ေအာက္တိုဘာ ၁ရက္ေန႔မွစတင္ကာ ႀကိဳတင္မဲမ်ားကုိ စည္းကမ္းနဲ႔အညီစနစ္​တက်တန္​းစီ၍ ​ေ​​ပးေနၾကၿပီျဖစ္တဲ့ စင္ကာပူေရာက္ ​ေရႊျမန္မာမ်ား

စင္ကာပူေရာက္ ျမန္မာေတြ ႀကိဳတင္မဲ စေပးၿပီ။ ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ စင္ကာပူႏိုင္ငံတြင္ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္

ယေန႔ ေအာက္တိုဘာ ၁ရက္ေန႔မွစတင္ကာ ႀကိဳတင္မဲမ်ား စတင္ေပးေနၾကၿပီျဖစ္သည္။ ေအာက္တိုဘာ ၁ရက္ေန႔မွ ၁၈ရက္ေန႔အထိ ႀကိဳတင္ရယူထားသည့္ နံပါတ္စဥ္ေန႔ရက္အလိုက္

မဲေပးၾကရမည္ျဖစ္ၿပီး သံ႐ုံးဘက္မွလည္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ေကာင္တာ ၉ ခုခြဲကာ လြယ္ကူစြာ မဲေပးႏိုင္ရန္ စီစဥ္ထားသည္။ ယခုႏွစ္တြင္ စင္ကာပူႏိုင္ငံမွ

ႀကိဳတင္မဲေပးမည့္သူ အေရအတြက္မွာ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ သုံးေသာင္းေက်ာ္ရွိေၾကာင္းလည္း သိရသည္။ ပုံစံ-၁၅ ျဖင့္ေလွ်ာက္ထားခဲ့ေသာ္လည္း မဲေပးခြင့္ရသူမ်ား

စာရင္းတြင္ မပါဝင္သူမ်ားအေနျဖင့္ သတ္မွတ္ထားသည့္ Google Form ပါ အခ်က္မ်ားအား ျဖည့္စြက္ကာ ေအာက္တိုဘာ ၄ ရက္ေန႔ ေနာက္ဆုံးထားကာ ျပန္လည္

ေပးပို႔ႏိုင္ၿပီး သံ႐ုံးဘက္မွ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ထံသို႔ ျပန္လည္တင္ျပေပးမည္ျဖစ္ေၾကာင္းလည္း သံ႐ုံးက ေၾကညာထားသည္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

စင်ကာပူရောက် မြန်မာတွေ ကြိုတင်မဲ စပေးပြီ။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့်

ယနေ့ အောက်တိုဘာ ၁ရက်နေ့မှစတင်ကာ ကြိုတင်မဲများ စတင်ပေးနေကြပြီဖြစ်သည်။ အောက်တိုဘာ ၁ရက်နေ့မှ ၁၈ရက်နေ့အထိ ကြိုတင်ရယူထားသည့် နံပါတ်စဉ်နေ့ရက်အလိုက်

မဲပေးကြရမည်ဖြစ်ပြီး သံရုံးဘက်မှလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကောင်တာ ၉ ခုခွဲကာ လွယ်ကူစွာ မဲပေးနိုင်ရန် စီစဉ်ထားသည်။ ယခုနှစ်တွင် စင်ကာပူနိုင်ငံမှ

ကြိုတင်မဲပေးမည့်သူ အရေအတွက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးသောင်းကျော်ရှိကြောင်းလည်း သိရသည်။ ပုံစံ-၁၅ ဖြင့်လျှောက်ထားခဲ့သော်လည်း မဲပေးခွင့်ရသူများ

စာရင်းတွင် မပါဝင်သူများအနေဖြင့် သတ်မှတ်ထားသည့် Google Form ပါ အချက်များအား ဖြည့်စွက်ကာ အောက်တိုဘာ ၄ ရက်နေ့ နောက်ဆုံးထားကာ ပြန်လည်

ပေးပို့နိုင်ပြီး သံရုံးဘက်မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်းလည်း သံရုံးက ကြေညာထားသည်။ ခရက်ဒစ်