၈ႏွစ္အရြယ္ပဲရွိ​​ေသးတဲ့ ေ​ကာင္​​ေလးတ​ေယာက္​ရဲ႕ အက်ိဳးရွိလြန္​းလွ​ေသာ စိန္ေခၚမႈတစ္​ခု

၈ႏွစ္သားကေလးရဲ႕ အက်ိဳးရွိတဲ့ စိန္ေခၚမႈ။ ေနရာတကာ ခ်ဲလင့္ေတြ မ်ားေနတဲ့ အင္တာနက္ေခတ္မွာ အဂၤလန္နိုင္ငံက ခ်ဲလ္တန္းနမ္ၿမိဳ႕က ကေလးငယ္တေယာက္ကလည္း စိတ္ဝင္စားစရာ ခ်ဲလင့္တခုကို ေခၚခဲ့ပါတယ္။ သူ႔ကိုယ္သူ စိန္ေခၚတာျဖစ္ၿပီး သူ႕ရဲ႕ခ်ဲလင့္ကေတာ့

တႏွစ္အတြင္းမွာ သူ႔ရဲ႕အရပ္နဲ႔ညီတဲ့ စာအုပ္ေတြကို ၿပီးေအာင္ဖတ္ရႈ႕ဖို႔ျဖစ္ပါတယ္။ သူ႔ခ်ဲလင့္ဟာ အခုမွစတင္တာ မဟုတ္ပဲ လြန္ခဲ့တဲ့ ၁ႏွစ္ခန႔္အၾကာကတည္းက စတင္ခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္က သူ႔ရဲ႕အသက္ဟာ ၈ႏွစ္ျဖစ္ၿပီး အရပ္ကေတာ့

၄ေပ ၆လက္မခန႔္ ရွိခဲ့တာျဖစ္ပါတယ္၊ ကေလးငယ္ရဲ႕ အမည္က Elijah Fyrne ျဖစ္ၿပီး အဂၤလန္နိုင္ငံ ခ်ဲလ္တန္းနမ္ၿမိဳ႕မွာ ေနထိုင္သူျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ ၂ရက္ခန႔္ (စက္တင္ဘာ ၁၇ ရက္ေန႔) မွာေတာ့ အသက္ ၉ႏွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္။

ကေလးငယ္ဟာ ကိုယ္ကိုယ္ကို စိန္ေခၚခဲ့တဲ့ခ်ဲလင့္ကို ေမြးေန႔မျပည့္မီ တစ္ပတ္အလိုမွာ ေအာင္ျမင္ၿပီးဆုံးေအာင္ လုပ္ေဆာင္နိုင္ခဲ့ပါတယ္။ သူဟာ ၁ႏွစ္အတြင္းမွာ သူ႔အရပ္နဲ႔ညီတဲ့ စာအုပ္အျမင့္ကို ၿပီးဆုံးေအာင္ ဖတ္ရႈနိုင္ခဲ့ၿပီျဖစ္ကာ စုစုေပါင္း စာအုပ္ထူ

၈၄ အုပ္ဖတ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ေပးထားတဲ့ကတိအတိုင္း ခ်ဲလင့္ကို ေအာင္ျမင္စြာလုပ္နိုင္ခဲ့တဲ့ သားျဖစ္သူအတြက္ မိခင္မီရွယ္လ္ကေတာ့ သိပ္ဂုဏ္ယူပါသတဲ့။ စာအုပ္ေတြ ဒီေလာက္အမ်ားႀကီးကို အခ်ိန္ေပး ဖတ္ဖို႔ရာ အ႐ြယ္ေရာက္ၿပီးသူေတြအတြက္ေတာင္

ခက္ခဲေကာင္း ခက္ခဲနိုင္ပါတယ္။ ဒါေပမယ့္ သူကေတာ့ ပုံမွန္အတိုင္း တေန႔နည္းနည္းစီ အခ်ိန္ေပးၿပီး မေလွ်ာ့တဲ့ဇြဲနဲ႔ဖတ္ခဲ့လို႔ အခုလို သူခ်ဲလင့္ကို ေအာင္ျမင္စြာလုပ္ေဆာင္နိုင္ခဲ့တာပါ။ ကြၽန္မသား Elijah အတြက္ ကြၽန္မ အရမ္းဂုဏ္ယူတာပဲလို႔ မိခင္ျဖစ္သူ မီရွယ္လ္က ဆိုပါတယ္။

Elijah ဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလကေန စအုပ္ေတြကို စတင္ဖတ္ခဲ့တာျဖစ္ၿပီး စာအုပ္ေပါင္း ၈၄ အုပ္ဖတ္ရႈ႕ၿပီးစီးခဲ့ကာ စာအုပ္ ၁အုပ္ကို ပ်မ္းမွ်အားျဖင့္ ၄ရက္ခန႔္ ဖတ္ရႈ႕ခဲ့ရတာျဖစ္ပါတယ္။ သူဖတ္ခဲ့တဲ့ စာအုပ္ေတြထဲမွာ ၿဗိတိန္ Got Talentက ဒိုင္တေယာက္လည္းျဖစ္

