ကပ္ေရာဂါျဖစ္​​ေနခ်ိန္​မွာ အားလံုးကုိအဆင္ေျပေအာင္ အပင္ပန္းခံကူညီခဲ့ေပမယ့္ လူနာတစ္ေယာက္ရဲ့ ျခိမ္းေျခာက္ၿပီးပုိက္​ဆံ​ေတာင္​းျခင္းခံေနရတယ္လုိ႔ ရ​​င္​ဖြင္​့ကာ​ေျပာျပလာခဲ့တဲ့ ေဝဠဳေက်ာ္

ကိုယ္က်ိဳးမငဲ့ပဲ ျမန္မာနိုင္ငံအနွံ အကူအညီလိုအပ္တဲ့ေနရာေတြမွာ စိတ္ေရာလူပါ ပါဝင္ျပီး ကူညီေဆာင္ရြက္ေပးေနတဲ့ ပရဟိတမင္းသားၾကီး ေဝဠဳေက်ာ္ကေတာ့ အမ်ားအက်ိဳးကို သယ္ပိုးေဆာင္ရြက္ရေနရင္ကို ေပ်ာ္ရႊင္ေနသူတစ္ေယာက္ပါပဲ။

ပရဟိတအလုပ္ကို လုပ္ေနသူပီပီ အရာရာကို ေစတနာထားျပီး အေကာင္းဆံုး လုပ္ေဆာင္ခဲ့ေပမယ့္ ဒီတစ္ေခါက္မွာေတာ့ ေဝဠႈေက်ာ္က လူနာတစ္ေယာက္ရဲ့ ပိုက္ဆံေတာင္းျခိမ္းေျခာက္ျခင္းခံေနရတယ္ဆိုတဲ့အေၾကာင္းကို ေျပာလာပါတယ္။

“လူနာေတြကို ကပ္ေရာဂါၾကား အဆင္ေျပေအာင္ အပင္ပမ္းခံၿပီး အတတ္ႏိူင္ဆုံး လႉေပးခဲ့တယ္။ အလႉမရလို႔ အားလုံးမွ်တ လႉေပးေနရတဲ့ၾကားထဲ အလႉကိုေတာင္းသေလာက္ မရတာနဲ႔ ရန္လာရွာ ၿခိမ္းေျခာက္ေတာ့ ေစတနာနဲ႔ လုပ္ေပးတာက အကုသိုလ္ ​ျဖစ္ရတယ္။

လူနာေတာ္ေတာ္မ်ားမ်ားက ေစတနာအသိအမွတ္ျပဳလို႔ ပီတိျဖစ္ရေပမယ့္ ဒီတစ္ေယာက္ကေတာ့ မိုက္႐ိုင္းခ်က္က ကမ္းကုန္ပဲ။ လူနာအခ်င္းခ်င္းရန္တိုက္ေပးတာတို႔။ အဆိုးဆုံးက အျခားလူနာရွင္ေယာင္ေဆာင္ၿပီး ေငြလိမ္ေတာင္းတာပါ။

သူနာျပဳဆရာမေယာင္ေဆာင္ၿပီး ေျပာခိုင္းတာေတာင္ပါေသးတယ္။ေပးရတာမ်ားၿပီ။ နယ္လဲျပန္သြားၿပီမို႔ မ်က္ကြယ္ေရာက္သြားၿပီကို သူတို႔အဆင္ေျပပါေစဆိုၿပီး ထပ္ထပ္လႊဲေပးတယ္။ ဖုန္းအခါမ်ားစြာဆက္ၿပီး ဂ်ီက်တာ ေငြထုတ္မရတာကိုလဲ ျပန္ထုတ္ျပန္လႊဲအခါခါ သည္းခံလုပ္ေပးခဲ့တယ္။”

“လိမ္လိုက္တဲ့ေနာက္မွာေတာ့ ေစတနာက ပ်က္သြားၿပီေလ။ တစ္ဖက္လူနာရွင္နဲ႔ ရန္တိုက္ေပးလိုက္တာ။ၿပီး ေဆး႐ုံကို လွမ္းဖုန္းဆက္ရနဲ႔ အလုပ္မ်ားသြားတာမို႔ ေတာ္ေတာ္စိတ္ပ်က္သြားရတာ။ အခုေတာ့ ၿခိမ္းေျခာက္လာပါတယ္။

