ျမန္မာမိန္းကေလးက ျမန္မာျပည္မွ အဆိုၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ၿပီးေတာ့ ျမန္မာလိုမဆုိတတ္ဘူးလား ဆိုၿပီးေဝဖန္ေနၾကတဲ့အေပၚ ျပန္လည္ေျဖရွင္းလာခဲ့တဲ့ နာမည္ေက်ာ္အဆိုေတာ္ႀကီး ထြန္းအိျႏၵာဗိုလ္ရဲ႕တူမျဖစ္​သူ သက္ရတနာေက်ာ္ဝင္း

“ျမန္မာမိန္းကေလးက ျမန္မာျပည္က အဆိုၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ၿပီးေတာ့ ျမန္မာလို မတတ္ဘူးလား”ဆိုၿပီး ေဝဖန္ေနၾကတဲ့အေပၚ ျပန္လည္ေျဖရွင္းလာတဲ့ နာမည္ေက်ာ္အဆိုေတာ္ ထြန္းအိျႏၵာဗိုလ္ရဲ႕တူမ သက္ရတနာေက်ာ္ဝင္း၊ G(ေခၚ) သက္ရတနာေက်ာ္ဝင္းဟာ

The Voice Myanmar (Season 3) Blind Auditions သီခ်င္းဆိုၿပိဳင္ပြဲမွာ “It Will Rain” သီခ်င္းနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္စဥ္တုန္းက ျမန္မာလူမ်ိဳးျဖစ္ၿပီး ျမန္မာစကားကို ကြၽမ္းကြၽမ္းက်င္က်င္ မေျပာတတ္ဖူးလို႔ ေျပာခဲ့မိတာေၾကာင့္

တခ်ိဳ႕ေသာသူေတြနဲ႔ ေဝဖန္မႈေတြကိုလည္း ခံခဲ့ပါေသးတယ္၊ ဒါေပမယ့္လည္း သက္ရတနာေက်ာ္ဝင္းကေတာ့ The Voice Myanmar မွာ နီနီခင္ေဇာ္ရဲ႕ Teamအဖြဲ႕သားေတြနဲ႔အတူတူ ႀကိဳးစားေနၿပီး အေကာင္းဆုံး ဆက္လက္ယွဥ္ၿပိဳင္သြားမွာလို႔ ေျပာျပခဲ့ပါေသးတယ္။

ျမန္မာစကားကြၽမ္းကြၽမ္းက်င္က်င္ မတတ္ဘူးဆိုတဲ့ ေဝဖန္မႈေတြနဲ႔ပတ္သတ္ၿပီး သက္ရတနာေက်ာ္ဝင္းက ”ဗမာလိုသိပ္မတတ္ဘူးဆိုတာက လုံးဝႀကီးမေျပာတတ္တာေတာ့မဟုတ္ဘူး၊ ေက်ာင္းက ဗမာေက်ာင္း တက္လာတာမဟုတ္ေတာ့ နည္းနည္းပိုစဥ္းစားရတာေပါ့

ညီမအတြက္က တခါတေလအရမ္းရႈပ္တာေတြေျပာရင္ နားမလည္တာေတြရွိတယ္။ ျမန္မာသီခ်င္းဆိုရင္လည္း စာက်က္ၿပီးေတာ့ ဆိုေနသလိုမ်ိဳး ျဖစ္သြားမွာေၾကာက္လို႔ အဲ့ဒါေၾကာင့္ အဂၤလိပ္သီခ်င္းဆိုတာ အဲ့ဒါကို ရွင္းျပခ်င္တယ္ ဒါေပမယ့္ သူတို႔ ေျပာတာေတြလည္း

မွန္ပါတယ္ ျမန္မာသီခ်င္းကို မပိုင္ရင္ ျမန္မာျပည္မွာလာမၿပိဳင္နဲ႔ဆိုတာေတြ ဆိုေတာ့ ညီမျမန္မာသီခ်င္းလည္းဆိုရမွာပါ အဲ့လိုဆိုရင္ပိုၿပီးေတာ့ ႀကိဳးစားရမွာေပါ့ ဒါေပမယ့္ ျဖစ္ေအာင္လုပ္မယ္လို႔ စဥ္းစားပါတယ္” လို႔ ရွင္းျပသြားခဲ့တာျဖစ္ပါတယ္ ဆက္လက္ၿပီး သက္ရတနာေက်ာ္ဝင္းက

သူမရဲ႕သီဆိုယွဥ္ၿပိဳင္မႈအေပၚ အေဒၚျဖစ္သူဆီက မွတ္ခ်က္ေပးခဲ့ပုံကိုလည္း “တကယ္ႀကီး အရမ္းဆိုးေနလားေပါ့ သမီး သီခ်င္းဆိုတာကလို႔ေမးေတာ့ သူက အရမ္းႀကီးေတာ့ မဆိုးပါဘူးတဲ့။ ဒါေပမယ့္ မေကာင္းလဲ မေကာင္းဘူးေပါ့ တကယ္တမ္းလည္း ဟုတ္ပါတယ္။

