မိန္းကေလးမ်ားစြာနဲ႔ဒိတ္ဖို႔အတြက္​ဟာ ႐ူပါမလိုပဲ ဗ်ဴဟာသာလိုတဲ့အ​ေၾကာင္းကုိ သက္ေသျပခဲ့တဲ့ အမ်ိဳးသား

မိန္းကေလးေတြနဲ႔ဒိတ္ဖို႔ ႐ူပါမလို၊ ဗ်ဴဟာသာလိုေၾကာင္း သက္ေသျပခဲ့တဲ့ အမ်ိဳးသား။ ဒီေန႔ေခတ္ႀကီးမွာ နည္းပညာေတြ ဖြံ႕ၿဖိဳးတိုးတက္လာတာနဲ႔အမွ် လူသားေတြရဲ႕ လူေနမႈ အဆင့္အတန္းေတြလည္း တျဖည္းျဖည္း ျမင့္မားသထက္ ျမင့္မားလာၿပီပဲ ျဖစ္ပါတယ္။

ဟိုးအရင္ေခတ္တုန္းကလို မိန္းကေလးတစ္ေယာက္ကိုခ်စ္ရင္ ရည္စားစကားလိုက္ေျပာၿပီး ရည္းစားစာေပးတဲ့ ေခတ္ကေန အခုဆိုရင္ ဆိုရွယ္မီဒီယာကေန ကိုယ္ႀကိဳက္တဲ့ မိန္းကေလးကို ရည္းစားစကားေျပာတဲ့ေခတ္ကို ေရာက္ေနၿပီပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ Dating Apps ေတြကေနၿပီးေတာ့လည္း ကိုယ့္ရဲ႕ ဖူးစာဖက္ကို ရွာေဖြနိုင္တဲ့ အေျခအေနေတြအထိပါ ေရာက္ေနၿပီပဲ ျဖစ္ပါတယ္။ အေပၚကပုံမွာေတြ႕ရတဲ့ အမ်ိဳးသားကေတာ့ Dating Apps သုံးတဲ့ေနရာမွာ ဆရာႀကီးတစ္ေယာက္လို႔ ေျပာရပါမယ္။

ဘာေၾကာင့္လဲဆိုေတာ့ အဆိုပါအမ်ိဳးသားဟာ Dating Appsေတြကို အသုံးျပဳၿပီး တစ္ႏွစ္ကို မိန္းကေလး အေယာက္ ၃၀၀ေက်ာ္နဲ႔ ခ်ိန္းေတြ႕ေနလို႔ပဲ ျဖစ္ပါတယ္။ အဆိုပါအမ်ိဳးသားကေတာ့ အသက္ ၄၁ႏွစ္အ႐ြယ္ရွိ ဂ်ပန္အမ်ိဳးသား Hiraten ပဲ ျဖစ္ပါတယ္။

Hiraten ႐ုပ္ကေတာ့ အမ်ားအျမင္မွာ ႐ုပ္ဆိုးတယ္လို႔ ျမင္ၾကမွာပါ။ ဒါေပမယ့္ Hiraten ရဲ႕အားသာခ်က္ကေတာ့ အရမ္းေဖာ္ေ႐ြၿပီး စကားေျပာေကာင္းတာပါပဲ။ Hiraten တစ္ေယာက္ ေက်ာင္းသားဘဝတုန္းက အႀကီးအက်ယ္အသည္းကြဲခဲ့ဖူးပါတယ္။

သူနဲ႔တြဲေနတဲ့ ေကာင္မေလးဟာ ၾကည့္ေကာင္းတဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ႀကိဳက္ၿပီး သူ႕ကို ထားခဲ့တာပဲျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းကတည္းက မိန္းကေလးေတြကို ေၾကာက္သြားၿပီး တစ္ေယာက္တည္းေနလာခဲ့တဲ့ အသက္ ၃၀ ျပည့္တဲ့ အခ်ိန္အထိပါပဲ။

