အခုတ​လောမှာ အသားအရေက ပိုလှလာတဲ့ လျှို့ဝှက်​ချက်​​လေးကို ​ပြောပြလာခဲ့တဲ့ မယ်လိုဒီ
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ပရိသတ်ကြီးရေ မယ်လိုဒီကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို သူမရဲ့သားလေးသိဒ္ဒိစစ် မွေးဖွားပြီးနောက် အရင်ကထက်ပိုပိုလှလာကာ ကလေးအမေလို့
မထင်ရလောက်အောင်နုပျို နေတဲ့မင်းသမီးတစ်လက်ပါ။ ကလေးအမေလို မထင်ရလောက်အောင် နုပျိုနေတဲ့ သူမရဲ့အလှအပ ဆိုင်ရာလျှို့ဝှက်ချက်တွေကို ပရိသတ်တွေလည်း
သိချင်နေကြမယ်ထင်ပါတယ်နော်။ မယ်လိုဒီကတော့ ဘာသာရေး ကိုင်းရှိုင်းပြီး ဘုရားတရား အရမ်းလုပ်တဲ့အပြင် သားလေး သိဒ္ဓိစစ်ကိုလည်း လိမ္မာရေးခြားရှိအောင်သင်ကြားပေးနေတဲ့
မိခင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မယ်လိုဒီတစ်ယောက် တရားထိုင်တာများလာလေ အသားအရေလှ လာလေ ဆိုတဲ့ စာသားလေးနဲ့အတူ Effects မပါတဲ့
သူမရဲ့ ခြေထောက်ပုံလေးကို မိုင်ဒေးက နေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ်။ ဘယ်အရာမှမမြဲတဲ့ လောကကြီးမှာ အိုလာရင်လည်း တရားမှတ်ရင်းလှလှလေး နိဗ္ဗာန်သွားချင်မိတယ် လို့လည်း သူမရဲ့
ဆန္ဒလေးကို ရေးသားဖော်ပြထားပါသေးတယ်။ မယ်လိုဒီ ဘာလို့အသားအရေလှပြီး နုပျိုလှပနေလည်း ဆိုတာကိုသိချင်တဲ့ ပရိသတ်ကြီးအတွက် လျှို့ဝှက်ချက် လေးကိုပြောပြလိုက်ပြီးနော်။ ခရက်ဒစ်