ်၊လက်ဖြန်ကနေ သွေးဖောက်ယူတာ အကြောကရှာလို့မရ၊အပ်ကလည်းအကြီးကြီး၊အကြောမိပြန်တော့လည်း

သွေးက နည်းနည်းလေးဘဲစုပ်ယူလို့ရတယ်၊ရတဲ့သွေး ပြွန်လေးထဲ ထည့်ပြန်တော့လည်း သွေးက ပြစ်ခဲနေပြန်တော့ ထည့်မရတဲ့နောက်ဆုံး အပ်ဖောက်ရာလည်း များတာနဲ့ဆရာမက အားနာတဲ့လေသံနဲ့ ဦးရယ် မနက်မှဘဲဖောက်ယူတော့မယ်

အပ်အရာတွေလည်း များသွားပြီဆိုပြီး ဂရုဏာသံနဲ့ ပြောရှာတယ်၊ကျနော်က နာရီဝတ်ဘဲ စောင့်ပါ ပြန်လာခဲ့မယ်ပြောပြီး၊မိမိနေရာလည်းရောက်ရော လက်ကို လေ့ကျင့်ခန်းလုပ်စိတ်ကို တည်ငြိမ်စွာထားပြီး ညာလက်ဖျံကို သွေးပူအောင် ပွတ်နေလိုက်တယ်

၁၅မိနစ်လောက်ကြာပြီးချိန်မှာ ကျနော်ပြန်သွားပြီး”ဆရာမရေ ဖောက်ကြည့်တော့ ရပြီဆိုပြီး ဖောက်ခိုင်းလိုက်တော့တစ်ချင်ထဲနဲ့ အစဉ်ပြေသွားတယ် ထွက်လာတဲ့သွေးကလည်းစုပ်တာနဲ့ အစဉ်ပြေစွာ ထွက်လာတော့ဆရာမလည်း အံအော်ပြီး ဘာလုပ်လိုက်လည်းလို့မေးတော့

လေ့ကျင့်ခန်းလုပ်လိုက်တယ် အရင်တုန်းက သွေးလှူနေကြလေသွေးတိုး/ သွေးချိူဝင်သွားလို့ ယ္ခုနှစ်နှစ်ကျော်ပြီ မလှူဖြစ်တော့တာဆိုပြီး ကြွားလုံးသုံးလိုက်မိတယ်”တစ်ခါ ကိုယ့်နေရာကိုယ်ပြန်ရောက်ပြီးထိုင်ခါစဘဲ ရှိသေးတယ် ထပ်ခေါ်ပြန်ရော

E.C.G ဆွဲပေးပြန်ရော ချက်ခြင်းကျနော်မေးမိတယ် အဖြေက ကောင်းတယ်တဲ့ ကျနော်ပျော်ပြီးကိုယ့်နေရာမှာ ကိုယ်ပြန်ထိုင်လိုက်ပြီး ရေတစ်ဝကြီးသောက်ဖြစ်လိုက်တယ် ၁၅မိနစ် နာရီဝက်လောက်ဆိုရင် တစ်ခါလာပြန်ပြီ

အစုလိုက်ရောတစ်ဦးချင်းရော ကျနော်လည်း နောက်ဆုံး ဘယ်လိုမှ ထိုင်လို့မရတော့တဲ့ အဆုံး စူးစမ်းလေ့လာရေးကို စတင်လိုက်ပါတော့တယ် လူနာအများစုနဲ့ဝေသနာရှင်အများစုဟာ မသဲကွဲတဲ့အခြေအနေကိုရောက်ရှိနေကြပါတယ်၊တစ်ချို့က အစာအိမ်ဖြစ်လို့၊

ရင်ဘက်အောင့်လို့၊သွေးတိုးလို့၊နံရိုးနာလို့(ကျနော့မိတ်ဆွေ-လွတ်လပ်ရေးရပ်ကွက်)ခေါင်းကြီးထိုးနေလို့၊သွေးချိူတက်နေလို့စတဲ့ လူနာတွေနဲ့ ကျနော်တို့လို Covidတွေနဲ့ ရောနှောနေကြပါတယ်၊ ဒီလို အလုံပိတ်အဆောင်ကို ရောက်ရှိတာနဲ့ ပြန်လည်ထွက်လို့မရသလို

