သူမရဲ႕အက်ႌေလးေတြေရာင္းရေငြနဲ႔ PPE အစုံမ်ားစြာကို ဗဟိုအမ်ိဳးသမီးေဆး႐ုံသုိ႔ လႉဒါန္း​ေပးခဲ့တဲ့ အဆုိ​ေတာ္​မ​ေလး မိစႏၵီ

သီခ်င္းေတြကို ကိုယ္တိုင္ေရးစပ္သီဆိုေလ့ရွိတဲ့ မိစႏၵီကေတာ့ ေအာင္ျမင္မႈေတြ မ်ားစြာပိုင္ဆိုင္ထားတဲ့ အဆိုေတာ္မေလး ျဖစ္ပါတယ္။ သူမရဲ႕အသံက ဆြဲေဆာင္မႈရွိသလို သီခ်င္းစာသားေလးေတြကလည္း ပရိသတ္ရင္ကို ထိေစတာေၾကာင့္

နာမည္ႀကီး ေအာင္ျမင္ေနတာပဲ ျဖစ္ပါတယ္။ သူမအေနနဲ႔ ဘယ္ဂီတသီခ်င္းအမ်ိဳးအစားေတြကိုမဆို ပိုင္ပိုင္ႏိုင္ႏိုင္ သီဆိုႏိုင္ၿပီး တစ္ကိုယ္ေတာ္အေခြေတြလည္း ထြက္ရွိခဲ့ပါတယ္။ သူမဟာ ပရိသတ္အခိုင္မာရရွိထားသူျဖစ္ကာ သီဆိုေဖ်ာ္ေျဖမႈ

ေကာင္းမြန္႐ုံတင္မကပဲ ဖက္ရွင္ပိုင္းမွာလည္းဆန္းသစ္တဲ့ ဖက္ရွင္ေတြနဲ႔ အၿမဲစမတ္က် လွပေနသူလည္း ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ သူမရဲ႕ အက်ႌေလးေတြေရာင္းရေငြနဲ႔ PPE အစုံ (၃၀) စာကို ဗဟိုအမ်ိဳးသမီးေဆး႐ုံကိုလႉဒါန္းခဲ့တဲ့

မွတ္တမ္းေလးနဲ႔အတူ “Closet 834 Charity Project ေလးကမိစႏၵီရဲ႕အက်ႌေလးေတြကို ေရာင္းၿပီး ေရာင္းရေငြေတြကို ခိုကိုးရာမဲ့ေနတဲ့ Animal Shelter(တိရစာၦန္ေဂဟာ) ေလးေတြကိုလႉဒါန္းမယ့္ charity project တစ္ခုျဖစ္ေပမယ့္

ဒီတခါမွာေတာ့ ကိုဗစ္ 2nd wave ေၾကာင့္ျပည္သူေတြစီကအကူညီေတြအမ်ားႀကီးလိုအပ္ေနတဲ့ Frontliners သူရဲေကာင္းေတြအတြက္ ဒီ Project ကရရွိခဲ့တဲ့ ေငြေတြနဲ႔ PPE အစုံ (၃၀) ကို ပါေမာကၡႀကီးမွတစ္ဆင့္ ဗဟိုအမ်ိဳးသမီး

ေဆး႐ုံအတြက္ လႉဒါန္းျဖစ္ခဲ့ပါတယ္။ ဒီအလႉေလးက မိစႏၵီနဲ႔ခ်စ္ရတဲ့ပရိသတ္ႀကီးေတြနဲ႔အတူလႉဒါန္းခဲ့တဲ့ အလႉေငြျဖစ္တဲ့အတြက္ေၾကာင့္ အားလုံးပဲ ကုသိုလ္ေတြအမ်ားႀကီးရရွိၿပီး သာဓုေခၚႏိုင္ၾကပါေစ။” ဆိုတဲ့စာေလးကို ေဖ့ဘြတ္စာမ်က္ႏွာေပၚတြင္

ေဖာ္ျပထားတာေတြ႕ရပါတယ္။ မိစႏၵီကေတာ့ အလုပ္ေတြႀကိဳးစားသလို အလႉအတန္းေတြလည္း တတ္ႏိုင္သေလာက္ပါဝင္ကူညီတတ္သူလည္း ျဖစ္ပါတယ္။ ခ်စ္ပရိသတ္ႀကီးလည္း သူမရဲ႕ အလႉမွတ္တမ္းေလးကို ၾကည့္ရႈႏိုင္ေစရန္ ေဖာ္ျပေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

သီချင်းတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတဲ့ မိစန္ဒီကတော့ အောင်မြင်မှုတွေ များစွာပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ သူမရဲ့အသံက ဆွဲဆောင်မှုရှိသလို သီချင်းစာသားလေးတွေကလည်း ပရိသတ်ရင်ကို ထိစေတာကြောင့်

နာမည်ကြီး အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ဘယ်ဂီတသီချင်းအမျိုးအစားတွေကိုမဆို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ပရိသတ်အခိုင်မာရရှိထားသူဖြစ်ကာ သီဆိုဖျော်ဖြေမှု

ကောင်းမွန်ရုံတင်မကပဲ ဖက်ရှင်ပိုင်းမှာလည်းဆန်းသစ်တဲ့ ဖက်ရှင်တွေနဲ့ အမြဲစမတ်ကျ လှပနေသူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမရဲ့ အင်္ကျီလေးတွေရောင်းရငွေနဲ့ PPE အစုံ (၃၀) စာကို ဗဟိုအမျိုးသမီးဆေးရုံကိုလှူဒါန်းခဲ့တဲ့

မှတ်တမ်းလေးနဲ့အတူ “Closet 834 Charity Project လေးကမိစန္ဒီရဲ့အင်္ကျီလေးတွေကို ရောင်းပြီး ရောင်းရငွေတွေကို ခိုကိုးရာမဲ့နေတဲ့ Animal Shelter(တိရစ္ဆာန်ဂေဟာ) လေးတွေကိုလှူဒါန်းမယ့် charity project တစ်ခုဖြစ်ပေမယ့်

ဒီတခါမှာတော့ ကိုဗစ် 2nd wave ကြောင့်ပြည်သူတွေစီကအကူညီတွေအများကြီးလိုအပ်နေတဲ့ Frontliners သူရဲကောင်းတွေအတွက် ဒီ Project ကရရှိခဲ့တဲ့ ငွေတွေနဲ့ PPE အစုံ (၃၀) ကို ပါမောက္ခကြီးမှတစ်ဆင့် ဗဟိုအမျိုးသမီး

ဆေးရုံအတွက် လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဒီအလှူလေးက မိစန္ဒီနဲ့ချစ်ရတဲ့ပရိသတ်ကြီးတွေနဲ့အတူလှူဒါန်းခဲ့တဲ့ အလှူငွေဖြစ်တဲ့အတွက်ကြောင့် အားလုံးပဲ ကုသိုလ်တွေအများကြီးရရှိပြီး သာဓုခေါ်နိုင်ကြပါစေ။” ဆိုတဲ့စာလေးကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်

ဖော်ပြထားတာတွေ့ရပါတယ်။ မိစန္ဒီကတော့ အလုပ်တွေကြိုးစားသလို အလှူအတန်းတွေလည်း တတ်နိုင်သလောက်ပါဝင်ကူညီတတ်သူလည်း ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးလည်း သူမရဲ့ အလှူမှတ်တမ်းလေးကို ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။