မရယ္​ရ​တဲ့အရာ​ေတြကုိ ဟာသလို႔ေခါင္းစဥ္တပ္ၿပီး​ေတာ့ အမ်ိဳးသမီးေတြအား ေစာ္ကားဖို႔အားေပးထားတဲ့ ဗီဒီယိုေတြကို ရႈံ႕ခ်တယ္လို႔ ျပတ္သားစြာေျပာလာခဲ့တဲ့ ေမတိုးခိုင္

သ႐ုပ္ေဆာင္နဲ႕ ေမာ္ဒယ္လ္ေမတိုးခိုင္ကေတာ့ ေအးေဆးစြာေနတတ္သူတစ္ေယာက္ျဖစ္ၿပီး သူမ ရဲ႕ ကိုယ္ေရးကိုယ္တာကိစၥေတြနဲ႕ စိတ္ခံစားခ်က္ေတာ္ေတာ္မ်ားမ်ားကို လူမႈကြန္ယက္မွာ ခ်ျပေလ့ မ ရွိသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီကေန႕မွာေတာ့ ေမတိုးခိုင္က လူမႈကြန္ယက္မွာ နာမည္ႀကီးေနတဲ့ ေၾကာ္ျငာဗီဒီယိုနဲ႕ ပက္သတ္ၿပီး သူမရဲ႕ အျမင္ကို ေျပာလာၿပီး ဟာသလို႔ေခါင္းစဥ္ တပ္ ၿပီး အမ်ိဳးသမီးေတြကို ေစာက္ကားဖို႔ အားေပးတဲ့ ဗီဒီယိုေတြကို ရႈံ႕ခ်ပါတယ္လို႔ ျပတ္သားစြာ ေျပာလာတာကို အခုလိုပဲ ေတြ႕ရပါတယ္။

“ဒီနိုင္ငံက – ိင္ခြဲျခားမႈ၊ လူမ်ိဳးေရးခြဲျခားမႈ အစရွိတာေတြကို အေျခခံထားတဲ့ ဟာသေတြကို ျမင္ရတာ စိတ္ကုန္လာၿပီ။ လူတစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္ေလးစားမႈက သူတို႔ဝတ္တဲ့ အဝတ္အစားမ်ိဳးကေန ဘယ္ေတာ့မွ မလာသင့္ဘူ။

လူသိထင္ရွားတဲ့လူေတြအေနနဲ႕ ေကာင္းတဲ့ အမူအက်င့္ေတြကိုသာ လႊမ္းမိုးၿပီး လူေတြကို ပညာေပးသင့္တယ္။ ပရိသတ္ေတြရဲ ဦးေႏွာက္ထဲကို မွားယြင္းတဲ့အသိဉာဏ္ေတြ မထည့္သင့္ဘူး။ ဒီ video ထဲမွာ ရီစရာဆိုတာ တစ္ပိုင္းမွ မရွိ ဘူး။

ကြၽန္မတို႔ မွားယြင္းတဲ့အရာေတြကို ဆန႔္က်င္ဖို႔အခ်ိန္က်ၿပီ။ တစ္ခ်ိန္တည္းမွာပဲ လူေတာ္ ေတာ္ မ်ားမ်ားက အဲ့ဒီဗီဒီယိုကို ေဝဖန္ဆန႔္က်င္ေနၾကတာကို ျမင္ရတာ ဝမ္းသာတယ္။ ဗီဒီယိုကို အားေပးၿပီး ရယ္ေမာေနၾကတာကို ျမင္ရတာ ႐ြံတယ္။ ဒါက အႏုပညာမဟုတ္ဘူး။

