ပထမဦးဆုံးအကြိမ်ထိုးဖူး​သော ထီလက်​မှတ်​က​နေပြီ​တော့ အောင်ဘာလေသိန်း​ထီဆုပေါက်ခဲ့လို့ပျော်နေတဲ့ အကယ်​ဒမီမင်းသား​လေး ထွန်းထွန်း







ယူနီကုဒ်ဖြင့်ဖတ်ရန်

မင်းသားချောလေး ထွန်းထွန်းကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့ပြီး အောင်မြင်လျက်ရှိနေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်း အကောင်းဆုံးနဲ့

အပီပြင်ဆုံး သရုပ်ဆောင်လျက်ရှိနေတဲ့ ထွန်းထွန်းကတော့ ဗီဒီယိုဇာတ်ကားတွေ များစွာကိုရိုက်ကူးခဲ့ပြီး အကယ်ဒမီကိုလည်း ဆွတ်ခူးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သူကတော့ ကြော်ငြာတွေကိုလည်း

ရိုက်ကူးလျက်ရှိနေပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရယူထားနိုင်ခဲ့တဲ့ ထွန်းထွန်းကတော့ ယခုမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

ထွန်းထွန်းကတော့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အောင်ဘာလေထီဆုကို ဆွတ်ခူးနိုင်ခဲ့လို့ အတိုင်းမသိ ဝမ်းသားပျော်ရွှင် နေခဲ့ပါတယ်။ သူရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။

ထွန်းထွန်းကတော့ ”ဘဝမှာ ပထမဆုံးအကြိမ် ကိုယ်ပိုက်ဆံနဲ့ကိုယ် ထီထိုးတာ ပထမဆုံးထီပေါက်တယ် ဆုသေးဆိုပေမယ့် အရမ်းပျော်တယ် KKTT ရဲ့ WLTTE တွေပျော်ရအောင် ပြောပြတာ မုဒိတာပွားစေတည်းဗျာ“

ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်ဘာလေထီဆု ဆွတ်ခူးနိုင်ခဲ့လို့ ပျော်ရွှင်နေတဲ့ ထွန်းထွန်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြ ပေးလိုက်ရပါတယ်။