Auto သံသယ လူနာ ဖြစ်သွားရပါတယ်။ကျနော်လည်း ညောင်းညောင်းရှိတာနဲ့ ကိုယ့်ရဲ့ဘူမိဗိမ္မာန်လေးမှာခြေဆင်းထိုင်နေရင်း သုံးနာရီကျော်လောက်မှာ အသက်၈၅ ကျော် အမေကြီးတစ်ယောက် ရောက်ရှိလာပါတယ်၊အစ်မတစ်ယောက်ကထပြီးနေရာပေးလို့ ထိုင်တော့

ဝိုင်းမေးကြပေါ့လေ သွေးတိုးပြီးရင်ဘက်ကြီးတောင့်လို့တဲ့ အကုန်လုံး ဂရုဏာ ၊မေတ္တာတွေနဲ့ဆက်ဆံကြပေါ့၊အဲလိုနဲ့(၂၁.၉.၂၀၂၀)ကနေ (၂၂.၉.၂၀၂၀)ရဲ့နံနင်ခင်းကို ရောက်ရှိသွားပါလေရော၂၂.၉.၂၀၂၀ နံနက် (၆:၀၀)နာရီ မထိုးခင် ကျနော့် နာမည်အော်ခေါ်တော့

အပြေးအလွှားသွားပြီးရောက်တော့ ဓာက်မှန် ရိုက်ရမယ်ဆိုလို့ဓာက်မှန်ခန်းထဲဝင်ရိုက်ပေါ့လေ ၊အထွက်မှာ အလှငွေလေးဆိုတော့ ထည့်လိုက်ရသေးတယ်၊အပြန်မှာ အပေါ့သွားချင်လို့ သည်းခံပြီးနာရီဝတ်ကျော်စောင့်လည်းစောင့် အောင့်လည်းအောင့်ထားပြီးမှ

ကိစ္စရှင်းတော့တယ်၊ဒါနဲ့ မိမိနေရာမိမိပြန်ထိုင်ရင်း ထွေရာလေးပါးစဉ်းစားလိုက်၊ုတရားစာတွေရွတ်ဖတ်လိုက် ဝင်လာတဲ့သူတွေငေးလိုက်၊စကားပြောလိုက်နဲ့နေရတဲ့နေရာကလည်း နေ့မှန်းမသိ ညမှန်းမသိနဲ့ မနက်/ည ပြောနေချိန်မှာ နာမည်တွေ အော်ခေါ်ပြီး

ဆေးရုံစာအုပ်မှာ E.C.Gတွဲထားပြီး ဓာတ်မှန်ပါပေးပြီး မိမိနေရာ မိမိထိုင်ခိုင်းထားကြတယ်၊တစ်ချိန်ထဲမှာဘဲ ကျနော့်ရှေ့က ၂ရက်ကျော်ရောင်နင့်နေတဲ့မိတ်ဆွေတွေရဲ့ အမည်တွေအော်ပြောပြီး အထုပ်အပိုးပြင်ဆင်ခိုင်းတာကြားရမြင်ရချိန်မှာ

သူတို့တွေကသွားရတော့မှာမို့ ပျော်ရွှင်နေတာကို မြင်တွေ့ရတော့အံသြမှုတွေနဲ့ကျနော် နားလည်ရခတ်သွားရပြီလေ၊အဖြေကလည်းကောင်းလိူက်တဲ့အဖြေထွက်ကြတယ် (၂၃)ယောက်မှာ(၂၁)ယောက်က Positive အဖြေထွက်ရှိပြီးနှစ်ယောက်ထဲသာ အောင်မြင်မှုရရှိခဲ့ကြတယ်။ကျနော်

အရှေ့တည့်တည့်က ကုတင်လေးပေါ်ကမိတ်ဆွေကတော့ ပျော်ရွင်ကြည့နူးစွာနဲ့ ကျနော့ကို”အစ်ကိုကြီးရေ ဒီနေရာမှာ လာနေလိုက် ဟိုမှာ ဆေးတွေအများကြီး ရှိသေးတယ် သန့်ရှင်းရေကိုစိတ်သန့်တဲ့အထိလုပ်ပြီး စိတ်ညစ်ခံလိုက်အုံးကျနော်တို့ကတော့ ပျော်နေပြီ

လွတ်မြောက်သွားပြီအစ်ကို့ကိုလည်း ကျနော်တို့ ဖောင်ကြီးကစောက်နေမယ်ဆိုပြီးပြောတော့ ကျန်ရှိသွားရမဲ့သူများကပါပျော်ရွှင်မှုတွေအပြည့်နဲ့နူက်ဆက်ကြပေါ့လေ၊သူတို့ထွက်ခွာသွားတော့ ဝမ်းနည်းစွာ ကျန်နေခဲ့ရင်းသန့်ရှင်းရေးလုပ်ပြီး

