ကြည့်မိသူတိုင်း မျက်ရည်ဝဲရလောက်အောင်ကို ကြည်နူးပီတိဖြစ်စရာအလှူလေးတစ်ခုအား လုပ်ချလိုက်ပြန်တဲ့ ချစ်စရာအပြုံးပိုင်ရှင်လေး ဖြူဖြူထွေး (ရုပ်သံဖိုင်)
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဟာသမင်းသမီးလေးအဖြစ် အားလုံးကသိကြတဲ့ ဖြူဖြူထွေးကတော့ ဟန်ဆောင်မှုကင်းပြီး ဖော်ရွေလွန်းသူလေး ဖြစ်ပါတယ်။
နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက အချိန်ခဏလေးအတွင်းမှာတင် ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ရယ်စရာဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို စတင်ရရှိခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။
ဖြူဖြူထွေးက အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေရပြီး အရမ်းကိုအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ မိဘနှစ်ပါးကို ရိုးရိုးသားသားလုပ်ကျွေးပြုစုနေတဲ့ ဖြူဖြူထွေးက
လတ်တလောမှာတော့ ကြော်ငြာတွေဆက်တိုက်ဆိုသလို လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။သူမရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် အလှူတန်းပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာတွေ့ရပါတယ်။
အခုမှာတော့ လမ်းမှာတွေ့သမျှခက်ခဲနေသူတိုင်းကို အလှူငွေများလှူဒါန်းခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ ဗီဒီယိုလေးကြည့်ပြီး ကြည်နူးပီတိမျက်ရည်ဝဲမိတာအမှန်ပါပဲ
တကယ်ကို လေးစားစရာစိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးရဲ့ အလှူမှတ်တမ်းဗီဒီယိုလေးကို ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ ခရက်ဒစ်