အသက္ ၃၀ ျပည့္တဲ့ေမြးေန႔မွာေတာ့ Hiraten ဟာ သူ႔ဘဝကို မိန္းကေလးေတြနဲ႔ အခ်ိန္ကုန္ေတာ့မယ္လို႔ စဥ္းစားၿပီး Dating Apps ၁၀ ခုေလာက္ကို download ဆြဲခဲ့ပါတယ္။ “Dating Apps ေတြမွာ ကိုယ့္ရဲ႕ profileကိုတက္နိုင္သမွ် အၿမဲတမ္း friendly ျဖစ္တဲ့ပုံကိုပဲ ထားပါ။

႐ုပ္တည္ႀကီးနဲ႔ ဂိုက္ဒ္ေတြ၊ ဆိုက္ဒ္ေတြပိေနတဲ့ပုံႀကီးေတြ မထားပါနဲ႔။ Dating Apps မိန္းကေလးေတြနဲ႔အျပင္မွာ တစ္ကယ္ေတြ႕ၿပီး ဒိတ္ခ်င္တယ္ဆိုရင္ လိုက္နာစရာ အခ်က္ ၂ ခ်က္ပဲလိုပါတယ္။ နံပါတ္တစ္အခ်က္က ကိုယ့္ရဲ႕ပုံေတြကို တစ္ျခားလူေတြ Like ေပးတာမပါတဲ့

Dating apps ေတြကို ေ႐ြးသုံးပါ။ ဘာေၾကာင့္လဲဆိုေတာ့ မိန္းကေလးေတြရဲ႕ သေဘာက Likes မ်ားမွ အထင္ႀကီးတတ္လို႔ပါ။ ေနာက္တစ္ခ်က္ကေတာ့ Profile ပုံ မတင္ထားတဲ့ မိန္းကေလးေတြနဲ႔သာ စကားေျပာပါ။ အဲဒီလိုေျပာျခင္းက သူတို႔ေတြရဲ႕စိတ္ကို လႈပ္ရွားေစနိုင္ပါတယ္။

ကြၽန္ေတာ္ဆို မ်ားေသာအားျဖင့္ အသက္ ၂၀ဝန္းက်င္ေကာင္မေလးေတြနဲ႔ အျပင္မွာဒိတ္ဖူးပါတယ္။ တစ္ႏွစ္အတြင္းမွာ မိန္းကေလး အေယာက္ ၃၀၀ ေက်ာ္နဲ႔ပါ ဒိတ္လုပ္ခဲ့ဖူးပါတယ္”လို႔ Hiraten က ေျပာၾကားခဲ့ပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မိန်းကလေးတွေနဲ့ဒိတ်ဖို့ ရူပါမလို၊ ဗျူဟာသာလိုကြောင်း သက်သေပြခဲ့တဲ့ အမျိုးသား။ ဒီနေ့ခေတ်ကြီးမှာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူသားတွေရဲ့ လူနေမှု အဆင့်အတန်းတွေလည်း တဖြည်းဖြည်း မြင့်မားသထက် မြင့်မားလာပြီပဲ ဖြစ်ပါတယ်။

ဟိုးအရင်ခေတ်တုန်းကလို မိန်းကလေးတစ်ယောက်ကိုချစ်ရင် ရည်စားစကားလိုက်ပြောပြီး ရည်းစားစာပေးတဲ့ ခေတ်ကနေ အခုဆိုရင် ဆိုရှယ်မီဒီယာကနေ ကိုယ်ကြိုက်တဲ့ မိန်းကလေးကို ရည်းစားစကားပြောတဲ့ခေတ်ကို ရောက်နေပြီပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Dating Apps တွေကနေပြီးတော့လည်း ကိုယ့်ရဲ့ ဖူးစာဖက်ကို ရှာဖွေနိုင်တဲ့ အခြေအနေတွေအထိပါ ရောက်နေပြီပဲ ဖြစ်ပါတယ်။ အပေါ်ကပုံမှာတွေ့ရတဲ့ အမျိုးသားကတော့ Dating Apps သုံးတဲ့နေရာမှာ ဆရာကြီးတစ်ယောက်လို့ ပြောရပါမယ်။

