အောက်​တိုဘာလ ၁ ရက်နေ့မှစပြီး ၂၂ ရက်နေ့အထိကို နေ့စဉ် လူတစ်ဦးလျှင် ၁ သိန်းကျပ်​စီဖြင့်​ ၂၂ ဦးအား ရွေးချယ်လှူဒါန်းသွားမယ်​လို့ ​ပြောလာခဲ့တဲ့ စမိုင်းလ်
ယူနီကုဒ်ဖြင့်ဖတ်ရန်
သရုပ်ဆောင် စမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်နဲ့ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက် အရွယ်ရောက်လာချိန်မှာ စီးပွားဥစ္စာ တိုးပွားလာပြီး ကြွယ်ဝလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့စမိုင်းလ်တို့ ဇနီးမောင်နှံက
သူမတို့ကိုယ်တိုင်လည်း ချို့တဲ့တဲ့ဘဝကနေ တက်လာခဲ့ရတာမို့ အခက်အခဲဖြစ်နေတာတွေ့ရင် စိတ်ရောလူပါ ကူညီပေးချင်ကြတာပဲ ဖြစ်ပါတယ်။ ပြည်သူ့ချစ် ဆယ်လီစုံတွဲဖြစ်တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံက လက်ရှိမှာလည်း သူတို့တတ်နိုင်သလောက်
အလှူအတန်းတွေပြုလုပ်ရင်းနဲ့သာ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စမိုင်းလ်က သူ့ခင်ပွန်းရဲ့ မွေးနေ့လမှာ ယနေ့ကနေ့ မွေးနေ့ရောက်တဲ့နေ့ထိ တစ်ရက်တစ်သိန်း လှူသွားမဲ့ အကြောင်းလေးပြောပြလာပါတယ်။ စမိုင်းလ် က
“1.10.20- 22.10.20 ( မောင့်မွေးနေ့) အထိ နေ့စဉ် လူတစ်ဦးလျှင် ၁ သိန်းကျ ၂၂ ဦးရွေးချယ်ပြီး ၂၂သိန်းဖိုး လှူဒါန်းသွားမယ်။ တကယ်ဒုက္ခရောက်နေတဲ့သူတွေပဲ comment မှာရေးပေးကြပါနော်၊ ဘာကြောင့် ဒီ ၁ သိန်း အခု လိုအပ်နေတာလေးပါ ရေးပေးကြပါ။
ကဲ ကံကောင်းကြပါစေရှင်” ဆိုပြီး အလှူလုပ်မဲ့အကြောင်းလေးတင်ထားတာပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ တစ်ကယ် အခက်အခဲဖြစ်နေသူများ စမိုင်းလ်ရဲ့ Page အောက်မှာ comment သွားမန့်ပေးရမှာဖြစ်ပါတယ်။
၁ ရက်နေ့ ၂၂ ရက်နေ့အထိ နေ့တိုင်းပေးသွားမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် စမိုင်းလ်ရဲ့ အလှူလေးကို အသိပေးဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။