ကုတင်ပေါ်ခဏတက်ရောက်ပြီးမအိပ်ရသေးတော့ ခါးလေးဆန့်နေချိန်မှာ ဆရာဝန်(၄)ယောက် တစ်ဦးချင်းစီကို စကားတွေမေး၊ဖဓာက်မှန်နဲ့သွေးအဖြေကြည့်တော့ ကျနော်လည်း သွေးနဲ့ဓာက်မှန်အဖြေကိုမေးကြည့်တော့ ကျနော့်ကို

စိတ်ရှည်စွာနဲ ရှင်းပြပြီးဦးလေးအကုန်ကောင်းတယ်ဆိုတဲ့စကားကြားလိုက်ရချိန်မှာငါဆေးရုံကြီးလာလိုက်တာ မှားများမှားသွားပြီလားဆိုပြီး တွေးတော့မှုဖြစ်မိသွားသေးတယ်၊သို့သော်လည်း ကောင်းမွန်သောရလတ်ကြောင့် စိတ်ချမ်းသာသွားတယ်

အဲလိုနဲ့(၁၁:၁၅)လောက်မှာကိုနအီး ဆီက ဖုန်းဝင်လာတယ် အရှေ့ရောက်ပြီ ထမင်းနဲ့မှုန့်တွေကွမ်းယာတွေပါတယ်ဆိုလို့ ချက်ခြင်းသွားယူချိန်မှာဟ ထားတဲ့ တံခါးကနေ မျက်နာလေးတွေ စက္ကန့်ပိုင်းလောက်ဘဲ တွေ့မြင်နူက်ဆက်ရတာကလည်း

စိတ်ခွန်အားအတွက် အားဆေးဖြစ်ခဲ့ရတာပေါ့၊ကျနော့်ရင်ထဲမှာကတော့ ဒီလိုကာလအချိန်၊ဒီလိုအဖြစ်ဆိုးတွေရဲ့ပိုးပြန့်ပွားနေတဲ့နေရာမှာကျနော့်အတွက်စောက်ရှောက်ရိုင်းပင်းကူညီနေတဲ့ ကိုနအီးကို ရင်ထဲကနေဘုရားစာတွေရွတ်ဖတ်ပြီး

မေတ္တာတွေပို့သနေရတာပေါ့ကျေးဇူးတင်ပါတယ်လို့ ကျနော်မပြောတော့ဘူး ပေါ့လျော့တဲ့စကားဖြစ်မှာစိုးရိမ်မိတယ်၊ကျနော် ကိုနအီး ပို့တဲ့ ထမင်းကို အရသာမရှိ၊အနံမရဘဲ စားနေချိန်မွန်းတည့်(၁၂:၀၀)နာရီ တိတိမှာ နာမည်အော်ခေါ်တော့ ပါးစပ်ထဲကထမင်းကို

ကုန်အောင်မျိူချ ရေသောက်ပြီး သွားလိုက်တော့နာတို့ပတ်/အာခေါင်တို့ပတ် ယူတယ်လေ(လုံးဝ နာကြင်မှုမရှိဘဲအာခေါင်ယား)မိမိနေရာလေးပြန်ရောက်ပြီ ခဏဘဲ ထိုင်မိသေးချိန်မှာဗိုက်ပြသနာက စတက်ပြန်ရော၊အိမ်သာသွားပြန်တော့လည်း

တန်းစီစနစ်အတိုင်း မိမိအလှည့်လည်းရောင်လို့ ဝင်လည်းဝင်ရော မမြင်ဖွယ်ရာတွေ ပြည့်စုံနေတဲ့ အရာတွေ မြင်တွေ့ရချိန်မှာ မိမိနာခေါင်း(Mask)အပေါ်ကို ပိတ်ပြီး ပြန်ထွက်ပြေးလာခဲ့တယ်(အနံလုံးဝမရလို့ ဖြစ်နေတာတောင် အနံရသကဲ့သို့ရွံရှာပြီး

နာခေါင်းပိတ်ပြီးထွက်လာခဲ့ရတဲ့ မိမိဖြစ်စဉ်ကို)ကိုယ့်ဟာကိုယ်ဘဲ ပြုံးမိလိုက်ပြီး စတင်ကြံစည်ပါတော့တယ်ဒီအရေးပေါ်ဌာနကိုလည်း နည်းနည်းနီးစပ်မှုရှိတော့ ယ္ခုမှ သီးသန့် Covid သမားတွေအတွက်လုပ်ပေးထားတဲ့ အတွဲလိုက်အိမ်သာကို ရောက်အောင်သွားပြီး