တခ်ိဳ႕ လူေတြ ေစတနာနဲ႔ မတန္ဘူးဆိုတာ အဲ့ဒါပါပဲ။ ေဒါသျဖစ္မိတဲ့ ကိုယ့္စိတ္ကို ကိုယ္ဆုံးမေနရတယ္ေလ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ရင္ဖြင့္ေျပာျပလာပါတယ္။ ေဝဠဳေက်ာ္ကေတာ့ လူတိုင္းကို ေစတနာထားျပီး အေကာင္းဆံုး ကူညီခဲ့ေပမယ့္

လူတိုင္းက ေစတနာနဲ့ မတန္ပဲ ေစာ္ကားၾကတဲ့အေၾကာင္းကို ေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ကိုယ်ကျိုးမငဲ့ပဲ မြန်မာနိုင်ငံအနှံ အကူအညီလိုအပ်တဲ့နေရာတွေမှာ စိတ်ရောလူပါ ပါဝင်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရနေရင်ကို ပျော်ရွှင်နေသူတစ်ယောက်ပါပဲ။

ပရဟိတအလုပ်ကို လုပ်နေသူပီပီ အရာရာကို စေတနာထားပြီး အကောင်းဆုံး လုပ်ဆောင်ခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ ဝေဠှုကျော်က လူနာတစ်ယောက်ရဲ့ ပိုက်ဆံတောင်းခြိမ်းခြောက်ခြင်းခံနေရတယ်ဆိုတဲ့အကြောင်းကို ပြောလာပါတယ်။

“လူနာတွေကို ကပ်ရောဂါကြား အဆင်ပြေအောင် အပင်ပမ်းခံပြီး အတတ်နိူင်ဆုံး လှူပေးခဲ့တယ်။ အလှူမရလို့ အားလုံးမျှတ လှူပေးနေရတဲ့ကြားထဲ အလှူကိုတောင်းသလောက် မရတာနဲ့ ရန်လာရှာ ခြိမ်းခြောက်တော့ စေတနာနဲ့ လုပ်ပေးတာက အကုသိုလ် ဖြစ်ရတယ်။

လူနာတော်တော်များများက စေတနာအသိအမှတ်ပြုလို့ ပီတိဖြစ်ရပေမယ့် ဒီတစ်ယောက်ကတော့ မိုက်ရိုင်းချက်က ကမ်းကုန်ပဲ။ လူနာအချင်းချင်းရန်တိုက်ပေးတာတို့။ အဆိုးဆုံးက အခြားလူနာရှင်ယောင်ဆောင်ပြီး ငွေလိမ်တောင်းတာပါ။

သူနာပြုဆရာမယောင်ဆောင်ပြီး ပြောခိုင်းတာတောင်ပါသေးတယ်။ပေးရတာများပြီ။ နယ်လဲပြန်သွားပြီမို့ မျက်ကွယ်ရောက်သွားပြီကို သူတို့အဆင်ပြေပါစေဆိုပြီး ထပ်ထပ်လွှဲပေးတယ်။ ဖုန်းအခါများစွာဆက်ပြီး ဂျီကျတာ ငွေထုတ်မရတာကိုလဲ ပြန်ထုတ်ပြန်လွှဲအခါခါ သည်းခံလုပ်ပေးခဲ့တယ်။”

“လိမ်လိုက်တဲ့နောက်မှာတော့ စေတနာက ပျက်သွားပြီလေ။ တစ်ဖက်လူနာရှင်နဲ့ ရန်တိုက်ပေးလိုက်တာ။ပြီး ဆေးရုံကို လှမ်းဖုန်းဆက်ရနဲ့ အလုပ်များသွားတာမို့ တော်တော်စိတ်ပျက်သွားရတာ။ အခုတော့ ခြိမ်းခြောက်လာပါတယ်။

တချို့ လူတွေ စေတနာနဲ့ မတန်ဘူးဆိုတာ အဲ့ဒါပါပဲ။ ဒေါသဖြစ်မိတဲ့ ကိုယ့်စိတ်ကို ကိုယ်ဆုံးမနေရတယ်လေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်ပြောပြလာပါတယ်။ ဝေဠုကျော်ကတော့ လူတိုင်းကို စေတနာထားပြီး အကောင်းဆုံး ကူညီခဲ့ပေမယ့်

လူတိုင်းက စေတနာနဲ့ မတန်ပဲ စော်ကားကြတဲ့အကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်