လမ္းေပၚမွာလဲက်​ေနတဲ့သူအား ကူညီေပးခဲ႔မိလို႔ Q ၀င္လိုက္ရ​ေသာ ၾကည့္ျမင္တိုင္ကမ္းနားေစ်းမွ ကာယလုပ္သားႀကီးတစ္စုရဲ႕အျဖစ္​

ၾကည့္ျမင္တိုင္ ကမ္းနားေစ်းနား လမ္းေဘးမွာ လဲေနတဲ့ လူနာကို ကားေပၚ ဝိုင္းတင္ေပးခဲ့ၾကတယ္။ ေဆး႐ုံေရာက္ေတာ့ လူနာ ဆုံးသြားလို႔ စစ္ေတာ့ အေျဖက Positive တဲ့။

Positive ဆိုေတာ့ ထိစပ္သူ Q ဝင္ေပါ့။ ဒါနဲ႔ပဲ မေျပာမျဖစ္ ေျပာလိုက္ရတယ္။ ငါ့ညီတို႔ Q ဝင္ရမယ္လို႔။ ဘယ္တတ္ႏိုင္မလဲ အစ္ကိုရယ္တဲ့ ကြၽန္ေတာ္တို႔ ကူညီခဲ့တာပဲ။

ဝင္ဆိုလည္း ဝင္ပါ့မယ္တဲ့။ မ်က္ႏွာေတြေတာ့ မေကာင္းၾကဘူး။ အဲဒါနဲ႔ စီစဥ္ေပးစရာ ရွိတာေတြ စီစဥ္ေပးၿပီး ကြၽန္တာ္ျပန္ခါနီးက်မွ တိုးတိုးေလး ေျပာတယ္။ အစ္ကို တဲ့

၁၄ ရက္ဆိုလည္း ၁၄ ရက္ေနပါမယ္တဲ့။ ကြၽန္ေတာ့္ကို တခု ကူညီေပးပါအစ္ကိုတဲ့။ ႐ြာက သမီးနဲ႔ မိန္းမကို အိမ္စရိတ္ လႊဲေပးေနခဲ့ရတာ။ အခုဘယ္ေလာက္ၾကာမယ္ မသိလို႔

သူတို႔ စားဖို႔ စရိတ္ျပတ္ရင္ ဆန္ဖိုးေလး နည္းနည္း လႉေပးပါလားတဲ့။ ကြၽန္ေတာ္ ကတိေပးခဲ့လိုက္ပါတယ္။ စိတ္ခ် ညီေလးလို႔။ ဒီေန႔ေတာ့ စိတ္မေကာင္းျခင္း မ်ားစြာျဖင့္.

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကြည့်မြင်တိုင် ကမ်းနားဈေးနား လမ်းဘေးမှာ လဲနေတဲ့ လူနာကို ကားပေါ် ဝိုင်းတင်ပေးခဲ့ကြတယ်။ ဆေးရုံရောက်တော့ လူနာ ဆုံးသွားလို့ စစ်တော့ အဖြေက Positive တဲ့။

Positive ဆိုတော့ ထိစပ်သူ Q ဝင်ပေါ့။ ဒါနဲ့ပဲ မပြောမဖြစ် ပြောလိုက်ရတယ်။ ငါ့ညီတို့ Q ဝင်ရမယ်လို့။ ဘယ်တတ်နိုင်မလဲ အစ်ကိုရယ်တဲ့ ကျွန်တော်တို့ ကူညီခဲ့တာပဲ။

ဝင်ဆိုလည်း ဝင်ပါ့မယ်တဲ့။ မျက်နှာတွေတော့ မကောင်းကြဘူး။ အဲဒါနဲ့ စီစဉ်ပေးစရာ ရှိတာတွေ စီစဉ်ပေးပြီး ကျွန်တာ်ပြန်ခါနီးကျမှ တိုးတိုးလေး ပြောတယ်။ အစ်ကို တဲ့

၁၄ ရက်ဆိုလည်း ၁၄ ရက်နေပါမယ်တဲ့။ ကျွန်တော့်ကို တခု ကူညီပေးပါအစ်ကိုတဲ့။ ရွာက သမီးနဲ့ မိန်းမကို အိမ်စရိတ် လွှဲပေးနေခဲ့ရတာ။ အခုဘယ်လောက်ကြာမယ် မသိလို့

သူတို့ စားဖို့ စရိတ်ပြတ်ရင် ဆန်ဖိုးလေး နည်းနည်း လှူပေးပါလားတဲ့။ ကျွန်တော် ကတိပေးခဲ့လိုက်ပါတယ်။ စိတ်ချ ညီလေးလို့။ ဒီနေ့တော့ စိတ်မကောင်းခြင်း များစွာဖြင့်.