ဟာသသ႐ုပ္ေဆာင္ စာေရးဆရာတေယာက္လည္းျဖစ္တဲ့ David Walliams ေရးတဲ့ The Beast of Buckingham Palaceဆိုတဲ့ စြန႔္စားခန္းစာအုပ္ကို အလြန္ႀကိဳက္ႏွစ္သက္ပါသတဲ့။ ဒီစာအုပ္ဟာ ကေလးတိုင္းလိုလို ႏွစ္သက္တဲ့ စာအုပ္လည္းျဖစ္ပါတယ္။

David Walliamsဟာ သူ႔ရဲ႕အႏွစ္သက္ဆုံး စာေရးဆရာျဖစ္သလို သူ႕ရဲ႕ခ်ဲလင့္မွာ ေဒးဗစ္ရဲ႕ အျခားစာအုပ္ေတြလည္း ပါဝင္ခဲ့ပါတယ္။ သူ႕ရဲ႕ခ်ဲလင့္ဟာ ၿပီးဆုံးသြားၿပီျဖစ္ေပမယ့္ စာဖတ္ျခင္းကို ႏွစ္သက္သြားၿပီျဖစ္တာေၾကာင့္ လက္ရွိအခ်ိန္မွာလည္း စာအုပ္ေတြကို

ဆက္လက္ဖတ္ရႈ႕ေနပါတယ္၊ အခု သူ႕ရဲ႕ဖတ္လက္စ စာအုပ္က Jeff Kinney ေရးတဲ့ Wimpy Kid ဒိုင္ယာရီ စာအုပ္ျဖစ္ပါတယ္၊ ကေလးငယ္ဟာ သူဖတ္ရႈ႕ခဲ့သမွ်စာအုပ္ေတြထဲက အေၾကာင္းအရာေတြကို အကုန္လုံးေတာ့ သူမွတ္မိခ်င္မွ မွတ္မိမွာျဖစ္ေပမယ့္

ေသခ်ာတာကေတာ့ ေဝါဟာရနဲ႔ အသိအျမင္ ဗဟုသုတ ႂကြယ္ဝလာမွာျဖစ္ၿပီး စာဖတ္ရတာကိုလည္း ႏွစ္သက္သြားၿပီ ျဖစ္ပါတယ္။ ဒီ တႏွစ္တာဟာ သူ႕အတြက္ေတာ့ ေကာင္းေကာင္းအက်ိဳးရွိခဲ့ၿပီး ေနာက္တႏွစ္အတြက္လည္း ရည္မွန္းခ်က္တခု

ထပ္မံ ခ်ထားပါေသးတယ္၊ သူ႔ရဲ႕အစီအစဥ္ကေတာ့ ယခု ကိုဗစ္ကာလအတြင္းကေနသူ႔အသက္ ၁၀ႏွစ္ မျပည့္မီမွာ သူ႕အခန္းမ်က္ႏွာက်က္ အျမင့္ရွိတဲ့ စာအုပ္ေတြကို ၿပီးစီးေအာင္ ဖတ္ရႈ႕ဖို႔ ျဖစ္ပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

၈နှစ်သားကလေးရဲ့ အကျိုးရှိတဲ့ စိန်ခေါ်မှု။ နေရာတကာ ချဲလင့်တွေ များနေတဲ့ အင်တာနက်ခေတ်မှာ အင်္ဂလန်နိုင်ငံက ချဲလ်တန်းနမ်မြို့က ကလေးငယ်တယောက်ကလည်း စိတ်ဝင်စားစရာ ချဲလင့်တခုကို ခေါ်ခဲ့ပါတယ်။ သူ့ကိုယ်သူ စိန်ခေါ်တာဖြစ်ပြီး သူ့ရဲ့ချဲလင့်ကတော့

တနှစ်အတွင်းမှာ သူ့ရဲ့အရပ်နဲ့ညီတဲ့ စာအုပ်တွေကို ပြီးအောင်ဖတ်ရှု့ဖို့ဖြစ်ပါတယ်။ သူ့ချဲလင့်ဟာ အခုမှစတင်တာ မဟုတ်ပဲ လွန်ခဲ့တဲ့ ၁နှစ်ခန့်အကြာကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က သူ့ရဲ့အသက်ဟာ ၈နှစ်ဖြစ်ပြီး အရပ်ကတော့

