ခုကြုံ​​နေရ​သောကာလအတွက်​ တစ်ခါသုံး PPE ဝတ်စုံများစွာ လိုအပ်နေတဲ့အကြောင်းကို အသိပေးလာခဲ့တဲ့ နာရေးကူညီမှုအသင်းဥက္ကဌကြီး ဦးကျော်သူ
ယူနီကုဒ်ဖြင့်ဖတ်ရန်
နာရေးကူညီမှုအသင်း (ရန်ကုန်) ကတော့လက်ရှိကိုဗစ် ၁၉ ကူးစက်မှုများနေ တဲ့အချိန်မှာ အလုပ်တွေပိုများနေတဲ့အတွက် တစ်ခါသုံး PPE ဝတ်စုံတွေ လိုအပ်နေတဲ့ အကြောင်းကို အသိပေးလာတာ
ဖြစ်ပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ကနေ ဝန်ထမ်းတွေနဲ့ လုပ်အားပေးအသင်းသားတွေအနေဖြင့် မိမိတို့ကိုယ်တိုင် ရောဂါကူး စက်ခြင်းကနေ ကာကွယ်နိုင်ဖို့ လုံလောက်တဲံ ကာကွယ်မှုအဖြစ်
တစ်ရက်လျှင် ပျမ်းမျှ PPE Level 3 (၃၀)စုံ နဲ့ PPE Level 2 (၅၀)စုံ ခန့်နေ့စဉ် အသုံးပြုနေရတယ်လို့ သိရပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနဲ့ နေ့စဉ် ရောဂါပိုးတွေ့ရှိတဲ့ လူနာတွေကို
သက်ဆိုင်ရာဆေးရုံတွေကို လူနာတင်ယာဉ်များနဲ့ ပို့ဆောင်ပေးနေရပြီး Quarantine ဝင်ရောက်ရမယ့်သူတွေကိုလည်း သက်ဆိုင်ရာ Quarantine Center များကို တစ်နေ့လျှင်
ပျမ်းမျှ လူနာ (၅၀) ခန့်အား ပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။ အဲဒါကြောင့် အသင်းမှာ လိုအပ်နေတဲ့ PPEဝတ်စုံတွေကို လှူဒါန်းကြဖို့ကို နာရေးကူညီမှုအသင်းက တိုက်တွန်းထား တာဖြစ်ပါတယ်။
လှူဒါန်းလိုသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉-၄၂၁၀၁၁၉၁၅ ကိုဆက်သွယ်နိုင်ပြီး၊ အမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ကိုလည်း လာရောက်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။