သူေျပာမွ ပိုေတာင္အဓိပၸာယ္ရွိပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္အေဒၚလည္းျဖစ္တယ္၊ ဂီတနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽမ္းက်င္တဲ့သူတစ္ေယာက္လည္းျဖစ္တယ္၊ All is Opinion ရတာ ပိုေကာင္းပါတယ္။ အဲဒါမွလည္း ကိုယ္တိုးတက္မွာေလ” လို႔ဆိုလာခဲ့တာပါ

ပရိသတ္ႀကီးေရ သက္ရတနာေက်ာ္ဝင္းကေတာ့ ျမန္မာစကားကြၽမ္းကြၽမ္းက်င္က်င္ မတတ္ဘူးဆိုတဲ့ ေဝဖန္မႈေတြနဲ႔ပတ္သတ္ၿပီး ျပန္လည္ရွင္းျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီးလည္း သက္ရတနာေက်ာ္ဝင္းအေပၚအျမင္ေလးကို ေျပာခဲ့ၾကပါအုန္းေနာ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

“မြန်မာမိန်းကလေးက မြန်မာပြည်က အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ပြီးတော့ မြန်မာလို မတတ်ဘူးလား”ဆိုပြီး ဝေဖန်နေကြတဲ့အပေါ် ပြန်လည်ဖြေရှင်းလာတဲ့ နာမည်ကျော်အဆိုတော် ထွန်းအိန္ဒြာဗိုလ်ရဲ့တူမ သက်ရတနာကျော်ဝင်း၊ G(ခေါ်) သက်ရတနာကျော်ဝင်းဟာ

The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်စဉ်တုန်းက မြန်မာလူမျိုးဖြစ်ပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဖူးလို့ ပြောခဲ့မိတာကြောင့်

တချို့သောသူတွေနဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ပါသေးတယ်၊ ဒါပေမယ့်လည်း သက်ရတနာကျော်ဝင်းကတော့ The Voice Myanmar မှာ နီနီခင်ဇော်ရဲ့ Teamအဖွဲ့သားတွေနဲ့အတူတူ ကြိုးစားနေပြီး အကောင်းဆုံး ဆက်လက်ယှဉ်ပြိုင်သွားမှာလို့ ပြောပြခဲ့ပါသေးတယ်။

မြန်မာစကားကျွမ်းကျွမ်းကျင်ကျင် မတတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သတ်ပြီး သက်ရတနာကျော်ဝင်းက ”ဗမာလိုသိပ်မတတ်ဘူးဆိုတာက လုံးဝကြီးမပြောတတ်တာတော့မဟုတ်ဘူး၊ ကျောင်းက ဗမာကျောင်း တက်လာတာမဟုတ်တော့ နည်းနည်းပိုစဉ်းစားရတာပေါ့

ညီမအတွက်က တခါတလေအရမ်းရှုပ်တာတွေပြောရင် နားမလည်တာတွေရှိတယ်။ မြန်မာသီချင်းဆိုရင်လည်း စာကျက်ပြီးတော့ ဆိုနေသလိုမျိုး ဖြစ်သွားမှာကြောက်လို့ အဲ့ဒါကြောင့် အင်္ဂလိပ်သီချင်းဆိုတာ အဲ့ဒါကို ရှင်းပြချင်တယ် ဒါပေမယ့် သူတို့ ပြောတာတွေလည်း

မှန်ပါတယ် မြန်မာသီချင်းကို မပိုင်ရင် မြန်မာပြည်မှာလာမပြိုင်နဲ့ဆိုတာတွေ ဆိုတော့ ညီမမြန်မာသီချင်းလည်းဆိုရမှာပါ အဲ့လိုဆိုရင်ပိုပြီးတော့ ကြိုးစားရမှာပေါ့ ဒါပေမယ့် ဖြစ်အောင်လုပ်မယ်လို့ စဉ်းစားပါတယ်” လို့ ရှင်းပြသွားခဲ့တာဖြစ်ပါတယ် ဆက်လက်ပြီး သက်ရတနာကျော်ဝင်းက

သူမရဲ့သီဆိုယှဉ်ပြိုင်မှုအပေါ် အဒေါ်ဖြစ်သူဆီက မှတ်ချက်ပေးခဲ့ပုံကိုလည်း “တကယ်ကြီး အရမ်းဆိုးနေလားပေါ့ သမီး သီချင်းဆိုတာကလို့မေးတော့ သူက အရမ်းကြီးတော့ မဆိုးပါဘူးတဲ့။ ဒါပေမယ့် မကောင်းလဲ မကောင်းဘူးပေါ့ တကယ်တမ်းလည်း ဟုတ်ပါတယ်။

သူပြောမှ ပိုတောင်အဓိပ္ပာယ်ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အဒေါ်လည်းဖြစ်တယ်၊ ဂီတနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့သူတစ်ယောက်လည်းဖြစ်တယ်၊ All is Opinion ရတာ ပိုကောင်းပါတယ်။ အဲဒါမှလည်း ကိုယ်တိုးတက်မှာလေ” လို့ဆိုလာခဲ့တာပါ

ပရိသတ်ကြီးရေ သက်ရတနာကျော်ဝင်းကတော့ မြန်မာစကားကျွမ်းကျွမ်းကျင်ကျင် မတတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သတ်ပြီး ပြန်လည်ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း သက်ရတနာကျော်ဝင်းအပေါ်အမြင်လေးကို ပြောခဲ့ကြပါအုန်းနော်။ ခရက်ဒစ်