ဒါက -ိင္ပိုင္း ဆိုင္ရာ ေႏွာက္ယွက္မႈပဲ။ အမ်ိဳးသမီးေတြအတြက္ လုံၿခဳံၿပီး လုံၿခဳံ တဲ့ လူမႈအသိုင္းအဝိုင္းတစ္ခု ဖန္ တီးနိုင္ဖို႔ ကြၽန္မတို႔အတြက္ အလုပ္ေတြ အမ်ား ႀကီးရွိပါ တယ္။”“ဟာသဟာသ ဆိုၿပီး ခဏခဏေတြ႕ေနရတဲ့ ဒီဗီဒီယိုေတြက ရယ္စရာတစ္စက္မွ မပါတဲ့ အျပင္

အမ်ိဳးသမီးေတြကိုေစာ္ကားဖို႔ အားေပးတဲ့ Video ေတြကိုရႈံ႕ခ်ပါတယ္။ ကြၽန္မတို႔လူ႕အဖြဲ႕အ စည္း တစ္ခုမွာ အမ်ိဳးသမီးတစ္ေယာက္ကို -ိင္ပိုင္းဆိုင္ရာအေႏွာင့္အယွက္ေပးတာက လုပ္ပိုင္ခြင့္ရွိတဲ့ အရာဆိုၿပီးျပလိုက္သလိုပါပဲ။

အႏုပညာရွင္တစ္ေယာက္အေနနဲ႕ ျပည္သူကို ေပးရမဲ့ message ကေတာ့ ေတာ္ေတာ္ကိုလြဲေနပါတယ္။ တစ္စက္မွကိုရယ္စရာေကာင္းမေနပါဘူး။ ဝမ္းနည္းစရာ ေကာင္းပါတယ္။ ႐ြံစရာေကာင္းပါတယ္။ စိတ္တိုဖို႔ေကာင္းလို႔ ကြၽန္မကေတာ့ မ႐ွဲပဲ report လုပ္လိုက္ပါတယ္။

ကြၽန္မတို႔ မိန္းကေလးေတြအတြက္ စိတ္ခ်ရတဲ့ အသိုင္းအဝိုင္းတစ္ခု ျဖစ္ဖို႔ အတြက္ အမ်ားႀကီးလိုပါေသးတယ္။ အဲ့အခ်ိန္တစ္ခုကို ေရာက္ဖို႔လည္းကိုယ့္ဟာကိုယ္ တို က္ၾကရမွာပါ။ ရင္ထဲေတာ့တကယ္မေကာင္းဘူး” ဆိုၿပီး သူမရဲ႕ အျမင္ကို ေျပာလာပါတယ္။

ေမတိုးခိုင္ရဲ႕ အဆိုကို နိုင္ငံေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ယြန္းဝတီလြင္မိုးကလည္း အားေပးေထာက္ခံထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရာ ေမတိုးခိုင္ေျပာတာကို ဘယ္လို ထင္ျမင္ ယူ ဆလဲ ေျပာျပေပးခဲ့ၾကပါဦး။ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

သရုပ်ဆောင်နဲ့ မော်ဒယ်လ်မေတိုးခိုင်ကတော့ အေးဆေးစွာနေတတ်သူတစ်ယောက်ဖြစ်ပြီး သူမ ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ စိတ်ခံစားချက်တော်တော်များများကို လူမှုကွန်ယက်မှာ ချပြလေ့ မ ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့မှာတော့ မေတိုးခိုင်က လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ကြော်ငြာဗီဒီယိုနဲ့ ပက်သတ်ပြီး သူမရဲ့ အမြင်ကို ပြောလာပြီး ဟာသလို့ခေါင်းစဉ် တပ် ပြီး အမျိုးသမီးတွေကို စောက်ကားဖို့ အားပေးတဲ့ ဗီဒီယိုတွေကို ရှုံ့ချပါတယ်လို့ ပြတ်သားစွာ ပြောလာတာကို အခုလိုပဲ တွေ့ရပါတယ်။

“ဒီနိုင်ငံက – ိင်ခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု အစရှိတာတွေကို အခြေခံထားတဲ့ ဟာသတွေကို မြင်ရတာ စိတ်ကုန်လာပြီ။ လူတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုက သူတို့ဝတ်တဲ့ အဝတ်အစားမျိုးကနေ ဘယ်တော့မှ မလာသင့်ဘူ။

