လုပ္ေဖာ္ကုိင္ဖက္ေတြျဖစ္ၾကေသာ ေမကဗ်ာနဲ႔ ေနမ်ိဳးေအာင္တို႔မွ သူေရာင္းခ်လွ်က္႐ွိေသာ ငါးပါတူးဟင္းကို မွာစားေပးၾကလို႔ အရမ္းေပ်ာ္ေန႐ွာတဲ့ ဘုန္းလွ်ံ
|ဘုန္းလွ်ံကေတာ့ အခ်ဳပ္အေႏွာင္ကေန လြတ္ေျမာက္လာၿပီးေနာက္ပိုင္းမွာ အလႉအတန္းေတြမ်ားစြာကို ခ်စ္ခင္ရင္းႏွီးရတဲ့သူေတြနဲ႔ အတူတူလုပ္ေဆာင္ေနတာျဖစ္ပါတယ္။
အခုလိုကိုဗစ္ကာလမွာဆိုရင္လည္း ဘုန္းလွ်ံက တတ္ႏိုင္သေလာက္ကို အၿမဲလႉဒါန္းေနတာျဖစ္ပါတယ္။ ဘုန္းလွ်ံကနားလည္မႈအျပည့္ရွိၿပီးဂ႐ုစိုက္ေပးတတ္တဲ့
ခ်စ္သူေကာင္းတစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္ေနာ္။ ဘုန္းလွ်ံတို႔ခ်စ္သူႏွစ္ေယာက္က ေအးအတူပူအမွ်နဲ႔ လက္တြဲၾကၿပီး ဘယ္အရာမဆို စိတ္တူကိုယ္တူရွိၾကပါတယ္ေနာ္။
ယခုလိုကိုဗစ္ကာလမွာလည္းဘုန္းလွ်ံတို႔ခ်စ္သူႏွစ္ေယာက္က ထိုင္းအစားအစာျဖစ္တဲ့ “ငါးပါတူး”ကို ေရာင္းေနၾကတာျဖစ္ပါတယ္။ ဘုန္းလွ်ံကို ခ်စ္ခင္အားေပးၾကတဲ့သူေတြကလည္း
သူ႔ရဲ႕လက္ရာကို စားဖူးခ်င္ၾကလို႔ မွာယူစားသုံးၾကပါတယ္ေနာ္။ အခုဆိုရင္လည္း ေနမ်ိဳးေအာင္တို႔ဇနီးေမာင္ႏွံနဲ႔ေမကဗ်ာတို႔က ဘုန္းလွ်ံဆီကေန “ငါးပါတူး”ကို မွာယူအားေပးၾကတာျဖစ္ပါတယ္။
မင္းသားခ်ာေဘုန္းလွ်ံကလည္း”ေက်းဇူးတင္ပါတယ္ ကိုေနမ်ိဳးေအာင္နဲ႔ေမကဗ်ာေရ ငါးပါတူးမွာစားေပးတဲ့အတြက္.”ဆိုၿပီး ေက်းဇူးတင္စကားဆိုထားတာျဖစ္ပါတယ္။
ေနမ်ိဳးေအာင္နဲ႔ေမကဗ်ာတို႔အိမ္ကိုအေရာက္သြားၿပီး ဘုန္းလွ်ံက အစားအေသာက္ပို႔ေပးကာ အမွတ္တရဓာတ္ပုံေလးလည္း အတူတူ႐ိုက္လာတာျဖစ္လို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။ ခရက္ဒစ္
ယူနီကုဒ္ျဖင့္ ဖတ္ရန္
ဘုန်းလျှံကတော့ အချုပ်အနှောင်ကနေ လွတ်မြောက်လာပြီးနောက်ပိုင်းမှာ အလှူအတန်းတွေများစွာကို ချစ်ခင်ရင်းနှီးရတဲ့သူတွေနဲ့ အတူတူလုပ်ဆောင်နေတာဖြစ်ပါတယ်။
အခုလိုကိုဗစ်ကာလမှာဆိုရင်လည်း ဘုန်းလျှံက တတ်နိုင်သလောက်ကို အမြဲလှူဒါန်းနေတာဖြစ်ပါတယ်။ ဘုန်းလျှံကနားလည်မှုအပြည့်ရှိပြီးဂရုစိုက်ပေးတတ်တဲ့
ချစ်သူကောင်းတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်နော်။ ဘုန်းလျှံတို့ချစ်သူနှစ်ယောက်က အေးအတူပူအမျှနဲ့ လက်တွဲကြပြီး ဘယ်အရာမဆို စိတ်တူကိုယ်တူရှိကြပါတယ်နော်။
ယခုလိုကိုဗစ်ကာလမှာလည်းဘုန်းလျှံတို့ချစ်သူနှစ်ယောက်က ထိုင်းအစားအစာဖြစ်တဲ့ “ငါးပါတူး”ကို ရောင်းနေကြတာဖြစ်ပါတယ်။ ဘုန်းလျှံကို ချစ်ခင်အားပေးကြတဲ့သူတွေကလည်း
သူ့ရဲ့လက်ရာကို စားဖူးချင်ကြလို့ မှာယူစားသုံးကြပါတယ်နော်။ အခုဆိုရင်လည်း နေမျိုးအောင်တို့ဇနီးမောင်နှံနဲ့မေကဗျာတို့က ဘုန်းလျှံဆီကနေ “ငါးပါတူး”ကို မှာယူအားပေးကြတာဖြစ်ပါတယ်။
မင်းသားချာဘေုန်းလျှံကလည်း”ကျေးဇူးတင်ပါတယ် ကိုနေမျိုးအောင်နဲ့မေကဗျာရေ ငါးပါတူးမှာစားပေးတဲ့အတွက်.”ဆိုပြီး ကျေးဇူးတင်စကားဆိုထားတာဖြစ်ပါတယ်။
နေမျိုးအောင်နဲ့မေကဗျာတို့အိမ်ကိုအရောက်သွားပြီး ဘုန်းလျှံက အစားအသောက်ပို့ပေးကာ အမှတ်တရဓာတ်ပုံလေးလည်း အတူတူရိုက်လာတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ခရက်ဒစ်