ကိုဗစ်​ရောဂါပိုးရှိ မရှိကို အမြန်စစ်​ပေး​သောကိရိယာနဲ့ စစ်ခဲ့ရသူတဦးရဲ့ ပြောပြလာတဲ့ ကိုယ်တွေ့အတွေ့အကြုံ​လေးပါ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ကိုဗစ် အမြန်စစ်ကိရိယာနဲ့ စစ်ခဲ့ရသူတဦးပြောပြတဲ့ ကိုယ်တွေ့အတွေ့အကြုံ။ ကျနော်တို့အလုပ်ရဲ့သဘောအရ လုပ်ငန်းခွင်မှာ ကိုဗစ် ပြန့်နှံ့မှုဖြစ်မှာ ကြောက်ရပါတယ်။ သီးသန့်ခွဲခြားထားတဲ့ နေရာဖြစ်နေပေမယ့် တဦးတယောက်မှာ ပိုးပါလာရင် HAVAC စနစ်
(အလွယ်ပြောရင် Air Con စနစ်)တခုထဲမှာ နေထိုင်ရတဲ့အတွက် ဧရိယာတခုလုံး ကူးစက်နိုင်ပါတယ်။ ဒီအတွက် ကိုဗစ်နဲ့ပတ်သက်ပြီး ဆေးစစ်မှုတွေ စဉ်ဆက်မပြတ် သတိထားလုပ်ရပါတယ်။ အမျိုးသားဓာတ်ခွဲခန်းရဲ့ SWAB TEST စနစ်ဟာ ဈေးများတယ်။ အချိန်လိုတယ်။
စစ်ဆေးနိုင်တဲ့ အကန့်အသတ်ရှိတယ်။ တိကျသေချာမှုတော့ရှိတယ်။ Rapid Test တွေရဲ့ တိကျမှုကတော့ သေချာမှုက အရင်က ၇၈% လောက်ပဲ ရှိခဲ့တယ်။ ခုနောက်ပိုင်း ၉၈% ထိ သေချာတယ်လို့ ဖတ်ရတယ်။ Rapid Test မှာစစ်လို့ Positive ဆိုရင် ခဏယာယီ
ခွဲထားလိုက်ခြင်းဖြင့်လည်း ဆက်လက်ပြန့်နှုန်းကို ထိန်းနိုင်မယ်။ ကျနော်ကိုယ်တိုင် Rapid Test စစ်တာခံရတာ ၂ ဆင့်စစ်တယ် သွေးဖောက်တယ် ပုရွက်ဆိတ်ကိုက်တာကမှ ပိုနာပါတယ် အဖုထတယ် ခုကအဲလောက်မနာပါ။ သွေးစက်လေးကို Test Kit ပေါ်တင်ပြီး
မိနစ် ၂၀လောက်ဆို သွေးရဲ့ပြန့်နှုန်းက ပထမတလိုင်းကိုရောက်မယ်။ အဲမှာရပ်သွားရင် Negativeပေါ့။ အဲမှာမရပ်ဘဲ ဒုတိယလိုင်းထိ ဆက်ပြန့်ရင်တော့ လိုင်း ၂လိုင်းပြတဲ့ Positive ပေါ့။ နောက် နှာခေါင်းနှိုက်တယ်၊ အဲတာကတော့ နည်းနည်းမျက်ရည်ဝဲရုံပေါ့။
အကောင်းဆုံးက စိတ်ကိုလျှော့ထားပါ။ ခေါင်းကို ငြိမ်အောင်ထားပါ။ ပါးစပ်ကို “အား “လို့ အော်သလို ဟပြီးအော်ပြပါ။ ဒါဆို နှာလမ်းကြောင်း ရှောရှောရှုရှုဖြစ်လာပါမယ်၊ မနာပါ။ တို့ဖတ် Test ကို သူ့ Test kitဘူးထဲက Gelလေးတမျိုးထဲစိမ်ပြီး စောင့်ကြည့်ပါတယ်။
Rapid Testစစ်ပြီး ၃ရက်လောက်သီးသန့်နေပြီးရင် အလုပ်ထဲထွက်ခွာရပါတယ်။ ကျနော်တို့စစ်တဲ့ အမျိုးအစားဟာ ကိုရီးယားနိုင်ငံထုတ်ပါ။ Rapid Testဟာ မြန်တယ်။ တိကျမှု့တော့ ကန့်သတ်ချက်ရှိတယ်။ ၂ %ကိုတော့ ကံပေါ်ထားရပါမယ်၊ လူအများကြား ပြန့်နှုန်းမြှင့်ပြီး
ခွဲခြားရခက်တဲ့ ခုလိုအခါမှာ သုံးတာမှန်ပါတယ်။ အလျင်မြန်ဆုံး ဆွဲထုတ်နိုင်မယ့် တခုထဲသောနည်းပါ။ နောက်ဆုံးတိုက်ပွဲပဲဆိုဆို တိုက်ပွဲအစပဲဆိုဆို ရန်ကုန်သားတွေအနေနဲ့ အိမ်ထဲနေဖို့လိုအပ်ပါသေးတယ်။ ပူးပေါင်းပေးဖို့ လိုပါတယ်။ ဒီတိုက်ပွဲဟာ အစိုးရအတွက် တိုက်ပွဲမဟုတ်ပါ။
မိမိအသက်အတွက်တိုက်ပွဲဆိုတာကို မမေ့ပါနဲ့။ အသက်ရှင်ဖို့ ရုန်းကန်ရတာကို Survive လုပ်တယ်လို့ ပြောကြတယ်။ စစ်ပွဲမှာရှင်ကျန်ဖို့ ခက်ခဲစွာလုပ်ရတယ်။ မုန်တိုင်းကြားမှာ ရှင်ကျန်ဖို့လုပ်ရတာမလွယ်၊ ငလျင်ဘေး၊ မီးဘေး အစစ အရာရာမှာ
ရှင်ကျန်နေဖို့လုပ်ရတာ ဘယ်လောက်ခက်လည်း တွေးကြည့်ပါ။ ခုကိုဗစ်ဘေးက ရှင်ကျန်ဖို့လုပ်ရတာ အလွယ်ဆုံးပါ။ အိမ်ထဲမှာအိပ်လိုက် တီဗီကြည့်လိုက် စာဖတ်လိုက်နဲ့ ရှင်ကျန်အောင် လုပ်ပေးရုံလေးပါ။ ရှင်ကျန်နေဖို့ အိမ်ထဲနေလိုက်ပါ။ ခရက်ဒစ်