လူသိထင်ရှားတဲ့လူတွေအနေနဲ့ ကောင်းတဲ့ အမူအကျင့်တွေကိုသာ လွှမ်းမိုးပြီး လူတွေကို ပညာပေးသင့်တယ်။ ပရိသတ်တွေရဲ ဦးနှောက်ထဲကို မှားယွင်းတဲ့အသိဉာဏ်တွေ မထည့်သင့်ဘူး။ ဒီ video ထဲမှာ ရီစရာဆိုတာ တစ်ပိုင်းမှ မရှိ ဘူး။

ကျွန်မတို့ မှားယွင်းတဲ့အရာတွေကို ဆန့်ကျင်ဖို့အချိန်ကျပြီ။ တစ်ချိန်တည်းမှာပဲ လူတော် တော် များများက အဲ့ဒီဗီဒီယိုကို ဝေဖန်ဆန့်ကျင်နေကြတာကို မြင်ရတာ ဝမ်းသာတယ်။ ဗီဒီယိုကို အားပေးပြီး ရယ်မောနေကြတာကို မြင်ရတာ ရွံတယ်။ ဒါက အနုပညာမဟုတ်ဘူး။

ဒါက -ိင်ပိုင်း ဆိုင်ရာ နှောက်ယှက်မှုပဲ။ အမျိုးသမီးတွေအတွက် လုံခြုံပြီး လုံခြုံ တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖန် တီးနိုင်ဖို့ ကျွန်မတို့အတွက် အလုပ်တွေ အများ ကြီးရှိပါ တယ်။”“ဟာသဟာသ ဆိုပြီး ခဏခဏတွေ့နေရတဲ့ ဒီဗီဒီယိုတွေက ရယ်စရာတစ်စက်မှ မပါတဲ့ အပြင်

အမျိုးသမီးတွေကိုစော်ကားဖို့ အားပေးတဲ့ Video တွေကိုရှုံ့ချပါတယ်။ ကျွန်မတို့လူ့အဖွဲ့အ စည်း တစ်ခုမှာ အမျိုးသမီးတစ်ယောက်ကို -ိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးတာက လုပ်ပိုင်ခွင့်ရှိတဲ့ အရာဆိုပြီးပြလိုက်သလိုပါပဲ။

အနုပညာရှင်တစ်ယောက်အနေနဲ့ ပြည်သူကို ပေးရမဲ့ message ကတော့ တော်တော်ကိုလွဲနေပါတယ်။ တစ်စက်မှကိုရယ်စရာကောင်းမနေပါဘူး။ ဝမ်းနည်းစရာ ကောင်းပါတယ်။ ရွံစရာကောင်းပါတယ်။ စိတ်တိုဖို့ကောင်းလို့ ကျွန်မကတော့ မရှဲပဲ report လုပ်လိုက်ပါတယ်။

ကျွန်မတို့ မိန်းကလေးတွေအတွက် စိတ်ချရတဲ့ အသိုင်းအဝိုင်းတစ်ခု ဖြစ်ဖို့ အတွက် အများကြီးလိုပါသေးတယ်။ အဲ့အချိန်တစ်ခုကို ရောက်ဖို့လည်းကိုယ့်ဟာကိုယ် တို က်ကြရမှာပါ။ ရင်ထဲတော့တကယ်မကောင်းဘူး” ဆိုပြီး သူမရဲ့ အမြင်ကို ပြောလာပါတယ်။

မေတိုးခိုင်ရဲ့ အဆိုကို နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယွန်းဝတီလွင်မိုးကလည်း အားပေးထောက်ခံထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော မေတိုးခိုင်ပြောတာကို ဘယ်လို ထင်မြင် ယူ ဆလဲ ပြောပြပေးခဲ့ကြပါဦး။ခရက်ဒစ်