ဘာကြောင့်လဲဆိုတော့ အဆိုပါအမျိုးသားဟာ Dating Appsတွေကို အသုံးပြုပြီး တစ်နှစ်ကို မိန်းကလေး အယောက် ၃၀၀ကျော်နဲ့ ချိန်းတွေ့နေလို့ပဲ ဖြစ်ပါတယ်။ အဆိုပါအမျိုးသားကတော့ အသက် ၄၁နှစ်အရွယ်ရှိ ဂျပန်အမျိုးသား Hiraten ပဲ ဖြစ်ပါတယ်။

Hiraten ရုပ်ကတော့ အများအမြင်မှာ ရုပ်ဆိုးတယ်လို့ မြင်ကြမှာပါ။ ဒါပေမယ့် Hiraten ရဲ့အားသာချက်ကတော့ အရမ်းဖော်ရွေပြီး စကားပြောကောင်းတာပါပဲ။ Hiraten တစ်ယောက် ကျောင်းသားဘဝတုန်းက အကြီးအကျယ်အသည်းကွဲခဲ့ဖူးပါတယ်။

သူနဲ့တွဲနေတဲ့ ကောင်မလေးဟာ ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်နဲ့ကြိုက်ပြီး သူ့ကို ထားခဲ့တာပဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက မိန်းကလေးတွေကို ကြောက်သွားပြီး တစ်ယောက်တည်းနေလာခဲ့တဲ့ အသက် ၃၀ ပြည့်တဲ့ အချိန်အထိပါပဲ။

အသက် ၃၀ ပြည့်တဲ့မွေးနေ့မှာတော့ Hiraten ဟာ သူ့ဘဝကို မိန်းကလေးတွေနဲ့ အချိန်ကုန်တော့မယ်လို့ စဉ်းစားပြီး Dating Apps ၁၀ ခုလောက်ကို download ဆွဲခဲ့ပါတယ်။ “Dating Apps တွေမှာ ကိုယ့်ရဲ့ profileကိုတက်နိုင်သမျှ အမြဲတမ်း friendly ဖြစ်တဲ့ပုံကိုပဲ ထားပါ။

ရုပ်တည်ကြီးနဲ့ ဂိုက်ဒ်တွေ၊ ဆိုက်ဒ်တွေပိနေတဲ့ပုံကြီးတွေ မထားပါနဲ့။ Dating Apps မိန်းကလေးတွေနဲ့အပြင်မှာ တစ်ကယ်တွေ့ပြီး ဒိတ်ချင်တယ်ဆိုရင် လိုက်နာစရာ အချက် ၂ ချက်ပဲလိုပါတယ်။ နံပါတ်တစ်အချက်က ကိုယ့်ရဲ့ပုံတွေကို တစ်ခြားလူတွေ Like ပေးတာမပါတဲ့

Dating apps တွေကို ရွေးသုံးပါ။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေရဲ့ သဘောက Likes များမှ အထင်ကြီးတတ်လို့ပါ။ နောက်တစ်ချက်ကတော့ Profile ပုံ မတင်ထားတဲ့ မိန်းကလေးတွေနဲ့သာ စကားပြောပါ။ အဲဒီလိုပြောခြင်းက သူတို့တွေရဲ့စိတ်ကို လှုပ်ရှားစေနိုင်ပါတယ်။

ကျွန်တော်ဆို များသောအားဖြင့် အသက် ၂၀ဝန်းကျင်ကောင်မလေးတွေနဲ့ အပြင်မှာဒိတ်ဖူးပါတယ်။ တစ်နှစ်အတွင်းမှာ မိန်းကလေး အယောက် ၃၀၀ ကျော်နဲ့ပါ ဒိတ်လုပ်ခဲ့ဖူးပါတယ်”လို့ Hiraten က ပြောကြားခဲ့ပါတယ်။ ခရက်ဒစ်