ကိစ္စကြီးကို ရှင်းလိုက်ရတော့နေသာထိုင်သာနဲ့ ပေါ့ပါးသွားတယ်။မိမိနေရာပြန်ရောက်တော့မနေ့ကထဲက တစ်မှေးတောင်မရသေးလို့ ခဏလဲလိုက်ရာအိပ်ပျော်သွားပြီး ညနေ(၆:၀၀)နာရီလောက်မှာ လန့်ပြီးနိုးသွားတယ်၊နိုးလာတော့

ဝက်တစ်ရှူးနဲ့ မျက်နာသစ်သလိုလုပ်လိုက်ရတာပေါ့၊ရေကိုလည်းတစ်အားချိူးပြစ်လိုက်ချင်ပြီလေ။ ခုနှစ်နာရီထိုးတော့ ကိုနအီးနဲ့ကိုရိုမီတို့လာပို့တဲ့ထမင်းကို စားပြီး အနံနဲ့အရသာမသိဘဲနဲ့ဂျင်းလက်ဘက်ရည်ကို တစ်ငုံချင်းသောက်နေမိတယ်၊ဒီလိုနဲ့

(၉:၀၀)နာရီ နောက်ပိုင်းမှာ ဝင်လာမဆဲ တသဲသဲဖြစ်နေတဲ့ လူကြီးလူငယ်တွေငေးကြည့်လိုက် အကူအညီတောင်းရင် ရှင်းပြပြောဆိုလိုက်နဲ့အဝင်/အထွက် ဂိတ်ပေါက်မှာ အထဲက ဆရာကြီးလို ဖြစ်မှန်းမသိဖြစ်လာရောဘဲ၊ ကျနော်ရထားတဲ့ ကုတင်နေရာက

နံပါက်(၁)ဆိုတော့မြင်နေကြုံကြိုက်နေရတော့လည်း အချိန်ကြာလာသည်နင့်အမျှရာနူန်းပြည့် သဘောပေါက်မိလာတော့ ဝင်လာတဲ့သူတွေထဲမှာသမာရိုးကျဖြစ်စဉ် သွေးတိုး၊ဆီးချိူမကျတာတို့၊နှလုံးအောင့်တဲ့သူ၊ကိုဗစ်မဟုက်ရင် ဝင်မနေနဲ့လို့

တားမြစ်မိတယ်၊လူတွေကလည်းမရပါဘူးအတင်းဝင်တော့ မကြာပါဘူး Covid ကူးတော့တာပေါ့၊ဖြန့်ဖြူးရေးဌာနကြီးလို ဖြစ်နေတော့တွေးကြည့်လေ သိရှိလေ ပြေးချင်လေပေါ့ဗျာ၊ကျနော်လည်းမနက်လေးနာရွလောက်မှာ အိပ်ပျော်သွားပြီး

၈:၀၀ မထိုးခင်မှာဘဲအရင်ရက်အတိုင်း အသံတွေကြောင့် လန့်နိုးသွားတာပေါ့၂၃.၉.၂၀၂၀ နံနက်ပိုင်း နိုးလာတော့ ဝက်တစ်ရှူးနဲ့မျက်နာသစ်ပြီး ခိုးသွားရတဲ့ အိမ်သာကိစ္စရှင်းပေါ့၊ မှုန့်လေးစားပြီး ဆရာတွေရှိသွေးပေါင်တိုင်း သွေးချိူဖောက်စစ်ပေါ့လေ

ကျနော်တို့ Result ဘယ်တော့ရမလဲ မေးတော့ မနက်ဖြန် မနက်မှဆိုပြီး ပြန်ကြားကြားခြင်းထွက်ပြေးချင်စိတ်ပေါက်သွားတယ်၊ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လေးစားသမှုနဲ့သနားမိတယ်PPEဝတ်စုံတွေနဲ့ လုပ်ကိုင်နေတာ ကိုယ်ချင်းစာမိသလို

သောကအပူတွေနဲ့ ဒုက္ခခံနေရတဲ့ လူနာတွေကိုဗစ်အကူးခံလိုက်ရတဲ့ လူကောင်းလူနာစောက်တွေ အနည်းဆုံးလူ (၂၀၀)ဟာ အောက်ထစ်ဘဲလေ ကျနော်လည်း အပေါက်ဝနားမှာနောက်မှရောက်လာတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ အားပေးရင်းနဲ့

