ဆေးရုံကလူနာတွေနဲ့ကူညီ​ပေး​နေကြ​သော ​စေ​တနာ့ဝန်​ထမ်းများအတွက်ကို ညီနန္ဒရဲ့ ထောပတ်ထမင်း ပွဲ (၂၀၀) လှူဒါန်းခဲ့တဲ့ စမိုင်းလ်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ပရိသတ်ကြီးရေ သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုကတော့ Covid-19 အတွက် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းကူညီမှုတွေ အဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ်။
မကြာသေးမီကလည်း Fortune Plaza WeloveYangon Happy COVID-19 Center ကုတင် (၆၀၀) မှာ အသုံးပြုဖို့ ကုတင် တစ်လုံးကို (၆ ) သောင်းနှုန်းနဲ့ တန်ဖိုးငွေကျပ် သိန်း (၆၀) ရှိသော
ကုတင် (၁၀၀) ကို လှူဒါန်း ကုသိုလ်ယူခဲ့ပါသေးတယ်။ ဒါ့အပြင် အောက်တိုဘာလ (၂၂) ရက်နေ့မှာကျရောက်မယ့် ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့အတွက် အောက်တိုဘာလ (၁)ရက်နေ့ကနေ (၂၂) ရက်နေ့ထိ
တစ်ဦးကို တစ်သိန်းကျပ်နှုန်းနဲ့ ၂၂ ယောက်စာ (၂၂)သိန်းဖိုးကို လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။ ဒီနေ့အောက်တိုဘာလ(၃) ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အကြိုအလှူလေးအဖြစ်
သရုပ်ဆောင် ညီနန္ဒ ရောင်းချနေတဲ့ ထောပတ်ထမင်း (၇)သိန်းဖိုးစား ပွဲ(၂၀၀) ကို ဆေးရုံရှိ လူနာများနဲ့ volunteer များအတွက် လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
Covid-19 အတွက် အဆက်မပြတ်လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ စမိုင်းလ်တို့ မိသားစု ရဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကိုလေးစား စရာပါပဲ ပရိသတ်ကြီးရေ။
လူတိုင်းအားကျရတဲ့ အိမ်ထောင်ရေးနဲ့ သာယာပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်တစ်ယောက် ဒီထက်မက လှူနိုင်တန်းနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်