၄ပေ ၆လက်မခန့် ရှိခဲ့တာဖြစ်ပါတယ်၊ ကလေးငယ်ရဲ့ အမည်က Elijah Fyrne ဖြစ်ပြီး အင်္ဂလန်နိုင်ငံ ချဲလ်တန်းနမ်မြို့မှာ နေထိုင်သူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ရက်ခန့် (စက်တင်ဘာ ၁၇ ရက်နေ့) မှာတော့ အသက် ၉နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကလေးငယ်ဟာ ကိုယ်ကိုယ်ကို စိန်ခေါ်ခဲ့တဲ့ချဲလင့်ကို မွေးနေ့မပြည့်မီ တစ်ပတ်အလိုမှာ အောင်မြင်ပြီးဆုံးအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူဟာ ၁နှစ်အတွင်းမှာ သူ့အရပ်နဲ့ညီတဲ့ စာအုပ်အမြင့်ကို ပြီးဆုံးအောင် ဖတ်ရှုနိုင်ခဲ့ပြီဖြစ်ကာ စုစုပေါင်း စာအုပ်ထူ

၈၄ အုပ်ဖတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပေးထားတဲ့ကတိအတိုင်း ချဲလင့်ကို အောင်မြင်စွာလုပ်နိုင်ခဲ့တဲ့ သားဖြစ်သူအတွက် မိခင်မီရှယ်လ်ကတော့ သိပ်ဂုဏ်ယူပါသတဲ့။ စာအုပ်တွေ ဒီလောက်အများကြီးကို အချိန်ပေး ဖတ်ဖို့ရာ အရွယ်ရောက်ပြီးသူတွေအတွက်တောင်

ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ ပုံမှန်အတိုင်း တနေ့နည်းနည်းစီ အချိန်ပေးပြီး မလျှော့တဲ့ဇွဲနဲ့ဖတ်ခဲ့လို့ အခုလို သူချဲလင့်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တာပါ။ ကျွန်မသား Elijah အတွက် ကျွန်မ အရမ်းဂုဏ်ယူတာပဲလို့ မိခင်ဖြစ်သူ မီရှယ်လ်က ဆိုပါတယ်။

Elijah ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ စအုပ်တွေကို စတင်ဖတ်ခဲ့တာဖြစ်ပြီး စာအုပ်ပေါင်း ၈၄ အုပ်ဖတ်ရှု့ပြီးစီးခဲ့ကာ စာအုပ် ၁အုပ်ကို ပျမ်းမျှအားဖြင့် ၄ရက်ခန့် ဖတ်ရှု့ခဲ့ရတာဖြစ်ပါတယ်။ သူဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ ဗြိတိန် Got Talentက ဒိုင်တယောက်လည်းဖြစ်

ဟာသသရုပ်ဆောင် စာရေးဆရာတယောက်လည်းဖြစ်တဲ့ David Walliams ရေးတဲ့ The Beast of Buckingham Palaceဆိုတဲ့ စွန့်စားခန်းစာအုပ်ကို အလွန်ကြိုက်နှစ်သက်ပါသတဲ့။ ဒီစာအုပ်ဟာ ကလေးတိုင်းလိုလို နှစ်သက်တဲ့ စာအုပ်လည်းဖြစ်ပါတယ်။

David Walliamsဟာ သူ့ရဲ့အနှစ်သက်ဆုံး စာရေးဆရာဖြစ်သလို သူ့ရဲ့ချဲလင့်မှာ ဒေးဗစ်ရဲ့ အခြားစာအုပ်တွေလည်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ချဲလင့်ဟာ ပြီးဆုံးသွားပြီဖြစ်ပေမယ့် စာဖတ်ခြင်းကို နှစ်သက်သွားပြီဖြစ်တာကြောင့် လက်ရှိအချိန်မှာလည်း စာအုပ်တွေကို

ဆက်လက်ဖတ်ရှု့နေပါတယ်၊ အခု သူ့ရဲ့ဖတ်လက်စ စာအုပ်က Jeff Kinney ရေးတဲ့ Wimpy Kid ဒိုင်ယာရီ စာအုပ်ဖြစ်ပါတယ်၊ ကလေးငယ်ဟာ သူဖတ်ရှု့ခဲ့သမျှစာအုပ်တွေထဲက အကြောင်းအရာတွေကို အကုန်လုံးတော့ သူမှတ်မိချင်မှ မှတ်မိမှာဖြစ်ပေမယ့်

သေချာတာကတော့ ဝေါဟာရနဲ့ အသိအမြင် ဗဟုသုတ ကြွယ်ဝလာမှာဖြစ်ပြီး စာဖတ်ရတာကိုလည်း နှစ်သက်သွားပြီ ဖြစ်ပါတယ်။ ဒီ တနှစ်တာဟာ သူ့အတွက်တော့ ကောင်းကောင်းအကျိုးရှိခဲ့ပြီး နောက်တနှစ်အတွက်လည်း ရည်မှန်းချက်တခု

ထပ်မံ ချထားပါသေးတယ်၊ သူ့ရဲ့အစီအစဉ်ကတော့ ယခု ကိုဗစ်ကာလအတွင်းကနေသူ့အသက် ၁၀နှစ် မပြည့်မီမှာ သူ့အခန်းမျက်နှာကျက် အမြင့်ရှိတဲ့ စာအုပ်တွေကို ပြီးစီးအောင် ဖတ်ရှု့ဖို့ ဖြစ်ပါတယ်။ ခရက်ဒစ်