ကူညီနေရရင်း တစ်ရက်သာ ကျော်ဖြတ်နေရင်း ည(၂:၀၀)နာရီလောက်မှာ မှေးကနဲ အိပ်ပျော်သွားတယ်။၂၄.၉.၂၀၂၀(လူလည်းသက်ချင်/ ပျော်လည်းပျော်) နံနက် စောစောဆူလောင်အော်ဟစ်နေတဲ့ စကားရိုင်းသံတို့ကြောင့်ထထိုင်မိလိုက်တယ်

အောင်စီဂျင်အိုးကြီးရှူနေရတဲ့ သူက ရူးသလိုလို ကြောင်သလိုလိုနဲ့ တစ်ယောက်တည်း အော်ဟစ်ပြောဆိုနေပြီးအပေါက်ဝတံခါးကို လက်နဲ့ရိုက်နေတော့ ကျနော်ဝန်ထမ်းတွေကို သွားခေါ်နေချိန်မှာဘဲ အိုးကြီးထိပ်ပိုင်းနဲ့ လှဲတိုက်ပြီး

မှန်ချပ်ကြီးကိုခွဲပစ်လိုက်တဲ့အသံကြားလိုက်ရတယ် ၊ကျနော်နဲ့ ဆရာဝန်မတွေနဲ့ ဝန်ထမ်းတွေလည်း ပြေးလာချိန်မှာလူအားလုံးနီးပါးက မျက်နာချင်းဆိုင် ကယ်ကြပါအုံးဆိုပြီးဆန့်ကျင်ဘက် ပြေးလာကြရော အောက်စီဂျင်အိုးကြီးလည်း

လေကတစ်အားထွက်ပြီးရေဗူးလည်းကွဲနေပြီး အိုးလဲနေတာတွေ့မြင်ရသလိုအဲဒီ့ပြသနာကောင်ကိုလည်း တော်တော်ထိန်းချူပ်ထားရတယ်၊ဒါပြင် ကျနော်တို့ Covid သံသယဆောင်က တံခါးကြီးကတော့ ဟောင်းလောင်းပေါက်ကြီး ဖြစ်သွားတာတစ်နာရီကျော်လောက်ရှိမယ်။

ဝန်ထမ်းတွေ လုံခြုံရေးတွေ ရောက်ရှိလာတယ် ပလတ်စတစ်နဲ့ အမြန်ဆုံး တံခါးဖြစ်ရအောင် ပြန်လုပ်လိုက်ရတယ်ဘေးတံခါးကတော့ ၂ပေကျော်ပက်လည် ဟောင်းလောင်းပေါက်ကြီးဖြစ်နေတာ ဘယ်ရက်အထိကြာလဲဆိုတာ

မသိလိုက်တော့ဘူး၊ဒီလိုနဲ့ကျနော့ညီအစ်ကို ဖုန်းဆက်ပြီးတော့ ပိုးတွေတော့အပြင်ကို ထွက်ချင်တိုင်း ထွက်သွားပြီ ကိုနအီးလာရင်တော့သတိကြီးမားစွာ ထားတော့လို့ ပြောဆိုမိပြီး စိတ်ဖြေနေလိုက်ရတယ် မနက် (၁၀:၃၀)ခွဲလောက်မှာ

ဦးထင်အောင်လင်း အထုက်ပြင်ပါပြီးရင် ကားပေါ်တက်ရမယ်ဆိုတဲ့ အသံကြားလိုက်ရတော့ပျော်လိုက်တာနဲ့ ယခင်ရှေ့ကလူတွေအတိုင်း ဝမ်းသာနေကြတာပေါ့၊Positive ဖြစ်သွားလို့ ဝမ်းမနည်းမိဘူး လူနာဦးရေနဲ့

ဆရာဝန်၊သူနာပြု ၊ နေရာထိုင်ခင်း၊ အိမ်သာစတဲ့ အစီအငေါ်မတည့်တဲ့Covid ဖြန့်ချိရေးဌာနကြီးမှ လွတ်မြောက်နိုင်တော့မည့်အခြေအနေကို ကိုယ်တိုင်ဝင်ရောက်ခံစားဘူးတဲ့သူတွေမှသိရှိနိုင်မယ်လေ၊

ကျနော်လည်း စိတ်ကျေနပ်မှုတွေနဲ့ကားကြီးပေါ်ကို အများသူငါ တွေလို ကျေနပ်စွာ တက်ပြီးရိုးမအိမ်ရာသို့ နေ့လည် (၁:၀၀)နာရီတွင် အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ်။ ခရက်ဒစ်